စီးပြားက်တဲ့ဒဏ္ကိုေက်ာ္လႊားႏိုင္ေစဖို႔ ႀကိဳတင္လုပ္ေဆာင္ထားရမယ့္ အခ်က္ (၃) ခ်က္

စီးပြားက်တဲ့ဒဏ္ကိုေက်ာ္လႊားႏိုင္ေစဖို႔ ႀကိဳတင္လုပ္ေဆာင္ထားရမယ့္ အခ်က္ (၃) ခ်က္

စီးပြားက်တဲ့ ဒဏ္ကို ေက်ာ္လႊားႏိုင္ေစဖို႔ ႀကိဳတင္လုပ္ေဆာင္ထားရမယ့္ အခ်က္ (၃) ခ်က္ကို အမ်ားသိရွိထားႏိုင္ၾကေစဖို႔ ‘စီးပြားရွင္’ ရဲ႕ သတင္းေဆာင္းပါးတစ္ပုဒ္အား ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

စီးပြားေရးက က်ေနပါၿပီ။ပညာရွင္ေတြအေျပာေစာင့္ေနစရာမလို စီးပြားရွင္တို႔ကိုယ့္ေဘးနားနဲ႔ ကိုယ့္ကိုယ္ကိုယ္ၾကည့္လိုက္ရင္ကိုသိေနၿပီ။ စီးပြားက်ရင္ တကိုယ္ေရ လုပ္ရမွာ ၃နည္းပဲရွိပါတယ္။

၁။က်န္းမာေရး ဂ႐ုစိုက္ပါ

က်န္းမာေရးက နံပါတ္တစ္။ပထမအလုပ္ျဖစ္တဲ့က်န္းမာေရးဂ႐ုမစိုက္ရင္ ဒုတိယနဲ႔တတိယျဖစ္တဲ့ ေခြၽတာမယ့္အလုပ္ေရာေငြရွာမယ့္အလုပ္ေရာေနာက္ေကာက္က်ပါမယ္။ေဆးကုရရင္ေငြကုန္မယ္၊ လူကအိပ္ရာေပၚမွာဆိုဘယ္လိုလုပ္ေငြရွာမလဲ။ကိုယ့္မိသားစုထဲကအျပင္မွာေငြသြားရွာမယ့္သူလည္းကိုယ့္ကိုျပဳစုေနရရင္ေငြမရွာႏိုင္ေတာ့ဘူး။

ဒါ့ေၾကာင့္စီးပြားက်တဲ့ကာလမွာက်န္းမာေရးက နံပါတ္တစ္။က်န္းမာေအာင္ စိတ္ကိုဂ႐ုစိုက္ပါ။စီးပြားေရးက်တဲ့အခ်ိန္မွာစိတ္ညစ္မွာပဲ။ဒါေပမယ့္စိတ္ေထာင္းကိုယ္ေၾကျဖစ္တာေၾကာင့္ က်န္းမာေရးထိခိုက္ေလာက္ေအာင္ေတာ့စိတ္ညစ္ခံလို႔မရပါ။ စိတ္မေထာင္းေအာင္တရားထိုင္ပါ၊ေယာဂက်င့္ပါ၊

က်န္းမာေအာင္လွတဲ့အစာေတြထက္အာဟာရျပည့္တဲ့အစာေတြစားပါ။ျပည္ပကသြင္းလာတဲ့ေဈးႀကီး ျဖည့္စြက္စာေတြအစားအ႐ိုးကိုႏူးေအာင္ျပဳတ္ေသာက္တာတို႔ဟင္းသီးဟင္း႐ြက္ ပဲ စသည္စားပါ။

ေငြမကုန္ဘဲအာဟာရျပည့္တဲ့အစာေတြအေၾကာင္းခ်က္နည္းျပဳတ္နည္းအေၾကာင္းသိတဲ့သူေတြျဖည့္စြက္ ေျပာေပးၾကပါ။

အားကစားလုပ္ပါ။ဘာအားကစားပဲျဖစ္ျဖစ္ေကာင္းတယ္။ေခြၽတာရတဲ့ကာလမွာ gym ဖိုး ေလွ်ာ့ခ်ခ်င္ရင္ လမ္းေလွ်ာက္ပါ၊ အိမ္ထဲမွာပဲေနရာက်ဥ္းက်ဥ္းနဲ႔လုပ္ႏိုင္တဲ့ဒိုက္ထိုး၊plank ေထာက္၊ ထိုင္ထလုပ္ပါ။

