ဘုန္းႀကီးေက်ာင္းမွ သကၤန္းေတြေပါမ်ားေနလို႔ သကၤန္းျပန္ဝယ္ၿပီး လႉတာ ကုသိုလ္ရပါသလား ငရဲႀကီးပါသလား?

မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။

ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။

အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။

ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။

ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ မလိုက်နာအောင် ထောက်ပံ့ပေးတဲ့ ဒကာ ဒကာမတွေက အကုသိုလ် အကြီးကြီး စုနေပါတယ်လို့ ဝေဘူဆရာတော်ထံမှ သိရပါတယ်။ ဝေဘူဆရာတော်ကြီးက ပိုက်ဆံကို တစ်ခါမှ (စာအိတ်နဲ့လည်း) လက်ခံတော်မမူပါဘူး။

အဲ့တော့ ဒကာ ဒကာမတွေက ဆရာတော်ကြီးရဲ့ ဘုန်းကြီးကျောင်းမှာ ဆရာတော် မမြင်တဲ့၊ မရှိတဲ့ အချိန်မှာ ပိုက်ဆံကို တစ်နေရာမှာ ထားခဲ့လေ့ ရှိခဲ့ပါတယ်။

အဲ့တော့ ဝေဘူဆရာတော်ဘုရားကြီးက မိန့်တော်မူတယ် အဲ့လိုလုပ်ရင် အကုသိုလ် ဖြစ်ပါတယ်တဲ့။ တကယ်ပါ ဒကာမ၊ ဝိနည်းကို ကျူးလွန်ခြင်းမှာ အားပေးကြတဲ့ ဒကာ ဒကာမတွေက အကုသိုလ်တွေ စုတယ်၊ ငရဲ ကြီးတယ်။

ဝိနည်းကို လေးစားခြင်း၊ ဝိနည်းကို ဓိုရ် (လိုက်နာ)ခြင်းမှာ အားပေးကြတဲ့ ဒကာ ဒကာမတွေက ကုသိုလ်တွေ စုတယ်၊ နတ်ပြည်နဲ့ နိဗ္ဗာန်နဲ့ နီးပါတယ် ရောက်ရလွယ်ပါတယ်။

ဒကာမကို လျှို့ဝှက်ချက် တစ်ခု ပြောလိုက်ပါမယ်။ ရဟန်းတစ်ပါးက ဝိနည်းစည်းကမ်း ကျူးလွန်ရင် ဒကာမက အဲ့ဒီ ရဟန်းကို ဆုံးမသင့်ပါတယ်၊ ဆုံးမရပါတယ် – “အရှင်ဘုရားကို တပည့်တော် ဝိနည်းနဲ့ပတ်သက်ပြီး လျှောက်စရာ ရှိပါတယ် ဘုရား။”

(ရဟန်းတော်က လက်ခံရင် ဒီလို ဆက် လျှောက်လိုက်ပါ) “အရှင်ဘုရားက ဝိနည်း စည်းကမ်း ကျူးလွန်နေပါတယ်၊ ဝိနည်း စည်းကမ်းကို လိုက်နာတော်မူပါ ဘုရား။”

အဲ့ဒီမှာ ရဟန်းတော်က ဝိနည်းစည်းကမ်း တကယ် ကျူးလွန်နေတယ်ဆိုရင် ဒကာမရဲ့ အဆုံးအမကို (ဝိနည်းနဲ့ ညီတယ်ဆိုရင်) တစ်သဝေမတိမ်း လိုက်နာရပါတယ်။ မလိုက်နာဘူးဆိုရင်၊

အဲ့ဒီ စည်းကမ်းကို ထပ် ကျူးလွန်တယ်ဆိုရင် စည်းကမ်း ကျူးလွန်ခြင်းအတွက်လည်း အာပတ် သင့်ပါတယ်၊ ဒကာမရဲ့ အဆုံးအမကို မလိုက်နာတဲ့အတွက် ထပ် (ဒုက္ကဋာ) အာပတ် သင့်ပါတယ်။ စိတ်ပါလက်ပါ

ကျူးလွန်ထားတဲ့ အာပတ် သင့်တယ်ဆိုတော့ အဲ့ဒီ ရဟန်းတော်က တစ်သက်လုံး မဂ်၊ဖိုလ် မရနိုင်ပါဘူး၊ ငရဲတောင် ကျတတ်ပါတယ်။

