ဖုန္းကို ေခါင္းအုံးေအာက္ ဘာေၾကာင့္ ထားမအိပ္ သင့္တာလဲ…

ဖုန္းကို ေခါင္းအုံးေအာက္ ဘာေၾကာင့္ ထားမအိပ္ သင့္တာလဲ…

ခုေခတ္ဟာ စမတ္ဖုန္းေတြရဲ႕ ေခတ္ပါပဲ။ လူတိုင္းဟာ သူတို႔ လက္ထဲမွာ ဖုန္းမျပတ္ ကိုင္ေန၊ ပြတ္ေနတဲ့ ေခတ္ကို ေရာက္ေနေတာ့တာပါပဲ။ ဘယ္သြားသြား၊ ဘာလုပ္လုပ္ စမတ္ဖုန္းကေတာ့ အၿမဲတမ္း ကိုယ္နဲ႔မကြာ ႐ွိေနေတာ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီနည္းပညာမွာလည္း မေကာင္းတာေတြ ႐ွိလို႔ေနပါတယ္။ ဥပမာ အေနနဲ႔ေတာ့ တစ္ခ်ိဳ႕ေသာ လူေတြဟာ တစ္ေန႔ကို selfie ဓာတ္ပုံ ရာေပါင္းမ်ားစြာ ႐ိုက္တတ္တဲ့ အက်င့္ စြဲကုန္ ၾကပါတယ္။ ဒါဟာ စိတ္က်န္းမာေရး ေရာဂါအျဖစ္ အေမရိကန္စိတ္ပညာ႐ွင္အသင္းက မွတ္ခ်က္ျပဳထားပါတယ္ …။

ဖုန္းကို သိပ္ စြဲေနၾကတာေၾကာင့္လည္း လူမႈဆက္ဆံေရးမွာ သက္ေရာက္မႈေတြ ႐ွိကုန္ပါတယ္။ ေကာ္ဖီဆိုင္မွာ ဒါမွမဟုတ္ အျမန္စာစားေသာက္ဆိုင္မွာ ခ်ိန္းေတြ႕ၾကတဲ့ စုံတြဲေတာ္ေတာ္မ်ားမ်ားကို ေတြ႕ႏိုင္ပါတယ္။ သူတို႔ဟာ ကိုယ္ဖုန္းကိုယ္ပြတ္ရင္း ကိုယ္ပိုင္အင္ပါယာမွာပဲ ေနေနေတာ့တာပါ။ ခ်ိန္းေတြ႕ခ်ိန္ရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ ဖုန္းစကၠရင္မွာပဲ ကုန္ဆုံးေတာ့တာပါ။ မ်က္ႏွာခ်င္းဆိုင္ ဆက္ဆံေရးက ပါးလ် သြားပါေတာ့တယ္ …..။

ဘယ္ေလာက္ေတာင္ ဖုန္းက လႊမ္းမိုးသြားၿပီလည္းဆိုရင္ အိပ္ရာဝင္ရင္ေတာင္ ဖုန္းက ေဘးမွာပါ။ ဒါမွပဲ အလြယ္တကူ ယူလို႔ရမွာပါ။ ဒါေပမယ့္ ဒီလို အိပ္ရာထဲထိ ဖုန္းကို ယူတာအတြက္ သတိေပးစရာေတာ့ ႐ွိေနပါတယ္ေနာ္ …။

ဒါကေတာ့ မၾကာေသးခင္က NYPD 33rd Precinct ရဲဌာနက ထုတ္ျပန္လိုက္တဲ့ ဓာတ္ပုံေတြကို ျမင္ေတြ႕မယ္ဆိုရင္ ဖုန္းနဲ႔ အတူအိပ္တာဟာ အႏၲရာယ္႐ွိတာကို သတိထားႏိုင္ၾကမွာပါ။ ဒီ ဓာတ္ပုံေတြမွာ အိပ္ရာေပၚ ေပါက္ကြဲေနတဲ့ ဖုန္းကို ျမင္ရၿပီး “အိပ္တဲ့အခါျဖစ္ေစ၊ ဖုန္းအားသြင္းတဲ့အခါ ျဖစ္ေစ ေခါင္းအုံးေအာက္ ဖုန္းကို မထားပါနဲ႔။ ဒီ ပုံကို ေက်းဇူးျပဳလို႔ ႐ွယ္ၿပီး ေဘးကင္းၾကပါေစ…”လို႔ ရဲဌာနက သတိေပးထားပါတယ္ …..။

ရဲဌာနက ဘယ္ေနရာမွာ ဘယ္အခ်ိန္က ျဖစ္တယ္ဆိုတာ မေဖာ္ျပထားေပမယ့္ Gothamist သတင္းဌာနက ခုလို ျဖစ္ရပ္မ်ိဳး ၾကဳံတဲ့ ဆယ္ေက်ာ္သက္မိန္းကေလးရဲ႕ အျဖစ္အပ်က္ကို ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္ …။

တကၠဆက္ျပည္နယ္က ဒီ ဆယ္ေက်ာ္သက္မိန္းကေလးဟာလည္း ေခါင္းအုံးေအာက္မွာ ဖုန္းထားအိပ္ရာက ေပါက္ကြဲမီးေလာင္မႈ ျဖစ္ခဲ့တာကို ၾကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္ …။

