လေးစားလျှတ် – Em Em
Unicode
လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူး (၇) ချက်…
လူဆိုတာ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်း နဲ့ နေထိုင် ကြရတာ ဖြစ်တာကြောင့် ပတ်ဝန်းကျင် ကို လုံးဝမှုမထား လို့တော့ မရပါဘူး ။ ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်သလောက်တော့ ဂရုစိုက်ရမယ် ဆိုပေမယ့် လွန်ကဲစွာ ဂရုစိုက်ခြင်း ကလည်း မကောင်းပါဘူး …။
အခု ဖော်ပြပေးမှာ ကတော့ လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ ၊ ဂရုစိုက်မှုကို လျှော့ချလိုက်တဲ့ အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်နော် …။
( 1 ) လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ သင့်ရဲ့ ကြောက်ရွံ့ ပူပန်မှုတွေ အများကြီး လျော့ပါးသက်သာ သွားမှာ ဖြစ်ပါတယ် ။ လုပ်ချင်တဲ့ အရာကို ရဲရဲဝံ့ဝံ့ လုပ်နိုင်သွားပြီး ပေါ့ပါး သွားမှာပဲ ဖြစ်ပါတယ် …။
( 2 ) ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အများကြီး တိုးလာ ပါလိမ့်မယ် ။ အရင်က တွေးကြောက်ပြီး မလုပ်ရဲတဲ့ အရာတွေ အားလုံးကို ကောင်းမွန်စွာ လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ် …။
( 3 ) လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့ အခါ သင့်ရဲ့ စိတ်ဖိစီးမှု တွေ အများကြီး လျော့ပါး သွားမှာပါ ။ လူတွေရဲ့ အထင်အမြင် ၊ ဝေဖန်မှု တွေကိုလည်း လျစ်လျှူရှုနိုင် သွားမှာ ဖြစ်တဲ့ အတွက် အေးချမ်း နေရမှာ ဖြစ်ပါတယ် …။
( 4 ) လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့ အခါမှာ သင်အရမး် လွတ်လပ် သွားမှာပါ ။ အရင်တုန်းက သင့်ဘဝမှာ အရမ်း လုပ်ချင်ခဲ့ ပေမယ့် မလုပ်ရဲခဲ့တဲ့ အရာတွေ၊ အကောင်အထည် မဖော်ရဲခဲ့တဲ့ စိတ်ကူး အိပ်မက်တွေကိုလည်း အကောင်အထည် ဖော်နိုင် သွားမှာပဲ ဖြစ်ပါတယ် …။
( 5 ) လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့ အခါ သင့်ရဲ့ ရွေးချယ်မှုတွေ အတွက် နောင်တတွေ လျော့နည်း သွားမှာ ဖြစ်ပါတယ် …။
ကိုယ်ရွေးချယ် လိုက်တဲ့ အရာတစ်ခုဟာ တစ်ခုခု ချွတ်ချော်သွားတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကို အပြစ်တင် တာတွေ နည်းသွား မှာပဲ ဖြစ်ပါတယ် …။
( 6 ) လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့ အခါ အရမး် ကို ပေါ့ပါး သွားမှာပါ ။ သွားချင်တဲ့ နေရာသွား၊ လုပ်ချင်တာလုပ် ၊ ကိုယ့်လိပ်ပြာကိုယ် အမြဲလုံ နေမှာပါနော် …။
ကိုယ်လုပ်တာ ကောင်းလား၊ ဆိုးလား ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တာကြောင့် သူတစ်ပါးရဲ့ အမြင်က သင့်အတွက် အရေးမကြီးတော့ ပါဘူး …။
( 7 ) အရင်ကထက် အများကြီး ပိုပြီး ပျော်ရွှင်လာမှာ ဖြစ်ပါတယ် ။ သင့်ဘဝရဲ့ အကြီးမားဆုံးလွတ်လပ်မှု၊ ပျော်ရွှင်မှုတွေဟာ လူတွေကို ဂရုမစိုက်တော့တဲ့ အချိန်ကနေ စပြီး သင့် ဆီကို ရောက်လာ မှာပဲ ဖြစ်ပါ တယ် နော် …။
လေးစားလျှတ် – Em Em