တစျပတျစာခုနှစျရကျသားသမီးကံကွမ်မာဟောကိနျး (17-8-2020 to 23-8-2020)

တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (17-8-2020 to 23-8-2020)

တနင်္ဂနွေသားသမီး

ထူးခြားသော အိပ်မက်ကောင်းများ မြင်မက်ပါလိမ့်မည် ပုဂ္ဂိုလ်ထူးများနှင့်လည်း အပြင်တွင်ကြုံတွေ့ရပါလိမ့်မည် တန်ဖိုးရှိသောပစ္စည်းများတန်ဖိုးမဖြတ်နိူင်သော လမ်းညွှန်စကားများလည်းကြားရပါလိမ့်မည်

မိမိရဲ့အနစ်နာခံကြိုးစားမူများအတွက် ကံကောင်းမူရလာဒ်ကောင်းများ ရရှိပါလိမ့်မည် ကျန်းမာရေးတွင်ခါးနာခြင်းခါးအောင့်ခြင်းခံစားရပါမည် ငယ်ရွယ်သူများအချစ်ရေးတွင် မပွင့်မလင်းအုံပုန်းအချစ်ဖြင့်သာ ကျေနပ်နေသေးသည့်ကာလပါ

ထီ၃၉ပါသောထီထိုးပါ ယတြာ ဂြိုလ်၈ခွင်လုံးတွင် ထီးဖြူတစ်လက်နှင့်အောင်သပြေ၉ညွှန့်စီလှူ ပေးပါ

တနင်္လာသားသမီး

မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေထက် သူတစ်ပါးကိစ္စတွေအတွက် လိုက်ပါအကူအညီပေးရင်း အချိန်တွေတော်တော်များများ

ပေးနေရပါလိမ့်မည် နေအိမ်တွင်အလှုအတန်းပြုရမည် အနက်ရောင်အသုံးအဆောင်တွေ အကျိူးမပေးတဲ့ကာလပါ

အာရုံကြောအားနည်းမည် ငယ်ရွယ်သူများ အချစ်ရေးတွင် မထင်မှတ်ဘဲ ခိုးရာလိုက်ပြေးရတတ်ပါသည်

ထီ၇၃ပါသောထီထိုးပါ ယတြာ ခေါင်းလောင်း၉ချက်တီး၍လိုရာဆုတောင်းပါ

အင်္ဂါသားသမီး

အပြိုင်အဆိုင်လုပ်ရသည့်လုပ်ငန်းများအထူးကြိုးစားအောင်မြင်မည် မိမိရဲ့ကိုယ်ပိုင်အစွမ်းအစကိုဖော်ထုတ်ခွင့်ရမည့်ကာလပါ အိမ်အနီးအနားတွင်အလှူ အတန်းမင်္ဂလာအကြီးအကျယ်ပြုလုပ်လိမ့်မည်

ထိုသို့ပြုပြီးပါကမိမိအိမ်တွင်စီးပွားဥစ္စာစတင်တိုးလာပါလိမ့်မည် သင်တန်းကိစ္စပညာရေးကိစ္စများအထူးကောင်းမွန်ပြီးအတတ်ပညာအသစ်များကိုလေ့လာဆည်းပူးရပါလိမ့်မည်

ငယ်ရွယ်သူများအချစ်ရေးတွင်ကားစီးရင်းဖူးစာဘက်တွေ့ပါမည် ကျန်းမာရေးဇက်ကြောများလေးလံတောင့်တင်းနေလိမ့်မည်

ထီ၇၃ပါသောထီထိုးပါ ယတြာ လက်ကိုင်ပုဝါထဲတွင်သွပ်ပြားလေးကိုအသည်းပုံညှပ်၍ထည့်ပြီးထုပ်ပါ သွားလေရာဆောင်ပါ

ဗုဒ္ဓဟူးသားသမီး

အနုပညာလုပ်ငန်းလုပ်သူများ အထူးအောင်မြင်မူရမည့်ကာလပါ လုပ်ငန်းအဆက်အသွယ်အချိတ်အဆက်များရရှိမည့်ကာလပါ အမူထမ်းဝန်ထမ်းများလုပ်ငန်းတွင် အစစအရာရာကတ်သီးကတ်သက်နိူင်သော အထက်လူကြီးကြောင့်

အလုပ်တွင်စိတ်ညစ်ပြီး အလုပ်ထွက်ချင်စိတ်များဖြစ်နေလိမ့်မည် ကျန်းမာရေးတွင် အအေးမိဖျားနာဖြစ်တတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် ဈေးဝယ်ရင်းမိမိစိတ်ဝင်စားရမည့်သူနှင့်တွေ့ဆုံရပါလိမ့်မည်

ထီ၇၅ပါသောထီထိုးပါ ယတြာ တနင်္ဂနွေထောင့်နှင့်စနေထောင့်တွင် ယပ်တစ်ချောင်းစီလှုပေးပါ

ကြာသာပတေးသားသမီး

အရေးကြီးကိစ္စများအတွက် စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည် အထက်လူကြီးများထံမှလည်း အကူအညီကောင်းများရရှိပါလိမ့်မည် စုပေါင်းစပ်ပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများအကျိူးအမြတ်ကြီးကြီးမားမားရရှိပါမည်