ရဟန်းတော်က ငရဲ မကျချင်ဘူးဆိုရင်၊ မဂ်၊ဖိုလ်လည်း ရချင်တယ်ဆိုရင် အဲ့ဒီ ရဟန်းတော်က အဲ့လို အာပတ်လည်း သင့်တယ်ဆိုရင် တစ်ခြားရဟန်းတစ်ပါး ရှာပြီး အပြစ်ကို (အာပတ်ကို) ဝန်ခံရပါတယ်။

ဘယ်ရဟန်းထံမှာ မဆို ဝန်ခံလို့ရတာ မဟုတ်ပါဘူး၊ ဒီရဟန်းတော် ကျူးလွန်ထားတဲ့ သိက္ခာပုဒ်ကို မကျူးလွန်ထားတဲ့ ရဟန်းတစ်ပါးကို ရှာရပါတယ်။ ရှာတွေ့ပြီး သူ့ကို ဝန်ခံရပါတယ် (ဒေသနာ ကြားရပါတယ်) –

“နောက်အခါ သတိထားလိုက်ပါမယ် ဘုရား (မကျူးလွန်တော့ဘူး)” လို့ စင်ကြယ်တဲ့ ရဟန်းတော်ကို ကတိပေးရပါတယ်။

တကယ်တမ်းကတော့ ဒီလို မလွယ်ပါဘူး နော်။ ဒါဆို ဒကာမက အခု ရဟန်းတွေကို သူတို့က ဝိနည်း လိုက်နာလား မလိုက်နာဘူးလားလို့ သွားစစ်မယ်ဆိုရင် အခက်အခဲ အများကြီး တွေ့နိုင်ပါတယ်။

တကယ်တော့ အကုသိုလ် အများကြီး စုနိုင်ပါတယ်။ ဒကာမက ဝိနည်းဓိုရ် ရဟန်းအစစ်တစ်ပါးကို ဝိနည်း ကျူးလွန်တယ်လို့ အပြစ်ပေးလိုက်ပြီး

တကယ်အမှန်တော့ ရဟန်းတော်က မကျူးလွန်ဘူး (သိက္ခပုဒ်တွေ အများကြီး ရှုပ်ပါတယ် ဒကာမ) ဆိုရင် ဒကာမမှာ အကုသိုလ် စုသွားပါပြီ။ ကုသိုလ်နဲ့ပဲ ဆုံးမချင်တယ်ဆိုရင် အရင် မေးလိုက်ပါ –

“အရှင်ဘုရား တပည်တော်က အရှင်ဘုရားနဲ့ ဝိနည်း ခဏ ဆွေးနွေးလို့ ရမလား ဘုရား။” ရဟန်းတော်က “ရတယ်” ဆိုရင် “အရှင်ဘုရား၊ အရှင်ဘုရား ခုန ပြုခဲ့တဲ့ အလုပ် / မိန့်ခဲ့တဲ့ စကား / နည်းလမ်း ဟာ မြတ်စွာဘုရားရဲ့ ဝနည်းတော်နဲ့ ညီပါသလား ဘုရား။”

ရဟန်းတော်က “ညီတယ်” ဆိုရင် ဒကာမက ရဟန်းတော်ကို ချီးမွှမ်းရပါတယ် – “ဝိနည်းဓိုရ် ဆရာတော်ဖြစ်တဲ့ အရှင်ဘုရားကို တပည့်တော် အမြဲ ရိုသေလေးစားမှာပါ ဘုရား။”ရဟန်းတော်က “မညီဘူး”ဆိုရင် ဒကာမ ဆုံးမရပါတယ် –

“အရှင်ဘုရား ဒီလို လုပ်ရင် ဝိနည်းနဲ့ မညီတော့ အရှင်ဘုရား အတွက် တပည့်တော် စိုးရိမ်ရပါတယ် ဘုရား။ ဋီကာကျမ်းအတိုင်း ပြောမယ်ဆိုရင် အရှင်ဘုရား ငရဲ ကြီးမှာပါတဲ့ ဘုရား။ အရှင်ဘုရား အဲ့ဒီ အလုပ်ကို/စကားကို ဝိနည်းနဲ့ အညီပဲ ပြုတော်မူပါ ဘုရား။”

