(၈) သိန္းေက်ာ္ ရနိုင္တဲ့ နိုင္ငံေတာ္ မီးဖြားစရိတ္ကို ဒီလို ေလၽွာက္ထားလို႕ရပါတယ္…
(၈)သိန္္းေက်ာ္ရနိုင္တဲ႔ နိုင္္ငံေတာ္ မီးဖြားစ ရိိတ္ ဘယ္လိုေလၽွာက္ရမလဲ ???
နိုိင္ငံေတာ္မွ မိိခင္စရိတ္ မီးဖြားစရိိတ္ ဘယ္လိုေလၽွာက္ထားမလဲ ?
ကၽြန္မ လူမွုဖူလုံေရးကေန မီးဖြားစရိတ္ထုတ္ယူခဲ့တဲ့အခ်ိန္ကစလို႔ တစ္ႏွစ္ခြဲ ကာလအတြင္း ေမေမေတြက လာဆက္သြယ္ေမးျမန္းၾကတာ ဒီေန႔ထိပါပဲ။
အားလုံးကို သိသမၽွ မၽွေဝရင္း ေမေမေတြ အဆင္ေျပေျပထုတ္လို႔ရခဲ့တယ္ဆိုတာ ျပန္ၾကားတာနဲ႔တင္ ဝမ္းသာမိတာ အမွန္ပါပဲ။
သတင္းစကားေလးတစ္ခု လက္ဆင့္ကမ္း႐ုံနဲ႔ မီးတြင္းကာလမွာ မနည္းတဲ့ေငြပမာဏရရွိတာဟာ မိခင္အသစ္စက္စက္ေလးေတြအတြက္ အကူအညီသိပ္ျဖစ္ေစတာေပါ့ရွင္။
အလုပ္ရွုပ္မယ္ထင္လို႔/ပမာဏနည္းနည္းပဲရမယ္ထင္လို႔ … အေၾကာင္းေၾကာင္းေၾကာင့္ မထုတ္ေတာ့ဘူး စိတ္ကူးေနတဲ့သူေတြအတြက္ ဒီပိုစ့္ေလးကို ထပ္မံေရးသားလိုက္ပါတယ္။
စာရြက္စာတမ္း၊ ႐ုံးအဝင္အထြက္္ ထင္သေလာက္ အလုပ္မရွုပ္ပါ။မီးဖြားစရိ တ္ခံစားခြင့္ေငြ မန ည္းပါ။ လစာ၂သိိန္းရသူက ၅သိန္းခြဲခန႔္၊
၂သိန္းခြဲရသူက ၇သိန္းခန႔္၊ ၃သိန္းႏွင့္အထက္ ရသူက ၈သိန္းခန႔္ ရရွိမွာ ျဖစ္ပါတယ္။
ဘယ္သူေတြ မီးဖြားစရိတ္ ထုတ္ယူလို႔ရနိုင္မလဲ။လူမွုဖူလုံေရး(S S B) လစဥ္ေဆာင္ထားသူ၊ ေဆာင္သည့္သက္တမ္း ၁ႏွစ္အထက္ရွိိသူတိုင္း ထုတ္ယူနိုင္ပါတယ္။
ဘယ္အခ်ိန္မွာ မီးဖြားစရိိတ္ ေလၽွာက္ထားလို႔ရသလဲ။ မီးဖြားၿပီး၂လအတြင္း ေလၽွာက္ရပါမယ္။ပုဂၢလိကေဆး႐ုံမွာေမြးရင္ေရာ ေလၽွာက္လို႔ရသလား။ဘယ္ေဆး႐ုံမွာေမြးေမြး ေလၽွာက္လို႔ရပါတယ္။
ဘာေတြလုပ္ဖို႔ လိုအပ္မလဲ။ကိုယ္ဝန္ရွိေနစဥ္ လူမွုဖူလုံေရးေဆးခန္းက ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ပါတယ္။ SSBကတ္ရဲ့ ေနာက္ေက်ာဘက္မွာ ကိုယ္က ဘယ္ၿမိဳ႕နယ္ရဲ့ေဆးခန္းမွာ ျပရမလဲဆိုတာ ပါပါတယ္။
