မိန်းကလေးတွေ သိထားသင့်တဲ့ ကောင်လေးချစ်ဆေး (၅) မျိုးအကြောင်း


(၁) နားလည်ဆေး


(၂) Supporting ဆေး


(၃) အလှအပဆေး


(၄) Confidence ဆေး


(၅) အချွဲလေးဆေး


unicode..

မိန်းကလေးတိုင်း ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုအရမ်းချစ်တာတော့ ခံချင်ကြမှာချည်းပါပဲနော်။ ဒီလိုချစ်ဖို့ဆိုတာလည်း ကိုယ်က ချစ်အောင်နေတတ်ဖို့ကလည်း နည်းနည်းလေးလိုပါသေးတယ်။ ဒါဆိုရင်တော့ ဒီတစ်ခေါက် ကောင်လေးချစ်ဆေးနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) နားလည်ဆေး

ကောင်လေးတွေသဘောကျကြတဲ့ မိန်းကလေးထဲ သဝန်အတိုလွန်ပြီး ချုပ်ချယ်လွန်းတဲ့ မိန်းကလေးတွေသိပ်မပါတတ်ကြပါဘူး။ အဓိက ကိုယ်နဲ့သူ့ကြားမှာ နားလည်မှုအပြည့်အဝရှိနေပြီး အပေးအယူတည့်တဲ့ ကောင်မလေးမျိုးကို ကောင်လေးတွေက စိတ်ထဲမှာတကယ်သဘောကျကြတာပါ။ ပျော်ရွှင်တဲ့ relationship တစ်ခုဖြစ်ချင်ရင်တော့ နားလည်မှုရှိဖို့တော့ လိုမယ်နော်။

(၂) Supporting ဆေး

ကိုယ့်ချစ်သူကို supporting ပေးတာမျိုးကိုလည်း ကောင်လေးတွေက အရမ်းချစ်တတ်ကြပါတယ်တဲ့။ စာဆိုလည်းစာ၊ အလုပ်မှာဆိုလည်းအလုပ်မှာစသဖြင့် ကောင်လေးရဲ့ တိုးတက်တာတိုးတက်ကြောင်းတွေ၊ ဝါသနာတွေကို အားပေးပြီး စိတ်ညစ်တဲ့အခါ ခိုနားစရာ ရင်ခွင်တစ်စုံဖြစ်အောင်နေခြင်းဟာ ကောင်လေးတွေချစ်ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။

(၃) အလှအပဆေး

ဘယ်သူမဆို လှတပတလေးတွေကို ပိုကြိုက်ကြတာပဲလေနော်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လှအောင်နေဖို့ကလည်း လိုပါသေးတယ်။ တကယ်ချစ်ရင် ဘယ်လိုဖြစ်ဖြစ်ချစ်တယ်ဆိုပေမယ့် အမြဲတမ်း လှလှလေးဖြစ်နေတော့ လူကြားထဲ ထုတ်ပြရတာလည်းအဆင်ပြေတယ်၊ သူလည်းမျက်နှာပွင့်စေတာကြောင့် အချစ်တွေပိုလာမှာပါ။

(၄) Confidence ဆေး

ရုပ်လှခြင်းမလှခြင်းထက် ပိုအရေးကြီးတာ confidence ရှိခြင်းပါပဲ။ ရင့်ကျက်တဲ့ကောင်လေးတွေကတော့ confidence ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး သဘောကျတတ်ကြပါတယ်တဲ့။ အမှီအခိုကင်းပြီး မိမိပုံစံကိုမိမိ အမြဲတမ်း ယုံကြည်မှုရှိနေခြင်းဟာ ကောင်လေးတွေအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။

(၅) အချွဲလေးဆေး

Relationship တစ်ခုမှာ ပုံသေချည်းပဲသွားနေလို့ အဆင်မပြေပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်တဲ့ကိုယ်က ချွဲသင့်တဲ့အခါချွဲပေးရပါသေးတယ်။ ကိုယ်က မိန်းမမဆန်ဘဲ သွက်သွက်လက်လက်ပွင့်ပွင့်လင်းလင်း စရိုက်ရှိနေလည်း အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေလေးမှာ သူ့ကို ချွဲပေးရတယ်၊ ကြင်နာယုယပြီး နွေးထွေးပေးလိုက်ပါ။ အဲဒီလိုအချိန်ဆို သူတို့က အရမ်းပျော်တာတဲ့နော်။