၂။ေခြၽတာပါ။

မေခြၽတာႏိုင္ေလာက္တဲ့အထိေခြၽတာပါ။ေဈးႀကီးတဲ့အဝတ္အစားေတြအရင္လိုဝယ္မယ့္အစား သက္ေသာင့္သက္သာရွိၿပီးသက္သာတဲ့အဝတ္အစားေတြဝတ္ပါ။မ်ားေသာအားျဖင့္ေဒၚလာနဲ႔ဝယ္ရတဲ့ဟာေတြကပိုေဈးတက္ႏိုင္ပါတယ္။အရည္အေသြးခ်င္းသိပ္မကြာရင္ ေဒၚလာနဲ႔သြင္းလာတာမဟုတ္တဲ့ ျပည္တြင္းျဖစ္ကို သုံးပါ။

စီးပြားရွင္တို႔ျပည္တြင္းပစၥည္းဝယ္သုံးလိုက္တဲ့ျပည္တြင္းကေငြကကိုယ့္ဆီျပန္ေရာက္လာႏိုင္ေခ်ပိုမ်ားပါတယ္။ကိုယ့္အသုံးစရိတ္ကိုအေသးအမႊားကအစ စာရင္းေရးမွတ္ပါ။ ၃ လေလာက္မွတ္လိုက္ၿပီး ပ်မ္းမွ်ခ်လိုက္ရင္ကိုယ့္တလအသုံးစရိတ္တြက္လို႔ရၿပီ။ ၃ လေလာက္မွတ္ခိုင္းတာက တလနဲ႔ တလ အသုံးစရိတ္ကအတက္အက်ျဖစ္တတ္လို႔ပါ။

ကိုယ္ကတစ္နယ္ကေန တစ္နယ္ေျပာင္းေ႐ႊ႕ေနတယ္ အလုပ္သစ္လုပ္တယ္ဆိုရင္ စရိတ္ကထိုးတက္တတ္တယ္။အျပင္မွာထြက္ေနရာကေနမိဘအိမ္ျပန္ေနျဖစ္တာမ်ိဳးဆိုရင္စရိတ္ကက်သြားတတ္တယ္။ ဒါ့ေၾကာင့္ ၃ လေလာက္ ပ်မ္းမွ်မွ ပိုနီးစပ္မွာ။ဆီစားသက္သာတဲ့ ကားေတြစီး၊မီးအားဆြဲတာသက္သာတဲ့ မီးလုံးမီးေခ်ာင္းေတြထြန္းပါ။

၃။ေငြရွာပါ

ေခြၽတာ႐ုံနဲ႔ မၿပီး၊ေငြရွာရမယ္။အလုပ္ႀကိဳးစားပါ။လုပ္ငန္းေတြအကုန္ရွင္သန္ေရးႀကိဳးစားေနၾကတာမို႔ ကိုယ္ကလည္း အားကုန္ထုတ္ႏိုင္မွက်န္ရစ္မွာပါ။

ကိုယ့္ဆီကဝယ္စားေနၾကသူေတြကိုေလးစားပါ၊အေကာင္းဆုံးဝန္ေဆာင္မႈေပးပါ။ စီးပြားေရးက်ဆင္းဒဏ္ကို ခံႏိုင္တဲ့လုပ္ငန္းနယ္ပယ္ကိုေ႐ြးပါ။

စီးပြားေရးက်ဆင္းလို႔ရွိသမွ်လုပ္ငန္းနယ္ပယ္ေတြၿပိဳသြားတယ္ဆိုတာမရွိပါဘူး။ေကာင္းတဲ့လုပ္ငန္းနယ္ပယ္ကေကာင္းတာပါပဲ။စီးပြားေရးက်ဆင္းခ်ိန္မွပိုေကာင္းတတ္တဲ့လုပ္ငန္းနယ္ပယ္ေတြ industries that thrive during recession ရွိသလိုစီးပြားေရးက်ဆင္းဒဏ္ခံႏိုင္တဲ့ recession-proof လုပ္ငန္းနယ္ပယ္ေတြလည္း ရွိပါတယ္။

