တခါတေလမွာ ကိုယ္ျမတ္ႏိုးတန္ဖိုးထားတဲ့ အရာက ကိုယ့္ကိုျပန္ျပီး ဒုကၡေပးတတ္တယ္…

တခါတေလမွာ ကိုယ္ျမတ္ႏိုးတန္ဖိုးထားတဲ့ အရာက ကိုယ့္ကိုျပန္ျပီး ဒုကၡေပးတတ္တယ္…

တကယ္လို႔သာ….

၁။ တကယ္လို႔ မင္း ႏွစ္သက္တဲ့ လူတစ္ေယာက္ကုိ မက္ေဆ့ခ်္ပို႔လို႔ ေတာ္ေတာ္ၾကာၾကာ ေစာင့္ျပီး ျပန္မလာဘူးဆိုရင္ ထပ္မပို႔ပါနဲ႔ေတာ့ ၊ သူ မင္းကို ဂရုမစုိက္လို႔ပါ။ အပင္ပန္းခံျပီး မေစာင့္ပါနဲ႔ေတာ့ …။

၂။ တကယ္လို႔ တစ္ေယာက္တည္း ၀မ္းနည္းတဲ့အခါ အခန္းေထာင့္ တစ္ေနရာ (သို႔မဟုတ္) အိပ္ရာထဲမွာလွဲျပီး ငိုခ်လိုက္ပါ…။ ကုိယ္ခ်င္းစာ သနားေပးမဲ့သူကို လိုက္မရွာေနပါနဲ႔။ ငိုျပီးတာနဲ ့ေပ်ာ္ရႊင္စြာ အသက္ဆက္ရွင္ပါ …။

၃။ တကယ္လို႔ လူတစ္ေယာက္က တျဖည္းျဖည္းနဲ႔ မင္းကို ဥပကၡာျပဳ လ်စ္လ်ဴရႈ လာတယ္ဆုိရင္ သူနဲ ့ခြဲခြာဖို႔ ျပင္ဆင္ပါ…။ မင္းကို နားမလည္တဲ့ လူတစ္ေယာက္ဟာ မင္းနဲ ့မလိုက္ဖက္ပါဘူး …။

ကိုယ္တန္ဖိုးထား ျမတ္ႏုိးတဲ့အရာ မင္းရဲ႕အၾကင္နာ ေမတၱာ ၊ ခ်စ္ျခင္းေတြကို ဆက္လက္ ေပးဆပ္ဖို႔ မလိုပါဘူး …။

ဘာလို႔လဲ ဆုိေတာ့ အဆံုးသတ္ နာက်င္မႈဟာ မင္းကိုယ္တုိင္ ျဖစ္ေနလို႔ပါပဲ…။ သူကေတာ့ ဘယ္ေတာ့မွ မင္းအတြက္ ၀မ္းနည္းေနမွာ မဟုတ္ပါဘူး …။

၄။ ေဆးလိပ္ မေသာက္လို႔ ရတယ္ဆိုရင္ … ေဆးလိပ္မေသာက္ပါနဲ႔…။ အရက္ မေသာက္လို ့ျဖစ္တယ္ဆိုရင္ … အရက္ မေသာက္ပါနဲ႔…။ ဒါေတြဟာ မင္းရဲ့ က်န္းမာေရး အႏၲရာယ္ေတြျဖစ္တယ္…။ လူတစ္ေယာက္အတြက္ ဒီေလာက္ တံုးအဖို႔ မသင့္ေတာ္ပါဘူး။ မင္းကို တကယ္ခ်စ္တဲ့သူဆိုရင္လဲ မင္းကို နာက်င္ေအာင္ လုပ္မွာ မဟုတ္ဘူးေလ …။

၅။ လူေတြ အေလးအနက္ထားလြန္းၾကတဲ့ တခ်ိဳ႕အရာေတြကို အသည္းအသန္ အေလးမထားပါနဲ႔…။ သဘာ၀အတုိင္း စိတ္ကို တည္ျငိမ္စြာ ထားတတ္ပါေစ …။

ဒီေလာကမွာ မညီညာတဲ့ အေျခအေနေတြ အမ်ားၾကီး ၾကံဳၾကရမွာပါပဲ…။ ရုပ္ပုိင္း ၀တၳဳေတြကို တန္ဖိုးထားလြန္းတဲ့ သူေတြဟာ မိမိရဲ ့တန္ဖိုး က်ဆင္းသြားတတ္ပါတယ္ …။

၆။ လူတစ္ေယာက္ ဒါမွမဟုတ္ အေျခအေနတစ္ခုေၾကာင့္ အရုပ္ၾကိဳးျပတ္ စိတ္ဓာတ္က်တာမ်ိဳး မျဖစ္ေစနဲ႔ ။ မစားႏုိင္ မအိပ္ႏုိင္ မ်က္ရည္လည္ရြဲက်တာ ၊ မိႈင္ေတြ ေငးေမာ အထီးက်န္ဆန္တာ ေတြဟာ တံုးအသူေတြသာ လုပ္တတ္တဲ ့အျပဳအမူမ်ိဳးေတြပါ …။

တခါတေလမွာ လိုအပ္ရင္ေတာ့ တံုးအမႈ နားမလည္မႈေလးေတြေတာ့ ရွိတတ္ပါတယ္…။ လူဆုိတာ အျမဲ ထက္ျမက္ထူးခြ်န္ေနဖို႔မွ မလိုတာပဲ…။ ဒါေပမဲ့ သိရဲ့သားနဲ ့တံုးအတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး …။

၇။ အမုန္းမပြားနဲ႔…. ေလာဘမမ်ားနဲ႔… တျခားသူေတြကို မနာလိုမျဖစ္နဲ႔…. မင္း သူမ်ားကို အားက်ေနစဥ္မွာ မင္းကို ေလးစားသူေတြ အမ်ားၾကီး ရွိႏုိင္တယ္ဆိုတာလဲ မေမ့နဲ႔အံုးေလ …။ ။

Credit

Unicode

တခါတလေမှာ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာက ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးတတ်တယ်…

တကယ်လို့သာ….