ဒီလို အကြီးမားဆုံး မေတ္တာ ထားပြီး ရဟန်းတစ်ပါးနဲ့ ဆက်ဆံရင် ဒကာမမှာ ကုသိုလ် ဘာပဲ ဖြစ်ဖြစ် အများကြီး ရမှာပါ။ရဟန်းတော်တွေမှာ သင်္ကန်း “အပို” မရနိုင်ပါဘူး ဒကာမ။ အဲ့လို ဒီကမ္ဘာမှာ မဖြစ်နိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ရဟန်းတော်တွေက ဒါန စတဲ့ ကုသိုလ် (၁၀)ပါးကို ကျင့်ကြံရပါတယ်။ အဲ့ဒါကြောင့်လည်း သင်္ကန်းမရှိတဲ့ ကျောင်းတွေကို ရဟန်းတော်ရဲ့ “အပို” သင်္ကန်းတွေ ရဟန်းတော်က သွားလှူပေးရပါတယ်။

မြတ်စွာဘုရားလည်း မိန့်တော်မူတဲ့အတိုင်း “အပို”သင်္ကန်းကို အိပ်ရာခင်း၊ လိုက်ကာ၊ နေခင်းထိုင်၊ လက်သုတ်ပဝါး စသည်အဖြစ် သုံးသင့်ပါတယ်။

မြတ်စွာဘုရား ခေတ်မှာ “အပို” သင်္ကန်းတွေကို အမှုန့်ဖြစ်အောင် ခြေထားလိုက်ပြီး ကြမ်းပြင်ကို ပြုလုပ်ရာ၌ သုံးခဲ့ပါတယ်။ ဒကာမတို့က ပြန် ဝယ်မယ်ဆိုရင် ရဟန်းတော်တွေက ပိုက်ဆံရမလို့ သိမ်းထားမှာပါ။ မဝယ်ဘူးဆိုရင် မြတ်စွာဘုရားရဲ့ အမိန့်တော်နဲ့အညီ အသုံးပြုမှာပါ ဒကာမ။

ရဟန်းတော်တွေက သင်္ကန်းမာျးများ စုထားပြီဆိုရင် ဒကာ ဒကာမတို့က ရဟန်းတော်တွေကို ဘယ်လို အသုံးဖြစ်အောင် သုံးရမလဲလို့ မေတ္တာဖြင့် အကြံပေးသင့်ပါတယ်။

သင်္ကန်းတွေ ဘယ် ဘုန်းကြီးကျောင်းမှာ နည်းပါသလဲ၊ အပိုသင်္ကန်းတွေကို ဘယ်မှာ ပြန်လှူရင် အကျိုးများမလဲ ဆိုတာလည်း ဆောင်ရွက်ပေးသင့်တဲ့ နည်းလမ်းနဲ့အတူ မေတ္တာဖြင့် အကြံပေးသင့်ပါတယ်။

ဒကာ ဒကာမတို့က ရဟန်းတော်တို့ရဲ့ ဝိနည်းမှာ တကယ် ပြည့်စုံအောင် အားပေးရပါတယ်၊ ထောက်ပံ့ပေးရပါတယ်၊ ဆုံးမပေးရပါတယ်။ အဲ့လိုဆိုရင် ကုသိုလ် အများကြီး ရပါတယ်၊

Zawgyi

မဂၤလာပါ ဦးဇင္း။ တခုေလာက္ေမးခ်င္လို႔ပါ။ သူမ်ားလႉ ၿပီးသား ပစၥည္းတခုကို ကိုယ္က ျပန္ဝယ္ပီး ျပန္လႉရင္ ကုသိုလ္မရဖူးဆိုတာဟုတ္ပါသလား။

ဥပမာ ေျပာရ ရင္ ဘုန္းႀကီးေက်ာင္းမွ သကၤန္းေတြေပါမ်ားေနလို႔ တပည့္ေတာ္မက အသစ္တခု မဝယ္ေတာ့ပဲ အဲသကၤန္းကိုပဲ ဘုန္းႀကီးစီ ဝထၳဳေငြနဲ႔ျပန္ဝယ္ပီး ျပန္ပီး လႉရင္ ကုသိုလ္မရဖူးလို႔ေျပာတာၾကားဖူးလို႔ပါ။ အဲတာ ဟုတ္ပါသလား။

အဲ့လိုလုပ္ရင္ ငရဲႀကီးတတ္ပါတယ္ ဒကာမ။ ဘာေၾကာင့္လဲဆိုေတာ့ ရဟန္းေတာ္က ပိုက္ဆံ မသုံးရဘူး၊ ပစၥည္း မေရာင္းရဘူး၊ ဖလွယ္မႈကိုလည္း မျပဳရပါဘူး။

