Unicode Version
လူ(၁၅၀)ကျော်သေဆုံးတဲ့ ဖားကန့်မြေစာပုံပြိုကျမှုမှာ ပါသွားတဲ့ ဖခင်ရဲ့သမီးငယ်လေးရေးတဲ့စာ…
မနေ့က ဖြစ်ပွားခဲ့တဲ့ လူ(၁၅၀)ကျော်သေဆုံးတဲ့ ဖားကန့်မြေစာပုံပြိုကျမှုမှာ ပါသွားတဲ့ ဖခင်ရဲ့သမီးငယ်လေးရေးတဲ့စာကို စိတ်မကောင်းစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ် …။
သမီးငယ်လေး ရေးထားတာကတော့” ဖေကြီးအစား သမီးဝင်ခံလိုရင် ကောင်းမာပဲဟာ…
သမီးခုလိုမျိုးမြင်ရတာ သမီးရင်တေကွဲရပါပြီ…ပြန်လာခဲ့ပါဖေကြီး..သမီးမယုံနိုင်ဘူး ဖေကြီးရယ်…သမီးရင်ကွဲရပါပြီဟာ…သမီးကိုအမြဲစိတ်မချဖစ်တာကို ချုပ်ချယ်တယ်လို့ပဲထင်ခဲ့တယ်…သမီးဘယ်လိုဖြေရမာလဲ
သမီးရင်ကွဲရပါပြီ…ဖေကြီးရယ်…သိပ်ရက်စက်တယ်ဟာ ကံကြမ္မာ…ငါ့ဖေကြီးကိုမှ လုပ်ရက်ကြတယ်…ငါ့ကိုအစားခေါ်ပေးပါလား…ငါ့ဖေကြီးပြန်ပေးကြပါဟာ…ငါရင်ကွဲတော့မရ် ” ဆိုပြီး ဝမ်းနည်းကြေကွဲစွာ ရေးထားတာပဲ ဖြစ်ပါတယ် …။
စိတ်မကောင်းပါဘူး သမီးလေးရယ်…အားတင်းထားပါနော်…ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးတွေ ကျန်သေးတယ်…မုန်တိုင်းတွေပြီးရင် လေပြေတွေလာအုံးမှာပါ သမီးလေးရေ …။
တဂယ်ဝမ်းနည်းရပါတယ်ဗျာ ဒီအလုပိပဲ လုပ်ခဲ့လို့ ကိုယ်ချင်းလဲစာတယ်…ကောင်းရာသုဂတိလားပါစေ…ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရပါစေနဲ့ …။
မူရင်းတင်သူအား လေးစားစွာဖြင့် ခရစ်ဒစ်ပေးပါသည် …။ ။