၁။ တကယ်လို့ မင်း နှစ်သက်တဲ့ လူတစ်ယောက်ကို မက်ဆေ့ချ်ပို့လို့ တော်တော်ကြာကြာ စောင့်ပြီး ပြန်မလာဘူးဆိုရင် ထပ်မပို့ပါနဲ့တော့ ၊ သူ မင်းကို ဂရုမစိုက်လို့ပါ။ အပင်ပန်းခံပြီး မစောင့်ပါနဲ့တော့ …။

၂။ တကယ်လို့ တစ်ယောက်တည်း ဝမ်းနည်းတဲ့အခါ အခန်းထောင့် တစ်နေရာ (သို့မဟုတ်) အိပ်ရာထဲမှာလှဲပြီး ငိုချလိုက်ပါ…။ ကိုယ်ချင်းစာ သနားပေးမဲ့သူကို လိုက်မရှာနေပါနဲ့။ ငိုပြီးတာနဲ့ပျော်ရွှင်စွာ အသက်ဆက်ရှင်ပါ …။

၃။ တကယ်လို့ လူတစ်ယောက်က တဖြည်းဖြည်းနဲ့ မင်းကို ဥပက္ခာပြု လျစ်လျူရှု လာတယ်ဆိုရင် သူနဲ့ခွဲခွာဖို့ ပြင်ဆင်ပါ…။ မင်းကို နားမလည်တဲ့ လူတစ်ယောက်ဟာ မင်းနဲ့မလိုက်ဖက်ပါဘူး …။

ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာ မင်းရဲ့အကြင်နာ မေတ္တာ ၊ ချစ်ခြင်းတွေကို ဆက်လက် ပေးဆပ်ဖို့ မလိုပါဘူး …။

ဘာလို့လဲ ဆိုတော့ အဆုံးသတ် နာကျင်မှုဟာ မင်းကိုယ်တိုင် ဖြစ်နေလို့ပါပဲ…။ သူကတော့ ဘယ်တော့မှ မင်းအတွက် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး …။

၄။ ဆေးလိပ် မသောက်လို့ ရတယ်ဆိုရင် … ဆေးလိပ်မသောက်ပါနဲ့…။ အရက် မသောက်လို့ဖြစ်တယ်ဆိုရင် … အရက် မသောက်ပါနဲ့…။ ဒါတွေဟာ မင်းရဲ့ ကျန်းမာရေး အန္တရာယ်တွေဖြစ်တယ်…။ လူတစ်ယောက်အတွက် ဒီလောက် တုံးအဖို့ မသင့်တော်ပါဘူး။ မင်းကို တကယ်ချစ်တဲ့သူဆိုရင်လဲ မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူးလေ …။

၅။ လူတွေ အလေးအနက်ထားလွန်းကြတဲ့ တချို့အရာတွေကို အသည်းအသန် အလေးမထားပါနဲ့…။ သဘာဝအတိုင်း စိတ်ကို တည်ငြိမ်စွာ ထားတတ်ပါစေ …။

ဒီလောကမှာ မညီညာတဲ့ အခြေအနေတွေ အများကြီး ကြုံကြရမှာပါပဲ…။ ရုပ်ပိုင်း ဝတ္ထုတွေကို တန်ဖိုးထားလွန်းတဲ့ သူတွေဟာ မိမိရဲ့တန်ဖိုး ကျဆင်းသွားတတ်ပါတယ် …။

၆။ လူတစ်ယောက် ဒါမှမဟုတ် အခြေအနေတစ်ခုကြောင့် အရုပ်ကြိုးပြတ် စိတ်ဓာတ်ကျတာမျိုး မဖြစ်စေနဲ့ ။ မစားနိုင် မအိပ်နိုင် မျက်ရည်လည်ရွဲကျတာ ၊ မှိုင်တွေ ငေးမော အထီးကျန်ဆန်တာ တွေဟာ တုံးအသူတွေသာ လုပ်တတ်တဲ့အပြုအမူမျိုးတွေပါ …။

တခါတလေမှာ လိုအပ်ရင်တော့ တုံးအမှု နားမလည်မှုလေးတွေတော့ ရှိတတ်ပါတယ်…။ လူဆိုတာ အမြဲ ထက်မြက်ထူးချွန်နေဖို့မှ မလိုတာပဲ…။ ဒါပေမဲ့ သိရဲ့သားနဲ့တုံးအတာမျိုးတော့ မဖြစ်သင့်ပါဘူး …။

၇။ အမုန်းမပွားနဲ့…. လောဘမများနဲ့… တခြားသူတွေကို မနာလိုမဖြစ်နဲ့…. မင်း သူများကို အားကျနေစဉ်မှာ မင်းကို လေးစားသူတွေ အများကြီး ရှိနိုင်တယ်ဆိုတာလဲ မမေ့နဲ့အုံးလေ …။ ။

Credit