ပါဝင်ပစ္စည်းများ
ဆန်မှုန့်
ရေ
၂။ ထမင်းရည်နဲ့ နို့”
ပါဝင်ပစ္စည်းများ
Unicode
ကြည်လင်လှပတဲ့ မျက်နှာအသားအရေလေး ရရှိဖို့အတွက် ဆန်နဲ့မျက်နှာပေါင်းတင်နည်း…
ဆန်ဟာ အဟာရဓာတ်ကြွယ်ဝရုံသာမက အလှပအတွက်လည်း အသုံးပြုလို့ရပါတယ်။ သင်ရဲ့ အသားအရေကို စိုပြေကြည်လင်စေမှာပဲ ဖြစ်ပါတယ် …။
ဒါ့ကြောင့် ဆန်နဲ့ ပေါင်းတင်နည်းတွေကို မျှဝေပေးသွားပါမယ်။ အခုပေါင်းတင်နည်းတွေဟာ အသားအရေကို ကြည်လင်စေပြီး အဆီပြန်မှု ကင်းဝေးစေမှာဖြစ်သလို အသားအရေကို နူးညံ့ သွားစေမှာပါနော် …။
၁။ ဆန်နဲ့ ရှားစောင်းလက်ပက်”
ပါဝင်ပစ္စည်းများ
ဆန်မှုန့်
ရှားစောင်းလက်ပက်အနှစ်
ရေ
ရှားစောင်းလက်ပက်အနှစ်ကို ယူလိုက်ပါ။ ပြီးရင် ဆန် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ရေ နည်းနည်းထည့်ပါ။ ခပ်ပျစ်ပျစ်လေးဖျော်ပြီး မျက်နှာပေါ်မှာ စိမ့်ဝင်သွားအောင် ပွတ် လိမ်းပေးပါ …။
ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက် ထားထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ …။
၂။ ထမင်းရည်နဲ့ နို့”
ပါဝင်ပစ္စည်းများ
ထမင်းရည် စားပွဲတင်ဇွန်း ၂ ဇွန်း
နို့ စိမ်း စားပွဲတင်ဇွန်း ၃ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ လိမ်းပေးနေတဲ့အချိန်မှာ အသားထဲ စိမ့်ဝင်သွားအောင် ညင်သားစွာ ပွတ်ပေးပါ …။
ပြီးရင် မိနစ် ၂၀ – ၂၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ …။
၃။ ဆန်မှုန့် ပျားရည် နဲ့ ကွေကာအုတ်အမှုန့်”
ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်
ကွေကာအုတ်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ …။ ။
Credit:My Style Myanmar