ကိုယ့္ေနရပ္လိပ္စာနဲ႔ နီးတဲ့ေဆးခန္းကိုပဲ ထည့္ေပးထားတာပါ။ ဆရာဝန္က ကို ယ္ဝန္ရွိေၾကာင္း စမ္းသပ္သိရွိမွ မီးမဖြားမီခြင့္(၆)ပတ္၊ မီးဖြားၿပီး ခြင့္(၈)ပတ္ကို ခံစားခြင့္ရဖို႔ လက္မွတ္ထိုးေပးမွာ ျဖစ္ပါတယ္။
အကယ္၍ ကိုယ္ဝန္ရွိစဥ္က မျပခဲ့ရင္ မီးဖြားၿပီး ေမြးစာရင္းနဲ႔အတူ သြားျပရပါမယ္။
ဘယ္လိုစာရြက္စာတမ္းေတြ လိုအပ္မလဲ။
လူမွုဖူလုံေရးေဆးခန္းက ဆရာဝန္ရဲ့ ေဆးလက္မွတ္၊ ေမြးစာရင္း၊ ကိုယ္တိုင္ေရးေလၽွာက္လႊာ နဲ႔ အလုပ္ရွင္(သို႔)HR Managerရဲ့ ေထာက္ခံစာတို႔ လိုအပ္ပါတယ္။
ဘယ္႐ုံးမွာ သြားေလၽွာက္ရမွာလဲ။ကိုိယ္SSBေဆာင္တဲ့ ႐ုံးမွာ ေလၽွာက္ရမွာပါ။ SSBကတ္ရဲ့ ေနာက္ေက်ာဘက္မွာ ႐ုံးနာမည္ပါပါတယ္။ဘယ္လိုတြြက္ခ်က္ၿပီး ေပးတာလဲ။
မီးဖြားခြင့္ရတဲ့ရက္တိုင္းမွာ တစ္ေန႔၀င္ေငြရဲ့၇၀% နဲ႔ မီးဖြားစရိတ္အျဖစ္ တစ္လ၀င္ေငြရဲ့ ၅၀%တို႔ ျဖစ္ပါတယ္။
မီးဖြားစရိိတ္ အျမင့္ ဆုံးရရွိေငြဟာ (၈၃၆,၀၀၀)က်ပ္ ျဖစ္ၿပီး အမႊာေမြးရင္ေတာ့ ဒီ့ထက္ပိုခံစားခြင့္ ရွိပါတယ္။
ဘယ္အခ်ိိန္မွာ ေငြထုတ္လို႔ရၿပီလဲ။
လဆန္းရက္ေလၽွာက္ထားခဲ့ရင္ ဒီလရဲ့တြက္ခ်က္မွုထဲမွာ ပါဝင္မွာမို႔ ေနာက္တစ္လဆို ထုတ္လို႔ရပါၿပီ။ ဒီေတာ့ အၾကမ္းဖ်င္း ၁လ/၁လခြဲခန႔္ပဲ ၾကာပါတယ္။ SSB႐ုံးက ရရွိေငြခ်လန္ပဲ ေပးလိုက္မွာျဖစ္ၿပီး
အစိုးရဘဏ္မွာ သြားထုတ္ရမွာပါ။ဒါ့ေၾကာင့္ ကိုိယ္တိုင္လစဥ္ေပးေဆာင္ေနရတဲ့အတြက္ မီးဖြားခ်ိန္အက်ိဳးခံစားခြင့္ ျပန္လည္ရရွိမယ့္ အခြင့္အေရးကို အဆုံးရွုံးမခံဘဲ
မီးဖြားစရိတ္ေလၽွာက္ထားသင့္ေၾကာင္း အႀကံျပဳပါရေစရွင္။
ဖိုးျပဳံးခ်ိဳေလးရဲ့ ေမေမ
လူမွုဖူလုံေရး မီးဖြားစရိတ္
Unicode
(၈) သိန်းကျော် ရနိုင်တဲ့ နိုင်ငံတော် မီးဖွားစရိတ်ကို ဒီလို လျှောက်ထားလို့ရပါတယ်…
(၈)သိန်းကျော်ရနိုင်တဲ့ နိုင်ငံတော် မီးဖွားစ ရိတ် ဘယ်လိုလျှောက်ရမလဲ ???
နိိုင်ငံတော်မှ မိခင်စရိတ် မီးဖွားစရိတ် ဘယ်လိုလျှောက်ထားမလဲ ?