ဒကာမကို ရဟန္းေတာ္က သကၤန္းေတြ ပိုက္ဆံနဲ႔ လဲလိုက္ရင္ ေရာင္းရင္ ရဟန္းေတာ္ကလည္း ငရဲက်မယ္ ဒကာမကလည္း ဝိနည္း နဲ႔ သာသနာေတာ္ကို ဖ်က္ဆီးေနတဲ့အတြက္ ငရဲႀကီးတတ္ပါတယ္။

ဝိနည္းကို မလိုက္နာတတ္တဲ့ ရဟန္းေတာ္ေတြကို ဝိနည္းမွာ မလိုက္နာေအာင္ ေထာက္ပံ့ေပးတဲ့ ဒကာ ဒကာမေတြက အကုသိုလ္ အႀကီးႀကီး စုေနပါတယ္လို႔ ေဝဘူဆရာေတာ္ထံမွ သိရပါတယ္။ ေဝဘူဆရာေတာ္ႀကီးက ပိုက္ဆံကို တစ္ခါမွ (စာအိတ္နဲ႔လည္း) လက္ခံေတာ္မမူပါဘူး။

အဲ့ေတာ့ ဒကာ ဒကာမေတြက ဆရာေတာ္ႀကီးရဲ႕ ဘုန္းႀကီးေက်ာင္းမွာ ဆရာေတာ္ မျမင္တဲ့၊ မရွိတဲ့ အခ်ိန္မွာ ပိုက္ဆံကို တစ္ေနရာမွာ ထားခဲ့ေလ့ ရွိခဲ့ပါတယ္။

အဲ့ေတာ့ ေဝဘူဆရာေတာ္ဘုရားႀကီးက မိန႔္ေတာ္မူတယ္ အဲ့လိုလုပ္ရင္ အကုသိုလ္ ျဖစ္ပါတယ္တဲ့။ တကယ္ပါ ဒကာမ၊ ဝိနည္းကို က်ဴးလြန္ျခင္းမွာ အားေပးၾကတဲ့ ဒကာ ဒကာမေတြက အကုသိုလ္ေတြ စုတယ္၊ ငရဲ ႀကီးတယ္။

ဝိနည္းကို ေလးစားျခင္း၊ ဝိနည္းကို ဓိုရ္ (လိုက္နာ)ျခင္းမွာ အားေပးၾကတဲ့ ဒကာ ဒကာမေတြက ကုသိုလ္ေတြ စုတယ္၊ နတ္ျပည္နဲ႔ နိဗၺာန္နဲ႔ နီးပါတယ္ ေရာက္ရလြယ္ပါတယ္။

ဒကာမကို လွ်ိဳ႕ဝွက္ခ်က္ တစ္ခု ေျပာလိုက္ပါမယ္။ ရဟန္းတစ္ပါးက ဝိနည္းစည္းကမ္း က်ဴးလြန္ရင္ ဒကာမက အဲ့ဒီ ရဟန္းကို ဆုံးမသင့္ပါတယ္၊ ဆုံးမရပါတယ္ – “အရွင္ဘုရားကို တပည့္ေတာ္ ဝိနည္းနဲ႔ပတ္သက္ၿပီး ေလွ်ာက္စရာ ရွိပါတယ္ ဘုရား။”

(ရဟန္းေတာ္က လက္ခံရင္ ဒီလို ဆက္ ေလွ်ာက္လိုက္ပါ) “အရွင္ဘုရားက ဝိနည္း စည္းကမ္း က်ဴးလြန္ေနပါတယ္၊ ဝိနည္း စည္းကမ္းကို လိုက္နာေတာ္မူပါ ဘုရား။”

အဲ့ဒီမွာ ရဟန္းေတာ္က ဝိနည္းစည္းကမ္း တကယ္ က်ဴးလြန္ေနတယ္ဆိုရင္ ဒကာမရဲ႕ အဆုံးအမကို (ဝိနည္းနဲ႔ ညီတယ္ဆိုရင္) တစ္သေဝမတိမ္း လိုက္နာရပါတယ္။ မလိုက္နာဘူးဆိုရင္၊

