ခ်ဳပ္ခ်ယ္ခံရလြန္းတဲ့ သားသမီးေတြမွာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္ေတြ

ခ်ဳပ္ခ်ယ္ခံရလြန္းတဲ့ သားသမီးေတြမွာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္ေတြ

လြတ္လပ္စြာ ႀကီးျပင္းလာရသူေတြနဲ႔ ခ်ဳပ္ခ်ယ္မႈေအာက္မွာ ႀကီးျပင္းလာရတဲ့ သားသမီးေတြဟာ လံုးဝ မတူညီၾကပါဘူး။ ဘဝမွာ လြတ္လပ္ခြင့္ေတြ ဆံုး႐ံႈးၿပီး၊ ခ်ဳပ္ခ်ဳပ္ခ်ယ္ခ်ယ္ ေနလာရတဲ့ သူေတြဆီမွာ ဒီလုိအခ်က္ေတြကို ေတြ႔ရတတ္ပါတယ္။

(1) မပြင့္လင္းဘူး

တစ္္ခ်ိန္လံုး မိဖ၊ အႀကီးေတြရဲ႕ ခ်ဳပ္ခ်ယ္မႈေအာက္မွာ ေနလာရတဲ့ သူေတြဟာ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း မေျပာတတ္ၾကပါဘူး။

ဘာေၾကာင့္လဲဆုိေတာ့ ငယ္စဥ္ကတည္းက သူတု႔ိရဲ႕ စိတ္ခံစားမႈထက္ မိဖေတြရဲ႕ စိတ္္ခံစားမႈေနာက္ကို လိုက္လာရၿပီး တားျမစ္တာေတြ မ်ားစြာခံလာရတဲ့အတြက္ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာဖုိ႔ ေၾကာက္တတ္လာၾကပါတယ္။

ဒီလုိ ေၾကာက္ရတဲ့ အေနအထားကေန ခံစားခ်က္ေတြကို ျမိဳသိပ္ဖံုးအုပ္လုိက္္တတ္ၾကပါတယ္။

(2) အရမ္းေၾကာက္တတ္တယ္

တစ္ခုခုဆို အိမ္ကို ေၾကာက္ရတာနဲ႔၊ မိဖေတြ ဒါမွမဟုတ္ အိမ္က တစ္ေယာက္ေယာက္ကို အျမဲေၾကာက္ေနရတဲ့ သူေတြျဖစ္လုိ႔ အရာရာမွ သတိၱဆုိတာ ေလ်ာ့နည္းလာတတ္ၾကပါတယ္။

အေျပာင္းအလဲေလး တစ္ခုခု ႀကံဳရ႐ံုနဲ႔ အရမ္းကို ေၾကာက္ၿပီး ဘာလုပ္လုိ႔ ဘာကိုင္ရမွန္းမသိ ျဖစ္ေနတတ္ပါတယ္။ ဒါဟာ ခ်ဳပ္ခ်ယ္မႈေတြရဲ႕ အက်ိဳးဆက္ေတြပါ။

(3) လုပ္ေဆာင္ႏုိင္စြမ္းေတြ ေလ်ာ့က်လာတယ္

လြတ္လပ္ခြင့္ေတြ ဆံုး႐ံႈးေနရတဲ့ ကေလးတစ္ေယာက္ဟာ သူစိတ္ဝင္စားတဲ့ အရာေရာ၊ သူစိတ္မဝင္စားတဲ့ အရာေတြကိုပါ လုပ္ရမယ္ဆုိတဲဲ့ အမိန္႔ေၾကာင့္ လုပ္ေနရတဲ့အခါ သူတုိ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြဟာ ေလ်ာ့က်လာတတ္ပါတယ္။

ဘယ္သူကမွ ကိုယ္မလုပ္ခ်င္တဲ့ အရာတစ္ခုမွာ မထူးခၽြတ္တတ္တာ သဘာဝပါ။ ဒါကိုမွ အတင္းလုပ္ခုိင္းေနရင္ေတာ့ လူရဲ႕ ကန္႔သတ္ထားတဲ့ စြမ္းရည္ေတြဟာ ထုိးက်ၿပီး လုပ္ႏုိင္တာေတြေရာ၊ မလုပ္ႏုိင္တာေတြပါ အားလံုး ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္။

(4) ျပန္္မေျပာ နားမေထာင္ ဆုိးေပလာတတ္တယ္

အရမ္းႀကီး ထိန္းခ်ဳပ္ခံရတဲ့ ကေလးတစ္ေယာက္ဟာ သူမခံႏုိင္တဲ့ အဆံုးမွာ ထြက္ေပါက္ကို အတင္း႐ွာေဖြလာတတ္ပါတယ္။ ဒ

