ရည္းစားျဖစ္သူရဲ႕ လိမ္ညာမႈေၾကာင့္ အၾကိမ္ၾကိမ္ကာမဆက္ဆံခံရတဲ့အျပင္ အရွက္ကြဲခဲ့ရတဲ့ မိန္းခေလး

ရည္းစားျဖစ္သူရဲ႕ လိမ္ညာမႈေၾကာင့္ အၾကိမ္ၾကိမ္ကာမဆက္ဆံခံရတဲ့အျပင္ အရွက္ကြဲခဲ့ရတဲ့ မိန္းခေလး

ကာမလိမ္လည္မႈျဖင့္ တရားစြဲခံေနရသူ အာမခံျဖင့္ လြတ္လာရာမွ ထပ္မံက်ဴးလြန္မႈ ျဖစ္ပြား၍ မုဒိမ္းမႈျဖင့္ အမႈဖြင့္

မဂၤလာဒုံ၊ ဇူလိုင္ ၂/၂၀၂၀

လက္ထပ္ေပါင္းသင္းမည္ဟု ယုံၾကည္ေအာင္ေျပာဆို၍ ကာမလိမ္လည္ရယူမႈျဖင့္ တရားစြဲခံထားရသူ အာမခံျဖင့္ လြတ္လာရာမွ ထပ္မံက်ဴးလြန္ခဲ့၍ ဇူလိုင္ ၁ ရက္ေန႔၌ မုဒိမ္းမွုျဖင့္ အမႈဖြင့္ ထားေၾကာင္း သိရိွရပါတယ္ …။

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ့နယ္ေနသူ မဝါ(အမည္လႊဲ)ႏွင့္ တစ္ၿမိဳ့တည္းေန သက္နိုင္ဦး တို႔သည္ ၂၀၁၆ ခုႏွစ္မွစ၍ သမီးရည္းစားျဖစ္ခဲ့ရာမွ သက္နိုင္ဦးက မဝါ(အမည္လႊဲ)အား လက္ထပ္ေပါင္းသင္းမည္ဟု အႀကိမ္ႀကိမ္ ယုံၾကည္ေအာင္ေျပာဆိုခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလတြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ခေရပင္လမ္းခြဲ ခေရပင္ရိပ္မြန္အိမ္ယာ ၁ တြင္ ႏွစ္ဦးသေဘာတူ ေပါင္းသင္းေနထိုင္လိုေၾကာင္း ေျပာဆိုကာ ကာမအားလိမ္လည္ရယူသြားခဲ့ေၾကာင္း သိရပါသည္ …။

ေနာက္ပိုင္းတြင္လည္း ၎တို့ ႏွစ္ဦးသေဘာတူ မၾကာခဏ ကာမဆက္ဆံေပါင္းသင္းေနထိုင္ခဲ့သည္မွာ ၂၀၂၀ ခုႏွစ္ ေဖေဖၚဝါရီလ၂၄ ရက္ေန႔အထိျဖစ္ၿပီး ၎ေနာက္ပိုင္းတြင္ သက္နိုင္ဦးမွာ မဝါ(အမည္လႊဲ)အား အဆက္အသြယ္ မလုပ္ေတာ့သျဖင့္ ၎အားလက္ထပ္ယူမည္ေျပာ၍ ကာမလိမ္လည္ရယူကာ ေရွာင္တိမ္းေနသျဖင့္ သက္နိုင္ဦးအား ကာမလိမ္လည္မႈျဖင့္

ေျမာက္ဥကၠလာပၿမိဳ႕နယ္ တရား႐ုံးတြင္ ဇြန္လ ၁၇ ရက္ေန၌ ရာဇဝတ္ႀကီးအမွုအမွတ္ ၁၄၀၆/၂၀၂၀ ျဖင့္ စစ္ေဆးကာ ဇြန္လ ၂၄ ရက္ေန႔တြင္ သက္နိုင္ဦးအား တရား႐ုံးမွ ေခၚယူစစ္ေဆးခဲ့ၿပီး သက္နိုင္ဦးအား အခ်ဳပ္လႊတ္ထုေခ်ခြင့္ေပးခဲ့ေၾကာင္း စုံစမ္းသိရသည္ …။