ဆွေမျိူးညီအစ်ကိုမောင်နှမကျန်းမာရေးအတွက် ငွေကုန်များတတ်သလို ဆေးရုံဆေးခန်းရောက်ရှိတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ဖွင့်ပြောရန်အတွက်ကိုပင်မဝံ့မရဲဖြစ်နေလိမ့်မည်

ထီ၇၉ပါသောထီထိုးပါ ယတြာ ပန်းရောင်အင်္ကျီဝတ်ဆင်၍တနင်္ဂနွေထောင့်တွင်နှင်းဆီပန်းသုံးပွင့်လှူ ဒါန်းပါလေ

သောကြာသားသမီး

မိမိနှင့်စိတ်ချင်းသဟဇာတမဖြစ်သူများနှင့် လုပ်ငန်းအတူတူတွဲလုပ်နေရတတ်ပါသည် စိတ်တိုစရာဒေါသထွက်စရာကိစ္စတွေမကြာခဏကြုံနေရပါလိမ့်မည်

ငွေကြေးကံတော့အထူးကောင်းနေတတ်ပြီး ငွေအစုအပုံဝင်လာပါလိမ့်မည် ဆုမဲတွေပေါက်တတ်သလို ထီကံလည်းကောင်းနေတဲ့ကာလပါ

ကျန်းမာရေးတွင်ကိုယ်လက်လေးလံနေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင် မိမိချိန်တာကတစ်ယောက် မိမိကိုပြန်ကြိုက်နေတာကတစ်ယောက်ဖြစ်နေတတ်ပါသည်

ထီ၇၅ပါသောထီထိုးပါ ယတြာ သောကြာထောင့်တွင်သံပုရာသီး၆လုံးလှူ ၍လိုရာဆုတောင်းပါ

စနေသားသမီး

ကျန်းမာရေးမကြာခဏချူချာနေတတ်တဲ့ကာလပါ အနက်ရောင်အသုံးအဆောင်အဝတ်အစားတွေရှောင်ပေးပါ အစိမ်းရောင်အသုံးအဆောင် အဝတ်အစားတွေ အကျိူးပေးပါတယ်

ခရီးတိုလေးတွေလည်း မကြာခဏထွက်ရတတ်ပါတယ် ငယ်ရွယ်သူများအချစ်ရေးတွင် ပြတ်ပြတ်သားသားဖွင့်ပြောရဲဖို့လိုသောကာလပါ အချိန်ဆွဲပါကတစ်ပါးသူနောက်ပါသွားပါလိမ့်မည်

ထီ၇၇ ပါသောထီထိုးပါ ယတြာ ငါးစာမကြာခဏကျွေးပေးပါ

ကျော်ဘိုဘိုဟိန်း

Zawgyi


တနင်္ဂနွေသားသမီး

ထူးခြားသော အိပ်မက်ကောင်းများ မြင်မက်ပါလိမ့်မည် ပုဂ္ဂိုလ်ထူးများနှင့်လည်း အပြင်တွင်ကြုံတွေ့ရပါလိမ့်မည် တန်ဖိုးရှိသောပစ္စည်းများတန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်စကားများလည်းကြားရပါလိမ့်မည်



တနင်္လာသားသမီး

မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေထက် သူတစ်ပါးကိစ္စတွေအတွက် လိုက်ပါအကူအညီပေးရင်း အချိန်တွေတော်တော်များများ ပေးနေရပါလိမ့်မည် နေအိမ်တွင်အလှုအတန်းပြုရမည် အနက်ရောင်အသုံးအဆောင်တွေ အကျိုးမပေးတဲ့ကာလပါ



အင်္ဂါသားသမီး





ဗုဒ္ဓဟူးသားသမီး

အနုပညာလုပ်ငန်းလုပ်သူများ အထူးအောင်မြင်မူရမည့်ကာလပါ လုပ်ငန်းအဆက်အသွယ်အချိတ်အဆက်များရရှိမည့်ကာလပါ အမူထမ်းဝန်ထမ်းများလုပ်ငန်းတွင် အစစအရာရာကတ်သီးကတ်သက်နိုင်သော အထက်လူကြီးကြောင့်



ကြာသာပတေးသားသမီး

အရေးကြီးကိစ္စများအတွက် စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည် အထက်လူကြီးများထံမှလည်း အကူအညီကောင်းများရရှိပါလိမ့်မည် စုပေါင်းစပ်ပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများအကျိုးအမြတ်ကြီးကြီးမားမားရရှိပါမည်

ဆွေမျိုးညီအစ်ကိုမောင်နှမကျန်းမာရေးအတွက် ငွေကုန်များတတ်သလို ဆေးရုံဆေးခန်းရောက်ရှိတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ဖွင့်ပြောရန်အတွက်ကိုပင်မဝံ့မရဲဖြစ်နေလိမ့်မည်


သောကြာသားသမီး





စနေသားသမီး

ကျန်းမာရေးမကြာခဏချူချာနေတတ်တဲ့ကာလပါ အနက်ရောင်အသုံးအဆောင်အဝတ်အစားတွေရှောင်ပေးပါ အစိမ်းရောင်အသုံးအဆောင် အဝတ်အစားတွေ အကျိုးပေးပါတယ်



#ကျော်ဘိုဘိုဟိန်း