အဲ့ဒီ စည္းကမ္းကို ထပ္ က်ဴးလြန္တယ္ဆိုရင္ စည္းကမ္း က်ဴးလြန္ျခင္းအတြက္လည္း အာပတ္ သင့္ပါတယ္၊ ဒကာမရဲ႕ အဆုံးအမကို မလိုက္နာတဲ့အတြက္ ထပ္ (ဒုကၠဋာ) အာပတ္ သင့္ပါတယ္။ စိတ္ပါလက္ပါ

က်ဴးလြန္ထားတဲ့ အာပတ္ သင့္တယ္ဆိုေတာ့ အဲ့ဒီ ရဟန္းေတာ္က တစ္သက္လုံး မဂ္၊ဖိုလ္ မရႏိုင္ပါဘူး၊ ငရဲေတာင္ က်တတ္ပါတယ္။

ရဟန္းေတာ္က ငရဲ မက်ခ်င္ဘူးဆိုရင္၊ မဂ္၊ဖိုလ္လည္း ရခ်င္တယ္ဆိုရင္ အဲ့ဒီ ရဟန္းေတာ္က အဲ့လို အာပတ္လည္း သင့္တယ္ဆိုရင္ တစ္ျခားရဟန္းတစ္ပါး ရွာၿပီး အျပစ္ကို (အာပတ္ကို) ဝန္ခံရပါတယ္။

ဘယ္ရဟန္းထံမွာ မဆို ဝန္ခံလို႔ရတာ မဟုတ္ပါဘူး၊ ဒီရဟန္းေတာ္ က်ဴးလြန္ထားတဲ့ သိကၡာပုဒ္ကို မက်ဴးလြန္ထားတဲ့ ရဟန္းတစ္ပါးကို ရွာရပါတယ္။ ရွာေတြ႕ၿပီး သူ႔ကို ဝန္ခံရပါတယ္ (ေဒသနာ ၾကားရပါတယ္) –

“ေနာက္အခါ သတိထားလိုက္ပါမယ္ ဘုရား (မက်ဴးလြန္ေတာ့ဘူး)” လို႔ စင္ၾကယ္တဲ့ ရဟန္းေတာ္ကို ကတိေပးရပါတယ္။

တကယ္တမ္းကေတာ့ ဒီလို မလြယ္ပါဘူး ေနာ္။ ဒါဆို ဒကာမက အခု ရဟန္းေတြကို သူတို႔က ဝိနည္း လိုက္နာလား မလိုက္နာဘူးလားလို႔ သြားစစ္မယ္ဆိုရင္ အခက္အခဲ အမ်ားႀကီး ေတြ႕ႏိုင္ပါတယ္။

တကယ္ေတာ့ အကုသိုလ္ အမ်ားႀကီး စုႏိုင္ပါတယ္။ ဒကာမက ဝိနည္းဓိုရ္ ရဟန္းအစစ္တစ္ပါးကို ဝိနည္း က်ဴးလြန္တယ္လို႔ အျပစ္ေပးလိုက္ၿပီး

တကယ္အမွန္ေတာ့ ရဟန္းေတာ္က မက်ဴးလြန္ဘူး (သိကၡပုဒ္ေတြ အမ်ားႀကီး ရႈပ္ပါတယ္ ဒကာမ) ဆိုရင္ ဒကာမမွာ အကုသိုလ္ စုသြားပါၿပီ။ ကုသိုလ္နဲ႔ပဲ ဆုံးမခ်င္တယ္ဆိုရင္ အရင္ ေမးလိုက္ပါ –

“အရွင္ဘုရား တပည္ေတာ္က အရွင္ဘုရားနဲ႔ ဝိနည္း ခဏ ေဆြးေႏြးလို႔ ရမလား ဘုရား။” ရဟန္းေတာ္က “ရတယ္” ဆိုရင္ “အရွင္ဘုရား၊ အရွင္ဘုရား ခုန ျပဳခဲ့တဲ့ အလုပ္ / မိန႔္ခဲ့တဲ့ စကား / နည္းလမ္း ဟာ ျမတ္စြာဘုရားရဲ႕ ဝနည္းေတာ္နဲ႔ ညီပါသလား ဘုရား။”

ရဟန္းေတာ္က “ညီတယ္” ဆိုရင္ ဒကာမက ရဟန္းေတာ္ကို ခ်ီးမႊမ္းရပါတယ္ – “ဝိနည္းဓိုရ္ ဆရာေတာ္ျဖစ္တဲ့ အရွင္ဘုရားကို တပည့္ေတာ္ အၿမဲ ႐ိုေသေလးစားမွာပါ ဘုရား။”ရဟန္းေတာ္က “မညီဘူး”ဆိုရင္ ဒကာမ ဆုံးမရပါတယ္ –