လူေတြေခြၽတာလာတဲ့အတြက္ဖက္ရွင္ထည္လိုမ်ိဳးေတြထိႏိုင္ပါတယ္။ခရီးသြားလာမႈေတြေလ်ာ့လာႏိုင္တယ္။ ေဆးဝါးလုပ္ငန္း၊အစားအေသာက္လုပ္ငန္းဒီလုပ္ငန္းေတြကေတာ့စီးပြားေရးက်လည္းခံႏိုင္တဲ့လုပ္ငန္းနယ္ပယ္ေတြပါ။

ေခြၽတာလာၾကတဲ့အတြက္ပစၥည္းအသစ္ဝယ္မယ့္အစား ပစၥည္းေဟာင္းကိုပဲျပင္သုံးၾကတာေၾကာင့္ ပစၥည္းတစ္ပတ္ရစ္အေရာင္းအဝယ္လုပ္ငန္းေတြ၊ ျပင္ဆင္တဲ့ repair shop ေတြအေျခအေနေကာင္းႏိုင္ပါတယ္။စိတ္ဓာတ္က်တဲ့အတြက္အရက္ေရာင္းဝယ္ေရး၊ ေဗဒင္လကၡဏာလုပ္ငန္း ဒါေတြေကာင္းႏိုင္ပါတယ္။

ႏိုင္ငံျခားထြက္လုပ္။ခုခ်ိန္ႏိုင္ငံျခားထြက္အလုပ္လုပ္ရင္ေတာ့ေငြသာမကႏိုင္ငံအတြက္ေဒၚလာရွာေပးတဲ့ကုသိုလ္ပါရႏိုင္ပါတယ္။လူငယ္လူလတ္ပိုင္းေတြဒီမွာအလုပ္ရွာရခက္ရင္ႏိုင္ငံျခားထြက္လုပ္ၾကပါ။ ႏိုင္ငံျခားထြက္လုပ္ရင္ေငြသာမကဘဲေရျခားေျမျခားမွာကိုယ့္ထမင္းကိုယ္ရွာစားၿပီးရွင္သန္ရပ္တည္ႏိုင္တဲ့အစြမ္းပါရပါလိမ့္မယ္။

စီးပြားေရးက်ဆင္းမႈဒဏ္ကိုေက်ာ္လႊားဖို႔ ကိုယ္ကိုယ္တိုင္က်င့္သုံးအလုပ္ျဖစ္ေနတဲ့နည္းေတြရွိရင္လည္း ဝိုင္းျဖည့္ေဆြးေႏြးေပးၾကပါ။ စီးပြားရွင္” ဆိုၿပီး ေရးသားမွ်ေဝထားပါတယ္။

အခက္အခဲေတြၾကားမွ ျမန္မာျပည္ႀကီး အျမန္ဆုံးေက်ာ္လႊားႏိုင္ပါေစ။

Source: ေမာင္စီးပြား

 

စီးပွားကျတဲ့ဒဏ်ကိုကျော်လွှားနိုင်စေဖို့ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်

စီးပွားကျတဲ့ ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်ကို အများသိရှိထားနိုင်ကြစေဖို့ ‘စီးပွားရှင်’ ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်အား ပြန်လည်မျှဝေပေးလိုက်ပါတယ်။

စီးပွားရေးက ကျနေပါပြီ။ပညာရှင်တွေအပြောစောင့်နေစရာမလို စီးပွားရှင်တို့ကိုယ့်ဘေးနားနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်ရင်ကိုသိနေပြီ။ စီးပွားကျရင် တကိုယ်ရေ လုပ်ရမှာ ၃နည်းပဲရှိပါတယ်။

၁။ကျန်းမာရေး ဂရုစိုက်ပါ

ကျန်းမာရေးက နံပါတ်တစ်။ပထမအလုပ်ဖြစ်တဲ့ကျန်းမာရေးဂရုမစိုက်ရင် ဒုတိယနဲ့တတိယဖြစ်တဲ့ ချွေတာမယ့်အလုပ်ရောငွေရှာမယ့်အလုပ်ရောနောက်ကောက်ကျပါမယ်။ဆေးကုရရင်ငွေကုန်မယ်၊ လူကအိပ်ရာပေါ်မှာဆိုဘယ်လိုလုပ်ငွေရှာမလဲ။ကိုယ့်မိသားစုထဲကအပြင်မှာငွေသွားရှာမယ့်သူလည်းကိုယ့်ကိုပြုစုနေရရင်ငွေမရှာနိုင်တော့ဘူး။

