အိမ်ဆောက်ရင် ဘိလပ်အုတ် မသုံးပဲ စျေးကြီးတဲ့ အုတ်အနီကို ဘာကြောင့် သုံးကြသလဲ

အိမ္ေဆာက္ရင္ (သို႔) ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ ဘိလပ္အုတ္ မသုံးပဲ ေစ်းႀကီးတဲ့ အုတ္အနီကို ဘာေၾကာင့္ သုံးၾကသလဲ..

ဒါက အိမ္ရွင္ေတြ အေမးမ်ားတဲ့ ေမးခြန္းပါ။ မီးဖုတ္ အုတ္ေတြဟာ ေႂကြထည္ေျမထည္ ထုတ္ကုန္တစ္ခုပါ။ ခံႏိုင္ဝန္အား ၾကည့္ရာမွာ မီးဖုတ္အုတ္ဟာ ဘိလပ္အုတ္ထက္ ႏွစ္ဆခြဲကေန သုံးဆထိ ပိုခံႏိုင္ဝန္အား ရွိပါတယ္။

ေရစုတ္ယူမႈကို ၾကည့္မယ္ဆိုရင္ ဘိလပ္အုတ္က မီးဖုတ္အုတ္ထက္ ေရ ၂ ဆကေန ၃ ဆထိ ေရစုတ္ယူႏိုင္တာ ေတြ႕ရပါတယ္။ မိုး႐ြာၿပီးရင္ မီးဖုတ္ အုတ္နံရံေတြဟာ ေျခာက္သြားေပမယ့္ ဘိလပ္ အုတ္နံရံေတြဟာ မေျခာက္ပဲ စိုေနေသးတာ ေတြ႕ရမွာပါ။

 

သ႐ိုးေဖ်ာ္စပ္ရာမွာလဲ ဘိလပ္ေျမရဲ႕ မာမႈျဖစ္စဥ္ထိန္းဖို႔ ေရမ်ားမ်ား ေဖ်ာ္စပ္ရမွာ ျဖစ္တဲ့အတြက္ ပန္းရံဆရာေတြ အတြက္ ဘိလပ္အုတ္ဟာ အဆင္မေျပပါဘူး။

ထုံးစံအရ အုတ္ေတြမစီခင္ ေရေလာင္းရာမွာလဲ ဘိလပ္အုတ္ကို ပိုေလာင္းေပးရပါတယ္။ (ခု ဘိလပ္အုတ္ ထုတ္သူေတြက ေရစုတ္ယူမႈေလွ်ာ့က်ေစတဲ့ ဓာတ္ပစၥည္းေတြထည့္တာလဲ ေတြ႕ရပါတယ္)

အဓိက ေျပာခ်င္တာကေတာ့ အေဆာက္အအုံ အစိတ္အပိုင္း အမ်ားစုဟာ အပူရွိန္၊ စိုထိုင္းမႈေတြေၾကာင့္ က်ဳံမႈ၊ ႂကြမႈ ျဖစ္တတ္ၿပီး ကာလရွည္ၾကာမွာ မီးဖုတ္အုတ္က ျပန္႔ကားၿပီး ဘိလပ္အုတ္ေတြကေတာ့ က်ဳံ႕ဝင္သြားပါတယ္။ က်ဳံ႕တဲ့ ကိစၥဟာ နံရံေတြကြဲအက္ႏိုင္ဖို႔မ်ားတဲ့အတြက္ အုတ္နီပဲ ေ႐ြးျခယ္အသုံးျပဳေနၾကတာပါ။

သို႔ေသာ္ မီးဖုတ္အုတ္က ေလာင္စာ စြမ္းအင္ ကုန္ပါတယ္။ အဲ့ဒါေၾကာင့္ ေလာင္စာ စြမ္းအင္မကုန္တဲ့ ဘိလပ္အုတ္ကို သဘာဂ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အေနနဲ႔ ၾကည့္မယ္ဆိုရင္ သုံးသင့္ ၊ မသုံးသင့္ စဥ္းစားစရာပါပဲ။

Crd

 

အိမ်ဆောက်ရင် (သို့) ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဘိလပ်အုတ် မသုံးပဲ ဈေးကြီးတဲ့ အုတ်အနီကို ဘာကြောင့် သုံးကြသလဲ..

ဒါက အိမ်ရှင်တွေ အမေးများတဲ့ မေးခွန်းပါ။ မီးဖုတ် အုတ်တွေဟာ ကြွေထည်မြေထည် ထုတ်ကုန်တစ်ခုပါ။ ခံနိုင်ဝန်အား ကြည့်ရာမှာ မီးဖုတ်အုတ်ဟာ ဘိလပ်အုတ်ထက် နှစ်ဆခွဲကနေ သုံးဆထိ ပိုခံနိုင်ဝန်အား ရှိပါတယ်။

ရေစုတ်ယူမှုကို ကြည့်မယ်ဆိုရင် ဘိလပ်အုတ်က မီးဖုတ်အုတ်ထက် ရေ ၂ ဆကနေ ၃ ဆထိ ရေစုတ်ယူနိုင်တာ တွေ့ရပါတယ်။ မိုးရွာပြီးရင် မီးဖုတ် အုတ်နံရံတွေဟာ ခြောက်သွားပေမယ့် ဘိလပ် အုတ်နံရံတွေဟာ မခြောက်ပဲ စိုနေသေးတာ တွေ့ရမှာပါ။

သရိုးဖျော်စပ်ရာမှာလဲ ဘိလပ်မြေရဲ့ မာမှုဖြစ်စဉ်ထိန်းဖို့ ရေများများ ဖျော်စပ်ရမှာ ဖြစ်တဲ့အတွက် ပန်းရံဆရာတွေ အတွက် ဘိလပ်အုတ်ဟာ အဆင်မပြေပါဘူး။

ထုံးစံအရ အုတ်တွေမစီခင် ရေလောင်းရာမှာလဲ ဘိလပ်အုတ်ကို ပိုလောင်းပေးရပါတယ်။ (ခု ဘိလပ်အုတ် ထုတ်သူတွေက ရေစုတ်ယူမှုလျှော့ကျစေတဲ့ ဓာတ်ပစ္စည်းတွေထည့်တာလဲ တွေ့ရပါတယ်)

 

အဓိက ပြောချင်တာကတော့ အဆောက်အအုံ အစိတ်အပိုင်း အများစုဟာ အပူရှိန်၊ စိုထိုင်းမှုတွေကြောင့် ကျုံမှု၊ ကြွမှု ဖြစ်တတ်ပြီး ကာလရှည်ကြာမှာ မီးဖုတ်အုတ်က ပြန့်ကားပြီး ဘိလပ်အုတ်တွေကတော့ ကျုံ့ဝင်သွားပါတယ်။ ကျုံ့တဲ့ ကိစ္စဟာ နံရံတွေကွဲအက်နိုင်ဖို့များတဲ့အတွက် အုတ်နီပဲ ရွေးခြယ်အသုံးပြုနေကြတာပါ။

သို့သော် မီးဖုတ်အုတ်က လောင်စာ စွမ်းအင် ကုန်ပါတယ်။ အဲ့ဒါကြောင့် လောင်စာ စွမ်းအင်မကုန်တဲ့ ဘိလပ်အုတ်ကို သဘာဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ ကြည့်မယ်ဆိုရင် သုံးသင့် ၊ မသုံးသင့် စဉ်းစားစရာပါပဲ။

Crd