အလယ္တန္းေက်ာင္းေတြ ျပန္ဖြင့္မယ့္ေန႔ကို ပညာေရး ဒုၫႊန္ခ်ဳပ္ ေျပာလိုက္ၿပီ…

အလယ္တန္းေက်ာင္းေတြ ျပန္ဖြင့္မယ့္ေန႔ကို ပညာေရး ဒုၫႊန္ခ်ဳပ္ ေျပာလိုက္ၿပီ…

အေျခခံပညာ အလယ္တန္း ေက်ာင္းေတြကို ေအာက္တိုဘာလ အတြင္းမွာ ဖြင့္ႏိုင္ေအာင္လုပ္ေဆာင္ ေနတယ္လို႔ ပညာေရးဝန္ ႀကီးဌာန ထံမွ သိရပါတယ္ …။

“အလယ္တန္း ေက်ာင္းေတြကိုေတာ့ ကြၽန္ေတာ္တို႔ အထက္တန္းေက်ာင္း ေနာက္ဆုံးေက်ာင္းဖြင့္ၿပီးမွ စစ္ေဆးမွာ ဆိုေတာ့ ေနာက္ထပ္(၁)လ အနည္းဆုံး ၾကာႏိုင္ပါေသးတယ္…” လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း က ေျပာပါတယ္ …။

အခုခ်ိန္မွာေတာ့ ျပန္ဖြင့္ခြင့္ မရေသးတဲ့ အေျခခံပညာအထက္တန္း ေက်ာင္းေတြကို လိုက္စစ္ေဆးေနၿပီး ဒီရက္ပိုင္းအတြင္း ဖြင့္သြားမယ္လို႔လည္း ေဒါက္တာတင္ေမာင္ဝင္း က ေျပာပါတယ္ …။

အေျခခံပညာ အထက္တန္းေက်ာင္းေတြ ကို အဆင့္ A ၊ B ၊ C သတ္မွတ္ၿပီး A အဆင့္ ရတဲ့ေက်ာင္းေတြ ကိုသာ ျပန္ဖြင့္ခြင့္ ေပးေနတာပါ …။

ျမန္မာတစ္ႏိုင္ငံလုံး မွာ အေျခခံပညာ အထက္တန္းေက်ာင္းေပါင္း (၇၁၀၀)ေက်ာ္႐ွိေနၿပီး အခုခ်ိန္မွာေတာ့ ေက်ာင္းေပါင္း (၄၁၀၀)ေက်ာ္ကို ျပန္ဖြင့္ခြင့္ ေပးထားတယ္လို႔ သိရပါတယ္ …။

“ကြၽန္မတို႔အခုေတာ့ သစ္ပင္ေတြ႐ွင္း တာေတြ လက္ေဆးဖို႔ေနရာေတြ ေသခ်ာလုပ္ေနပါတယ္…အကုန္လုံး အဆင္သင့္ျဖစ္ေအာင္ လုပ္ေနတာေတြ႐ွိပါတယ္…ၿပီးေတာ့ ကေလးေတြကို မုန္႔စားဆင္းတာ ေတြေတာ့ ခြင့္မျပဳေတာ့ဘူး၊ ေဈးသည္ေတြလည္း ေက်ာင္းထဲေပး မဝင္ဖို႔အတြက္ လုပ္ေဆာင္ေနတာ ေတြ႐ွိပါတယ္…”လို႔ အလယ္တန္းျပ ဆရာမ တစ္ေယာက္က ေျပာပါတယ္ …။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္း ေတြကို ဇူလိုင္လ(၂၁)ရက္ေန႔ကမွ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အခ်က္ေတြနဲ႔အညီ စဖြင့္ႏိုင္ခဲ့တာ ျဖစ္ပါတယ္ …။ ။

Credit

Unicode

အလယ်တန်းကျောင်းတွေ ပြန်ဖွင့်မယ့်နေ့ကို ပညာရေး ဒုညွှန်ချုပ် ပြောလိုက်ပြီ…

အခြေခံပညာ အလယ်တန်း ကျောင်းတွေကို အောက်တိုဘာလ အတွင်းမှာ ဖွင့်နိုင်အောင်လုပ်ဆောင် နေတယ်လို့ ပညာရေးဝန် ကြီးဌာန ထံမှ သိရပါတယ် …။

“အလယ်တန်း ကျောင်းတွေကိုတော့ ကျွန်တော်တို့ အထက်တန်းကျောင်း နောက်ဆုံးကျောင်းဖွင့်ပြီးမှ စစ်ဆေးမှာ ဆိုတော့ နောက်ထပ်(၁)လ အနည်းဆုံး ကြာနိုင်ပါသေးတယ်…” လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ် …။

အခုချိန်မှာတော့ ပြန်ဖွင့်ခွင့် မရသေးတဲ့ အခြေခံပညာအထက်တန်း ကျောင်းတွေကို လိုက်စစ်ဆေးနေပြီး ဒီရက်ပိုင်းအတွင်း ဖွင့်သွားမယ်လို့လည်း ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ် …။

အခြေခံပညာ အထက်တန်းကျောင်းတွေ ကို အဆင့် A ၊ B ၊ C သတ်မှတ်ပြီး A အဆင့် ရတဲ့ကျောင်းတွေ ကိုသာ ပြန်ဖွင့်ခွင့် ပေးနေတာပါ …။

မြန်မာတစ်နိုင်ငံလုံး မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၇၁၀၀)ကျော်ရှိနေပြီး အခုချိန်မှာတော့ ကျောင်းပေါင်း (၄၁၀၀)ကျော်ကို ပြန်ဖွင့်ခွင့် ပေးထားတယ်လို့ သိရပါတယ် …။

“ကျွန်မတို့အခုတော့ သစ်ပင်တွေရှင်း တာတွေ လက်ဆေးဖို့နေရာတွေ သေချာလုပ်နေပါတယ်…အကုန်လုံး အဆင်သင့်ဖြစ်အောင် လုပ်နေတာတွေရှိပါတယ်…ပြီးတော့ ကလေးတွေကို မုန့်စားဆင်းတာ တွေတော့ ခွင့်မပြုတော့ဘူး၊ ဈေးသည်တွေလည်း ကျောင်းထဲပေး မဝင်ဖို့အတွက် လုပ်ဆောင်နေတာ တွေရှိပါတယ်…”လို့ အလယ်တန်းပြ ဆရာမ တစ်ယောက်က ပြောပါတယ် …။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်း တွေကို ဇူလိုင်လ(၂၁)ရက်နေ့ကမှ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့အညီ စဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ် …။ ။

Credit