ဒါ့ကြောင့်စီးပွားကျတဲ့ကာလမှာကျန်းမာရေးက နံပါတ်တစ်။ကျန်းမာအောင် စိတ်ကိုဂရုစိုက်ပါ။စီးပွားရေးကျတဲ့အချိန်မှာစိတ်ညစ်မှာပဲ။ဒါပေမယ့်စိတ်ထောင်းကိုယ်ကြေဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်လောက်အောင်တော့စိတ်ညစ်ခံလို့မရပါ။ စိတ်မထောင်းအောင်တရားထိုင်ပါ၊ယောဂကျင့်ပါ၊

ကျန်းမာအောင်လှတဲ့အစာတွေထက်အာဟာရပြည့်တဲ့အစာတွေစားပါ။ပြည်ပကသွင်းလာတဲ့ဈေးကြီး ဖြည့်စွက်စာတွေအစားအရိုးကိုနူးအောင်ပြုတ်သောက်တာတို့ဟင်းသီးဟင်းရွက် ပဲ စသည်စားပါ။

ငွေမကုန်ဘဲအာဟာရပြည့်တဲ့အစာတွေအကြောင်းချက်နည်းပြုတ်နည်းအကြောင်းသိတဲ့သူတွေဖြည့်စွက် ပြောပေးကြပါ။

အားကစားလုပ်ပါ။ဘာအားကစားပဲဖြစ်ဖြစ်ကောင်းတယ်။ချွေတာရတဲ့ကာလမှာ gym ဖိုး လျှော့ချချင်ရင် လမ်းလျှောက်ပါ၊ အိမ်ထဲမှာပဲနေရာကျဉ်းကျဉ်းနဲ့လုပ်နိုင်တဲ့ဒိုက်ထိုး၊plank ထောက်၊ ထိုင်ထလုပ်ပါ။

၂။ချွေတာပါ။

မချွေတာနိုင်လောက်တဲ့အထိချွေတာပါ။ဈေးကြီးတဲ့အဝတ်အစားတွေအရင်လိုဝယ်မယ့်အစား သက်သောင့်သက်သာရှိပြီးသက်သာတဲ့အဝတ်အစားတွေဝတ်ပါ။များသောအားဖြင့်ဒေါ်လာနဲ့ဝယ်ရတဲ့ဟာတွေကပိုဈေးတက်နိုင်ပါတယ်။အရည်အသွေးချင်းသိပ်မကွာရင် ဒေါ်လာနဲ့သွင်းလာတာမဟုတ်တဲ့ ပြည်တွင်းဖြစ်ကို သုံးပါ။

စီးပွားရှင်တို့ပြည်တွင်းပစ္စည်းဝယ်သုံးလိုက်တဲ့ပြည်တွင်းကငွေကကိုယ့်ဆီပြန်ရောက်လာနိုင်ချေပိုများပါတယ်။ကိုယ့်အသုံးစရိတ်ကိုအသေးအမွှားကအစ စာရင်းရေးမှတ်ပါ။ ၃ လလောက်မှတ်လိုက်ပြီး ပျမ်းမျှချလိုက်ရင်ကိုယ့်တလအသုံးစရိတ်တွက်လို့ရပြီ။ ၃ လလောက်မှတ်ခိုင်းတာက တလနဲ့ တလ အသုံးစရိတ်ကအတက်အကျဖြစ်တတ်လို့ပါ။

ကိုယ်ကတစ်နယ်ကနေ တစ်နယ်ပြောင်းရွှေ့နေတယ် အလုပ်သစ်လုပ်တယ်ဆိုရင် စရိတ်ကထိုးတက်တတ်တယ်။အပြင်မှာထွက်နေရာကနေမိဘအိမ်ပြန်နေဖြစ်တာမျိုးဆိုရင်စရိတ်ကကျသွားတတ်တယ်။ ဒါ့ကြောင့် ၃ လလောက် ပျမ်းမျှမှ ပိုနီးစပ်မှာ။ဆီစားသက်သာတဲ့ ကားတွေစီး၊မီးအားဆွဲတာသက်သာတဲ့ မီးလုံးမီးချောင်းတွေထွန်းပါ။

