သေဇမ်း…..🙄
Unicode
(၂၃) နှစ်ပဲရှိသေးတဲ့ သမီးလေးကိုယ်ဝန်ရှိနေလို့ ကောင်လေးကို ဖုန်းဆက်ခေါ်ခိုင်းလိုက်တဲ့အခါ…
သမီးလေးက အသက်မှ ၂၃ နှစ်ရှိသေးပေမယ့် ကိုယ်ဝန်ရလာတယ်။ အမေလုပ်သူ ဒေါသအကြီးကြီး ထွက်ရပြီ …။
“ကောင်မ…အဲ့ဒါ ဘယ်နွားလက်ချက်လဲ…အခုဖုန်းဆက်စမ်း အဲ့ကောင်ကို”
ကောင်မလေး ဖုန်းဆက်တယ် …။
နာရီဝက်လောက်ကြာတော့ သူတို့အိမ်ရှေ့ကို Rolls-Royce တစ်စီး ဆိုက်လာတယ် …။
သားသားနားနား ဝတ်စားထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်ကားပေါ်က ဆင်းလာတယ်။ သူ ပြောတယ် …။
“မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားတာစိတ်မကောင်းပါဘူး…
ဒါပေမယ့် ကျနော် သူ့ကို လက်ထပ်ဖို့လည်း မဖြစ်နိုင်ဘူး…
အဲ့ဒါကြောင့် သူ သမီးလေးမွေးခဲ့ရင် ကုန်တိုက်ကြီး ၂ ခု၊ ဥယဉ်အိမ်ရာ၂ ခုနဲ့ ဒေါ်လာ ၂ သန်း ပေးပါ့မယ်…
သားလေးမွေးရင်တော့ စက်ရုံ ၂ ရုံနဲ့ ဒေါ်လာ ၅ သန်း ပေးပါ့မယ် …။
ဒီလို ကျနော် တွေးထားပါတယ် …။
တကယ်လို့ …… ကလေး ပျက်ကျသွားရင်တော့ ဘာလုပ်ပေးသင့်သလဲ ဆိုတာ ကျနော်မသိသေးဘူး …
ဘာလုပ်သင့်လဲဆိုတာ ငါ့ညီမကြီး ပြောကြည့်လေ”
အမေလုပ်သူက …..ကမန်းကတန်း ပြန်ဖြေပါတယ် …။
“မတော်လို့ ကိုယ်ဝန်ပျက်ကျသွားရင်လည်း…
နောက်တစ်ကြိမ် …..ထပ်ကြိုးစားပေးပါလားဟင်”တဲ့ 🙄
သေဇမ်း…..🙄
ဒုတိယဘုရားသခင်က ငွေ တဲ့လား …၊
Credit – original writer and Uploader