“သင့္ ဆဲလ္ဖုန္းက သင့္ ေဘးကင္းေရးကို ထိခိုက္ေစတာမ်ိဳးကို ဘယ္ေတာ့မွ မျဖစ္ပါေစနဲ႔…ေန႔စဥ္ေန႔တိုင္းမွာ အသုံးက်က် အသုံးျပဳစရာ ပစၥည္းအျဖစ္သာ သုံးစြဲပါ…”လို႔ ရဲဌာနက သတိေပးခဲ့ပါတယ္ …။ ။

Rf; Elite Reader

Writer-ေမာင္သံဆင့္ (YGN Times)

Unicode

ဖုန်းကို ခေါင်းအုံးအောက် ဘာကြောင့် ထားမအိပ် သင့်တာလဲ…

ခုခေတ်ဟာ စမတ်ဖုန်းတွေရဲ့ ခေတ်ပါပဲ။ လူတိုင်းဟာ သူတို့ လက်ထဲမှာ ဖုန်းမပြတ် ကိုင်နေ၊ ပွတ်နေတဲ့ ခေတ်ကို ရောက်နေတော့တာပါပဲ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် စမတ်ဖုန်းကတော့ အမြဲတမ်း ကိုယ်နဲ့မကွာ ရှိနေတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာမှာလည်း မကောင်းတာတွေ ရှိလို့နေပါတယ်။ ဥပမာ အနေနဲ့တော့ တစ်ချို့သော လူတွေဟာ တစ်နေ့ကို selfie ဓာတ်ပုံ ရာပေါင်းများစွာ ရိုက်တတ်တဲ့ အကျင့် စွဲကုန် ကြပါတယ်။ ဒါဟာ စိတ်ကျန်းမာရေး ရောဂါအဖြစ် အမေရိကန်စိတ်ပညာရှင်အသင်းက မှတ်ချက်ပြုထားပါတယ် …။

ဖုန်းကို သိပ် စွဲနေကြတာကြောင့်လည်း လူမှုဆက်ဆံရေးမှာ သက်ရောက်မှုတွေ ရှိကုန်ပါတယ်။ ကော်ဖီဆိုင်မှာ ဒါမှမဟုတ် အမြန်စာစားသောက်ဆိုင်မှာ ချိန်းတွေ့ကြတဲ့ စုံတွဲတော်တော်များများကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ကိုယ်ဖုန်းကိုယ်ပွတ်ရင်း ကိုယ်ပိုင်အင်ပါယာမှာပဲ နေနေတော့တာပါ။ ချိန်းတွေ့ချိန်ရဲ့ အချိန်တော်တော်များများဟာ ဖုန်းစက္ကရင်မှာပဲ ကုန်ဆုံးတော့တာပါ။ မျက်နှာချင်းဆိုင် ဆက်ဆံရေးက ပါးလျ သွားပါတော့တယ် …။

ဘယ်လောက်တောင် ဖုန်းက လွှမ်းမိုးသွားပြီလည်းဆိုရင် အိပ်ရာဝင်ရင်တောင် ဖုန်းက ဘေးမှာပါ။ ဒါမှပဲ အလွယ်တကူ ယူလို့ရမှာပါ။ ဒါပေမယ့် ဒီလို အိပ်ရာထဲထိ ဖုန်းကို ယူတာအတွက် သတိပေးစရာတော့ ရှိနေပါတယ်နော် …။

ဒါကတော့ မကြာသေးခင်က NYPD 33rd Precinct ရဲဌာနက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေကို မြင်တွေ့မယ်ဆိုရင် ဖုန်းနဲ့ အတူအိပ်တာဟာ အန္တရာယ်ရှိတာကို သတိထားနိုင်ကြမှာပါ။ ဒီ ဓာတ်ပုံတွေမှာ အိပ်ရာပေါ် ပေါက်ကွဲနေတဲ့ ဖုန်းကို မြင်ရပြီး “အိပ်တဲ့အခါဖြစ်စေ၊ ဖုန်းအားသွင်းတဲ့အခါ ဖြစ်စေ ခေါင်းအုံးအောက် ဖုန်းကို မထားပါနဲ့။ ဒီ ပုံကို ကျေးဇူးပြုလို့ ရှယ်ပြီး ဘေးကင်းကြပါစေ…”လို့ ရဲဌာနက သတိပေးထားပါတယ် …။

ရဲဌာနက ဘယ်နေရာမှာ ဘယ်အချိန်က ဖြစ်တယ်ဆိုတာ မဖော်ပြထားပေမယ့် Gothamist သတင်းဌာနက ခုလို ဖြစ်ရပ်မျိုး ကြုံတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ အဖြစ်အပျက်ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် …။

တက္ကဆက်ပြည်နယ်က ဒီ ဆယ်ကျော်သက်မိန်းကလေးဟာလည်း ခေါင်းအုံးအောက်မှာ ဖုန်းထားအိပ်ရာက ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တာကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ် …။

“သင့် ဆဲလ်ဖုန်းက သင့် ဘေးကင်းရေးကို ထိခိုက်စေတာမျိုးကို ဘယ်တော့မှ မဖြစ်ပါစေနဲ့…နေ့စဉ်နေ့တိုင်းမှာ အသုံးကျကျ အသုံးပြုစရာ ပစ္စည်းအဖြစ်သာ သုံးစွဲပါ…”လို့ ရဲဌာနက သတိပေးခဲ့ပါတယ် …။ ။

Rf; Elite Reader

Writer-မောင်သံဆင့် (YGN Times)