အာမခံရရွိသြားသူ သက္နိုင္ဦးမွ မဝါ(အမည္လႊဲ)ထံ ဖုန္းျဖင့္ဆက္သြယ္၍ ၎အေပၚစြဲဆိုထားသည့္အမွုအား ႐ုပ္သိမ္းေၾကေအးေပးရန္ ေျပာဆိုသျဖင့္ တရားဥပေဒအရသာ ေျဖရွင္းရန္ေျပာခဲ့ေၾကာင္း၊ ဇြန္လ ၂၉ ရက္ေန႔က သက္နိုင္ဦးမွ မဝါ(အမည္လႊဲ)ထံ ဖုန္းဆက္ကာ ” ဟဲ့ ေကာင္မ ငါကိုတရားစြဲတဲ့ေကာင္မ နင္နဲ႔ငါနဲ႔ပုံေတြ နင္အရွက္ကြဲေစမဲ့ပုံေတြ ငါဖုန္းထဲမွာ အမ်ားႀကီးရွိတယ္…

အဲဒီပုံေတြကို နင္အလုပ္လုပ္တဲ့ ကုမၸဏီကိုပို႔မယ္ အလုပ္ျပဳတ္သြားခ်င္လား ပုံေတြကို လူမႈကြန္ယက္စာမ်က္ႏွာေတြမွာလည္း တင္မယ္။ ငါ့ကိုလာေတြ႕ မေတြ႕ရင္ နင္ေနတဲ့ေနရာ ပတ္ဝန္းက်င္နား လာၿပီး အေသသတ္ပစ္မယ္” ဟုၿခိမ္းေျခာက္ခဲ့ေၾကာင္း ဆိုပါသည္ …။

ထိုသို ့ၿခိမ္းေျခာက္ေျပာဆိုကာ ေအာင္မဂၤလာ အေဝးေျပးဝန္း ဂိတ္ဆိုင္းဘုတ္ေရွ႕လာရန္ေျပာဆိုသျဖင့္ မဝါ(အမည္လႊဲ)မွ သြားေရာက္ခဲ့ရာ သက္နိုင္ဦးမွာ ၎ေမာင္းႏွင္လာေသာကား အေရွခန္းအတြင္း အတင္းဆြဲတင္ၿပီး မဂၤလာဒုံၿမိဳ့နယ္ ပုလဲ(၁)အပိုင္ ေဗဒါလမ္းရွိ တည္းခိုခန္းသို႔ေခၚေဆာင္သြားၿပီး အခန္းတစ္ခန္းအား ၎သေဘာဆႏၵ အေလၽွာက္ငွားရမ္းကာ အခန္းတြင္းေခၚေဆာင္၍

မဝါ(အမည္လႊဲ)၏ သေဘာတူခြင္ျပဳခ်က္မရွိဘဲ သားမယားအျဖစ္ တစ္ႀကိမ္ ျပဳက်င့္ခဲ့သျဖင့္ ေျမာက္ဥကၠလာပၿမိဳ့နယ္ (ဈ)ရပ္ကြက္ ဘုမၼာ(၂)လမ္းေနသူ သက္နိုင္ဦးအား ဥပေဒအရ အေရးယူေပးပါရန္ တိုင္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲထံ တိုင္တန္းခ်က္မွ သိရပါသည္ …။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္နိုင္ဦး(၂၄)ႏွစ္အား ေထာက္ၾကန႔္နယ္ေျမရဲစခန္းမွ (ပ)၉၇၉/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမွုဖြင့္ဖမ္းဆီးအေရးယူ စစ္ေဆးလၽွက္ရွိေၾကာင္း သတင္းရရွိပါသည္ …။ ။

ညီညီ(လိႈင္သာယာ)

Unicode

ရည်းစားဖြစ်သူရဲ့ လိမ်ညာမှုကြောင့် အကြိမ်ကြိမ်ကာမဆက်ဆံခံရတဲ့အပြင် အရှက်ကွဲခဲ့ရတဲ့ မိန်းခလေး

ကာမလိမ်လည်မှုဖြင့် တရားစွဲခံနေရသူ အာမခံဖြင့် လွတ်လာရာမှ ထပ်မံကျူးလွန်မှု ဖြစ်ပွား၍ မုဒိမ်းမှုဖြင့် အမှုဖွင့်