“အရွင္ဘုရား ဒီလို လုပ္ရင္ ဝိနည္းနဲ႔ မညီေတာ့ အရွင္ဘုရား အတြက္ တပည့္ေတာ္ စိုးရိမ္ရပါတယ္ ဘုရား။ ဋီကာက်မ္းအတိုင္း ေျပာမယ္ဆိုရင္ အရွင္ဘုရား ငရဲ ႀကီးမွာပါတဲ့ ဘုရား။ အရွင္ဘုရား အဲ့ဒီ အလုပ္ကို/စကားကို ဝိနည္းနဲ႔ အညီပဲ ျပဳေတာ္မူပါ ဘုရား။”

ဒီလို အႀကီးမားဆုံး ေမတၱာ ထားၿပီး ရဟန္းတစ္ပါးနဲ႔ ဆက္ဆံရင္ ဒကာမမွာ ကုသိုလ္ ဘာပဲ ျဖစ္ျဖစ္ အမ်ားႀကီး ရမွာပါ။ရဟန္းေတာ္ေတြမွာ သကၤန္း “အပို” မရႏိုင္ပါဘူး ဒကာမ။ အဲ့လို ဒီကမာၻမွာ မျဖစ္ႏိုင္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ရဟန္းေတာ္ေတြက ဒါန စတဲ့ ကုသိုလ္ (၁၀)ပါးကို က်င့္ႀကံရပါတယ္။ အဲ့ဒါေၾကာင့္လည္း သကၤန္းမရွိတဲ့ ေက်ာင္းေတြကို ရဟန္းေတာ္ရဲ႕ “အပို” သကၤန္းေတြ ရဟန္းေတာ္က သြားလႉေပးရပါတယ္။

ျမတ္စြာဘုရားလည္း မိန႔္ေတာ္မူတဲ့အတိုင္း “အပို”သကၤန္းကို အိပ္ရာခင္း၊ လိုက္ကာ၊ ေနခင္းထိုင္၊ လက္သုတ္ပဝါး စသည္အျဖစ္ သုံးသင့္ပါတယ္။

ျမတ္စြာဘုရား ေခတ္မွာ “အပို” သကၤန္းေတြကို အမႈန႔္ျဖစ္ေအာင္ ေျခထားလိုက္ၿပီး ၾကမ္းျပင္ကို ျပဳလုပ္ရာ၌ သုံးခဲ့ပါတယ္။ ဒကာမတို႔က ျပန္ ဝယ္မယ္ဆိုရင္ ရဟန္းေတာ္ေတြက ပိုက္ဆံရမလို႔ သိမ္းထားမွာပါ။ မဝယ္ဘူးဆိုရင္ ျမတ္စြာဘုရားရဲ႕ အမိန႔္ေတာ္နဲ႔အညီ အသုံးျပဳမွာပါ ဒကာမ။

ရဟန္းေတာ္ေတြက သကၤန္းမာ်းမ်ား စုထားၿပီဆိုရင္ ဒကာ ဒကာမတို႔က ရဟန္းေတာ္ေတြကို ဘယ္လို အသုံးျဖစ္ေအာင္ သုံးရမလဲလို႔ ေမတၱာျဖင့္ အႀကံေပးသင့္ပါတယ္။

သကၤန္းေတြ ဘယ္ ဘုန္းႀကီးေက်ာင္းမွာ နည္းပါသလဲ၊ အပိုသကၤန္းေတြကို ဘယ္မွာ ျပန္လႉရင္ အက်ိဳးမ်ားမလဲ ဆိုတာလည္း ေဆာင္႐ြက္ေပးသင့္တဲ့ နည္းလမ္းနဲ႔အတူ ေမတၱာျဖင့္ အႀကံေပးသင့္ပါတယ္။

ဒကာ ဒကာမတို႔က ရဟန္းေတာ္တို႔ရဲ႕ ဝိနည္းမွာ တကယ္ ျပည့္စုံေအာင္ အားေပးရပါတယ္၊ ေထာက္ပံ့ေပးရပါတယ္၊ ဆုံးမေပးရပါတယ္။ အဲ့လိုဆိုရင္ ကုသိုလ္ အမ်ားႀကီး ရပါတယ္၊