ီလုိအေျခအေနမ်ိဳးက ကေလးတစ္ေယာက္ကို အရမ္းကို ဆုိးဝါးတဲ့ လမ္းေတြကို လုိက္ဖုိ႔ တြန္းအားေပးေနသလုိပါပဲ။ ဆုိးေပရတဲ့ အရသာကို ခံစားဖူးသြားတဲ့အခါမွာေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တတ္တဲ့ ကိုယ္ထင္ရာလုပ္တတ္တဲ့ သူတစ္ေယာက္ျဖစ္လာတတ္ပါတယ္။

Khin

Unicode

ချုပ်ချယ်ခံရလွန်းတဲ့ သားသမီးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေ

လွတ်လပ်စွာ ကြီးပြင်းလာရသူတွေနဲ့ ချုပ်ချယ်မှုအောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ လုံးဝ မတူညီကြပါဘူး။ ဘဝမှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီး၊ ချုပ်ချုပ်ချယ်ချယ် နေလာရတဲ့ သူတွေဆီမှာ ဒီလိုအချက်တွေကို တွေ့ရတတ်ပါတယ်။

(1) မပွင့်လင်းဘူး

တစ်ချိန်လုံး မိဖ၊ အကြီးတွေရဲ့ ချုပ်ချယ်မှုအောက်မှာ နေလာရတဲ့ သူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း မပြောတတ်ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ ငယ်စဉ်ကတည်းက သူတို့ရဲ့ စိတ်ခံစားမှုထက် မိဖတွေရဲ့ စိတ်ခံစားမှုနောက်ကို လိုက်လာရပြီး တားမြစ်တာတွေ များစွာခံလာရတဲ့အတွက် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ကြောက်တတ်လာကြပါတယ်။

ဒီလို ကြောက်ရတဲ့ အနေအထားကနေ ခံစားချက်တွေကို မြိုသိပ်ဖုံးအုပ်လိုက်တတ်ကြပါတယ်။

(2) အရမ်းကြောက်တတ်တယ်

တစ်ခုခုဆို အိမ်ကို ကြောက်ရတာနဲ့၊ မိဖတွေ ဒါမှမဟုတ် အိမ်က တစ်ယောက်ယောက်ကို အမြဲကြောက်နေရတဲ့ သူတွေဖြစ်လို့ အရာရာမှ သတ္တိဆိုတာ လျော့နည်းလာတတ်ကြပါတယ်။

အပြောင်းအလဲလေး တစ်ခုခု ကြုံရရုံနဲ့ အရမ်းကို ကြောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ချုပ်ချယ်မှုတွေရဲ့ အကျိုးဆက်တွေပါ။

(3) လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျလာတယ်

လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရတဲ့ ကလေးတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ အရာရော၊ သူစိတ်မဝင်စားတဲ့ အရာတွေကိုပါ လုပ်ရမယ်ဆိုတဲ့ အမိန့်ကြောင့် လုပ်နေရတဲ့အခါ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေဟာ လျော့ကျလာတတ်ပါတယ်။

ဘယ်သူကမှ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုမှာ မထူးချွတ်တတ်တာ သဘာဝပါ။ ဒါကိုမှ အတင်းလုပ်ခိုင်းနေရင်တော့ လူရဲ့ ကန့်သတ်ထားတဲ့ စွမ်းရည်တွေဟာ ထိုးကျပြီး လုပ်နိုင်တာတွေရော၊ မလုပ်နိုင်တာတွေပါ အားလုံး လျော့ကျသွားမှာ ဖြစ်ပါတယ်။

(4) ပြန်မပြော နားမထောင် ဆိုးပေလာတတ်တယ်

အရမ်းကြီး ထိန်းချုပ်ခံရတဲ့ ကလေးတစ်ယောက်ဟာ သူမခံနိုင်တဲ့ အဆုံးမှာ ထွက်ပေါက်ကို အတင်းရှာဖွေလာတတ်ပါတယ်။ ဒ

ီလိုအခြေအနေမျိုးက ကလေးတစ်ယောက်ကို အရမ်းကို ဆိုးဝါးတဲ့ လမ်းတွေကို လိုက်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ဆိုးပေရတဲ့ အရသာကို ခံစားဖူးသွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကိုယ်ထင်ရာလုပ်တတ်တဲ့ သူတစ်ယောက်ဖြစ်လာတတ်ပါတယ်။

Khin