ကျွန်မ လူမှုဖူလုံရေးကနေ မီးဖွားစရိတ်ထုတ်ယူခဲ့တဲ့အချိန်ကစလို့ တစ်နှစ်ခွဲ ကာလအတွင်း မေမေတွေက လာဆက်သွယ်မေးမြန်းကြတာ ဒီနေ့ထိပါပဲ။
အားလုံးကို သိသမျှ မျှဝေရင်း မေမေတွေ အဆင်ပြေပြေထုတ်လို့ရခဲ့တယ်ဆိုတာ ပြန်ကြားတာနဲ့တင် ဝမ်းသာမိတာ အမှန်ပါပဲ။
သတင်းစကားလေးတစ်ခု လက်ဆင့်ကမ်းရုံနဲ့ မီးတွင်းကာလမှာ မနည်းတဲ့ငွေပမာဏရရှိတာဟာ မိခင်အသစ်စက်စက်လေးတွေအတွက် အကူအညီသိပ်ဖြစ်စေတာပေါ့ရှင်။
အလုပ်ရှုပ်မယ်ထင်လို့/ပမာဏနည်းနည်းပဲရမယ်ထင်လို့ … အကြောင်းကြောင်းကြောင့် မထုတ်တော့ဘူး စိတ်ကူးနေတဲ့သူတွေအတွက် ဒီပိုစ့်လေးကို ထပ်မံရေးသားလိုက်ပါတယ်။
စာရွက်စာတမ်း၊ ရုံးအဝင်အထွက် ထင်သလောက် အလုပ်မရှုပ်ပါ။မီးဖွားစရိ တ်ခံစားခွင့်ငွေ မန ည်းပါ။ လစာ၂သိန်းရသူက ၅သိန်းခွဲခန့်၊
၂သိန်းခွဲရသူက ၇သိန်းခန့်၊ ၃သိန်းနှင့်အထက် ရသူက ၈သိန်းခန့် ရရှိမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ မီးဖွားစရိတ် ထုတ်ယူလို့ရနိုင်မလဲ။လူမှုဖူလုံရေး(S S B) လစဉ်ဆောင်ထားသူ၊ ဆောင်သည့်သက်တမ်း ၁နှစ်အထက်ရှိသူတိုင်း ထုတ်ယူနိုင်ပါတယ်။
ဘယ်အချိန်မှာ မီးဖွားစရိတ် လျှောက်ထားလို့ရသလဲ။ မီးဖွားပြီး၂လအတွင်း လျှောက်ရပါမယ်။ပုဂ္ဂလိကဆေးရုံမှာမွေးရင်ရော လျှောက်လို့ရသလား။ဘယ်ဆေးရုံမှာမွေးမွေး လျှောက်လို့ရပါတယ်။
ဘာတွေလုပ်ဖို့ လိုအပ်မလဲ။ကိုယ်ဝန်ရှိနေစဉ် လူမှုဖူလုံရေးဆေးခန်းက ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ကိုယ်က ဘယ်မြို့နယ်ရဲ့ဆေးခန်းမှာ ပြရမလဲဆိုတာ ပါပါတယ်။
ကိုယ့်နေရပ်လိပ်စာနဲ့ နီးတဲ့ဆေးခန်းကိုပဲ ထည့်ပေးထားတာပါ။ ဆရာဝန်က ကို ယ်ဝန်ရှိကြောင်း စမ်းသပ်သိရှိမှ မီးမဖွားမီခွင့်(၆)ပတ်၊ မီးဖွားပြီး ခွင့်(၈)ပတ်ကို ခံစားခွင့်ရဖို့ လက်မှတ်ထိုးပေးမှာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ်ဝန်ရှိစဉ်က မပြခဲ့ရင် မီးဖွားပြီး မွေးစာရင်းနဲ့အတူ သွားပြရပါမယ်။
ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ။
လူမှုဖူလုံရေးဆေးခန်းက ဆရာဝန်ရဲ့ ဆေးလက်မှတ်၊ မွေးစာရင်း၊ ကိုယ်တိုင်ရေးလျှောက်လွှာ နဲ့ အလုပ်ရှင်(သို့)HR Managerရဲ့ ထောက်ခံစာတို့ လိုအပ်ပါတယ်။
ဘယ်ရုံးမှာ သွားလျှောက်ရမှာလဲ။ကိိုယ်SSBဆောင်တဲ့ ရုံးမှာ လျှောက်ရမှာပါ။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ရုံးနာမည်ပါပါတယ်။ဘယ်လိုတွက်ချက်ပြီး ပေးတာလဲ။
မီးဖွားခွင့်ရတဲ့ရက်တိုင်းမှာ တစ်နေ့ဝင်ငွေရဲ့၇၀% နဲ့ မီးဖွားစရိတ်အဖြစ် တစ်လဝင်ငွေရဲ့ ၅၀%တို့ ဖြစ်ပါတယ်။
မီးဖွားစရိတ် အမြင့် ဆုံးရရှိငွေဟာ (၈၃၆,၀၀၀)ကျပ် ဖြစ်ပြီး အမွှာမွေးရင်တော့ ဒီ့ထက်ပိုခံစားခွင့် ရှိပါတယ်။
ဘယ်အချိန်မှာ ငွေထုတ်လို့ရပြီလဲ။
လဆန်းရက်လျှောက်ထားခဲ့ရင် ဒီလရဲ့တွက်ချက်မှုထဲမှာ ပါဝင်မှာမို့ နောက်တစ်လဆို ထုတ်လို့ရပါပြီ။ ဒီတော့ အကြမ်းဖျင်း ၁လ/၁လခွဲခန့်ပဲ ကြာပါတယ်။ SSBရုံးက ရရှိငွေချလန်ပဲ ပေးလိုက်မှာဖြစ်ပြီး
အစိုးရဘဏ်မှာ သွားထုတ်ရမှာပါ။ဒါ့ကြောင့် ကိိုယ်တိုင်လစဉ်ပေးဆောင်နေရတဲ့အတွက် မီးဖွားချိန်အကျိုးခံစားခွင့် ပြန်လည်ရရှိမယ့် အခွင့်အရေးကို အဆုံးရှုံးမခံဘဲ
မီးဖွားစရိတ်လျှောက်ထားသင့်ကြောင်း အကြံပြုပါရစေရှင်။
ဖိုးပြုံးချိုလေးရဲ့ မေမေ
လူမှုဖူလုံရေး မီးဖွားစရိတ်