၃။ငွေရှာပါ

ချွေတာရုံနဲ့ မပြီး၊ငွေရှာရမယ်။အလုပ်ကြိုးစားပါ။လုပ်ငန်းတွေအကုန်ရှင်သန်ရေးကြိုးစားနေကြတာမို့ ကိုယ်ကလည်း အားကုန်ထုတ်နိုင်မှကျန်ရစ်မှာပါ။

ကိုယ့်ဆီကဝယ်စားနေကြသူတွေကိုလေးစားပါ၊အကောင်းဆုံးဝန်ဆောင်မှုပေးပါ။ စီးပွားရေးကျဆင်းဒဏ်ကို ခံနိုင်တဲ့လုပ်ငန်းနယ်ပယ်ကိုရွေးပါ။

စီးပွားရေးကျဆင်းလို့ရှိသမျှလုပ်ငန်းနယ်ပယ်တွေပြိုသွားတယ်ဆိုတာမရှိပါဘူး။ကောင်းတဲ့လုပ်ငန်းနယ်ပယ်ကကောင်းတာပါပဲ။စီးပွားရေးကျဆင်းချိန်မှပိုကောင်းတတ်တဲ့လုပ်ငန်းနယ်ပယ်တွေ industries that thrive during recession ရှိသလိုစီးပွားရေးကျဆင်းဒဏ်ခံနိုင်တဲ့ recession-proof လုပ်ငန်းနယ်ပယ်တွေလည်း ရှိပါတယ်။

လူတွေချွေတာလာတဲ့အတွက်ဖက်ရှင်ထည်လိုမျိုးတွေထိနိုင်ပါတယ်။ခရီးသွားလာမှုတွေလျော့လာနိုင်တယ်။ ဆေးဝါးလုပ်ငန်း၊အစားအသောက်လုပ်ငန်းဒီလုပ်ငန်းတွေကတော့စီးပွားရေးကျလည်းခံနိုင်တဲ့လုပ်ငန်းနယ်ပယ်တွေပါ။

ချွေတာလာကြတဲ့အတွက်ပစ္စည်းအသစ်ဝယ်မယ့်အစား ပစ္စည်းဟောင်းကိုပဲပြင်သုံးကြတာကြောင့် ပစ္စည်းတစ်ပတ်ရစ်အရောင်းအဝယ်လုပ်ငန်းတွေ၊ ပြင်ဆင်တဲ့ repair shop တွေအခြေအနေကောင်းနိုင်ပါတယ်။စိတ်ဓာတ်ကျတဲ့အတွက်အရက်ရောင်းဝယ်ရေး၊ ဗေဒင်လက္ခဏာလုပ်ငန်း ဒါတွေကောင်းနိုင်ပါတယ်။

နိုင်ငံခြားထွက်လုပ်။ခုချိန်နိုင်ငံခြားထွက်အလုပ်လုပ်ရင်တော့ငွေသာမကနိုင်ငံအတွက်ဒေါ်လာရှာပေးတဲ့ကုသိုလ်ပါရနိုင်ပါတယ်။လူငယ်လူလတ်ပိုင်းတွေဒီမှာအလုပ်ရှာရခက်ရင်နိုင်ငံခြားထွက်လုပ်ကြပါ။ နိုင်ငံခြားထွက်လုပ်ရင်ငွေသာမကဘဲရေခြားမြေခြားမှာကိုယ့်ထမင်းကိုယ်ရှာစားပြီးရှင်သန်ရပ်တည်နိုင်တဲ့အစွမ်းပါရပါလိမ့်မယ်။

စီးပွားရေးကျဆင်းမှုဒဏ်ကိုကျော်လွှားဖို့ ကိုယ်ကိုယ်တိုင်ကျင့်သုံးအလုပ်ဖြစ်နေတဲ့နည်းတွေရှိရင်လည်း ဝိုင်းဖြည့်ဆွေးနွေးပေးကြပါ။ စီးပွားရှင်” ဆိုပြီး ရေးသားမျှဝေထားပါတယ်။

အခက်အခဲတွေကြားမှ မြန်မာပြည်ကြီး အမြန်ဆုံးကျော်လွှားနိုင်ပါစေ။

Source: မောင်စီးပွား