မင်္ဂလာဒုံ၊ ဇူလိုင် ၂/၂၀၂၀

လက်ထပ်ပေါင်းသင်းမည်ဟု ယုံကြည်အောင်ပြောဆို၍ ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲခံထားရသူ အာမခံဖြင့် လွတ်လာရာမှ ထပ်မံကျူးလွန်ခဲ့၍ ဇူလိုင် ၁ ရက်နေ့၌ မုဒိမ်းမှုဖြင့် အမှုဖွင့် ထားကြောင်း သိရှိရပါတယ် …။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေသူ မဝါ(အမည်လွှဲ)နှင့် တစ်မြို့တည်းနေ သက်နိုင်ဦး တို့သည် ၂၀၁၆ ခုနှစ်မှစ၍ သမီးရည်းစားဖြစ်ခဲ့ရာမှ သက်နိုင်ဦးက မဝါ(အမည်လွှဲ)အား လက်ထပ်ပေါင်းသင်းမည်ဟု အကြိမ်ကြိမ် ယုံကြည်အောင်ပြောဆိုခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ ခရေပင်ရိပ်မွန်အိမ်ယာ ၁ တွင် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်လိုကြောင်း ပြောဆိုကာ ကာမအားလိမ်လည်ရယူသွားခဲ့ကြောင်း သိရပါသည် …။

နောက်ပိုင်းတွင်လည်း ၎င်းတို့ နှစ်ဦးသဘောတူ မကြာခဏ ကာမဆက်ဆံပေါင်းသင်းနေထိုင်ခဲ့သည်မှာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ ရက်နေ့အထိဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် သက်နိုင်ဦးမှာ မဝါ(အမည်လွှဲ)အား အဆက်အသွယ် မလုပ်တော့သဖြင့် ၎င်းအားလက်ထပ်ယူမည်ပြော၍ ကာမလိမ်လည်ရယူကာ ရှောင်တိမ်းနေသဖြင့် သက်နိုင်ဦးအား ကာမလိမ်လည်မှုဖြင့်

မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ဇွန်လ ၁၇ ရက်နေ၌ ရာဇဝတ်ကြီးအမှုအမှတ် ၁၄၀၆/၂၀၂၀ ဖြင့် စစ်ဆေးကာ ဇွန်လ ၂၄ ရက်နေ့တွင် သက်နိုင်ဦးအား တရားရုံးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး သက်နိုင်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည် …။

အာမခံရရှိသွားသူ သက်နိုင်ဦးမှ မဝါ(အမည်လွှဲ)ထံ ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းအပေါ်စွဲဆိုထားသည့်အမှုအား ရုပ်သိမ်းကြေအေးပေးရန် ပြောဆိုသဖြင့် တရားဥပဒေအရသာ ဖြေရှင်းရန်ပြောခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့က သက်နိုင်ဦးမှ မဝါ(အမည်လွှဲ)ထံ ဖုန်းဆက်ကာ ” ဟဲ့ ကောင်မ ငါကိုတရားစွဲတဲ့ကောင်မ နင်နဲ့ငါနဲ့ပုံတွေ နင်အရှက်ကွဲစေမဲ့ပုံတွေ ငါဖုန်းထဲမှာ အများကြီးရှိတယ်…

အဲဒီပုံတွေကို နင်အလုပ်လုပ်တဲ့ ကုမ္ပဏီကိုပို့မယ် အလုပ်ပြုတ်သွားချင်လား ပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း တင်မယ်။ ငါ့ကိုလာတွေ့ မတွေ့ရင် နင်နေတဲ့နေရာ ပတ်ဝန်းကျင်နား လာပြီး အသေသတ်ပစ်မယ်” ဟုခြိမ်းခြောက်ခဲ့ကြောင်း ဆိုပါသည် …။

ထိုသို့ခြိမ်းခြောက်ပြောဆိုကာ အောင်မင်္ဂလာ အဝေးပြေးဝန်း ဂိတ်ဆိုင်းဘုတ်ရှေ့လာရန်ပြောဆိုသဖြင့် မဝါ(အမည်လွှဲ)မှ သွားရောက်ခဲ့ရာ သက်နိုင်ဦးမှာ ၎င်းမောင်းနှင်လာသောကား အရှေခန်းအတွင်း အတင်းဆွဲတင်ပြီး မင်္ဂလာဒုံမြို့နယ် ပုလဲ(၁)အပိုင် ဗေဒါလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်သွားပြီး အခန်းတစ်ခန်းအား ၎င်းသဘောဆန္ဒ အလျှောက်ငှားရမ်းကာ အခန်းတွင်းခေါ်ဆောင်၍

မဝါ(အမည်လွှဲ)၏ သဘောတူခွင်ပြုချက်မရှိဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်းနေသူ သက်နိုင်ဦးအား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲထံ တိုင်တန်းချက်မှ သိရပါသည် …။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်နိုင်ဦး(၂၄)နှစ်အား ထောက်ကြန့်နယ်မြေရဲစခန်းမှ (ပ)၉၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည် …။ ။

ညီညီ(လှိုင်သာယာ)