ကဲလာပါၿပီ ၁၀တန္း တစ္ႏွစ္ထဲ စာလုပ္႐ုံနဲ႔ မရေတာ့တဲ့ ပညာေရး…

ကဲလာပါၿပီ ၁၀တန္း တစ္ႏွစ္ထဲ စာလုပ္႐ုံနဲ႔ မရေတာ့တဲ့ ပညာေရး…

ကဲလာပါၿပီ ၁၀တန္း တစ္ႏွစ္ထဲ စာလုပ္႐ုံနဲ႔ မရေတာ့တဲ့ ပညာေရးပါ .. ။

Grade10,11,12 သုံးႏွစ္လုံးမွာGrade A ရမွကိုယ္ႏွစ္သက္တဲ့တကၠသိုလ္ကိုေရြးခ်ယ္လို႔ရမွာျဖစ္ၿပီး

GradeB,C ရတဲ့သူကသတ္မွတ္ထားတဲ့ တကၠသိုလ္သာဝင္ခြင့္ရမွာပါ။

ဖတ္ျဖစ္ေအာင္ ဖတ္ၾကည့္ပါ။

၂၀၂၀_၂၀၂၁ ပညာသင္ႏွစ္Grade 10 (ဒသမတန္း)ေက်ာင္းတြင္းစစ္စာေမးပြဲ

၂၀၂၁_၂၀၂၂ ပညာသင္ႏွစ္Grade 11 (ဧကဒသမတန္း)ေက်ာင္းတြင္းစစ္စာေမးပြဲ

၂၀၂၂_၂၀၂၃ ပညာသင္ႏွစ္Grade 12 (ဒြါဒသမတန္း)ေက်ာင္းတြင္းစစ္စာေမးပြဲ ႏွင့္နိုင္ငံေတာ္အစိုးရစစ္စာေမးပြဲစာေမးပြဲႏွစ္ခုရွိပါသည္။

Grade 12ေက်ာင္းတြင္းစစ္စာေမးပြဲေျဖဆိုေအာင္ျမင္ပါကသင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ ရရွိမည္ျဖစ္ပါသည္။

ထိုလက္မွတ္ျဖင့္ေကာလိပ္မ်ား၊Instituteမ်ား(ပညာေရးေကာလိပ္၊GTI အစရွိသျဖင့္)ဝင္ခြင့္ေျဖဆိုခြင့္ရမည္ျဖစ္ပါသည္။

သို႔ေသာ္၂၀၂၃ ခုႏွစ္ မတ္လတြင္က်င္းပျပဳလုပ္သည့္နိုင္ငံေတာ္အဆင့္ အစိုးရစစ္စာေမးပြဲသည္သာUniversity မ်ားတက္ေရာက္ခြင့္ရရွိမည့္Grade အဆင့္သတ္မွတ္ခ်က္ရလဒ္စာေမးပြဲျဖစ္ပါသည္။

ထိုရလဒ္ Grade အေနအထားအေပၚမူတည္ၿပီးမွသာတကၠသိုလ္မ်ားကို ဝင္ခြင့္ေျဖဆိုခြင့္ရမည္ျဖစ္ပါသည္။

ထိုစာေမးပြဲတြင္Grade A ရထားေသာကေလးသည္ႏွစ္သက္သလိုတကၠသိုလ္မ်ားကို ေရြးခ်ယ္ေျဖဆိုခြင့္ရမည္ျဖစ္ေသာ္လည္း၊Grade B,C အစရွိသျဖင့္

ရေသာကေလးမ်ားသည္ထို Grade မ်ားကိုလက္ခံေျဖဆိုခြင့္ျပဳေသာတကၠသိုလ္မ်ား၌သာ ေျဖခြင့္ရွိမည္ျဖစ္ပါသည္။

Grade မ်ားသည္လည္းဘာသာရပ္ တိုင္းအတြက္ေကာင္းရန္မလိုပါ။မိမိ အဓိက ေရြးခ်ယ္မည့္တကၠသိုလ္တစ္ခုကိုေတာ့ ကိုG10တည္းက ေသခ်ာ ဆုံးျဖတ္ထားရန္ လိုအပ္ပါသည္။

ဥပမာ။ ။ေဆးတကၠသိုလ္ ဝင္ခြင့္အတြက္ဆိုလၽွင္ English၊Physics၊Chemistry၊Biologyေလးဘာသာ၏ Grade ကိုသာၾကည့္၍ဝင္ခြင့္ေျဖဆိုခြင့္ျပဳမျပဳ ဆုံးျဖတ္မည္ျဖစ္ၿပီး၊

Engineering ႏွင့္IT တကၠသိုလ္မ်ားအတြက္ဆိုလၽွင္English၊Math၊Physics၊Chemistry ေလးဘာသာ၏Grade မ်ားကိုသာ ၾကည့္မည္ျဖစ္ပါသည္။

ဘာသာစုံ Grade အျမင့္ဆုံးေတြ ရထားရင္ေတာ့တကၠသိုလ္ ေရြးခ်ယ္နိုင္ခြင့္ပိုမ်ားပါလိမ့္မည္။

၁၂ တန္း အစိုးရစစ္ စာေမးပြဲႀကီးတြင္(၆)ဘာသာ သာေျဖဆိုရပါမည္။

General Science ၊Social Science ဘာသာရပ္မ်ား ေျဖရန္မလိုပါ။ရွင္းေအာင္ေျပာရရင္(၂ဘာသာ/၃ဘာသာ)ေပါင္းစည္းထားေသာ ဘာသာရပ္မ်ားစာေမးပြဲေျဖဆိုရန္မလိုအပ္ပါ။

မွတ္ခ်က္။ ။၁၂တန္းမွာ Grade လည္းေကာင္းဖို႔လိုသလို တကၠသိုလ္ဝင္ခြင့္ေျဖရာမွာအဆင္ေၿပ ေအာင္ျမင္ေစဖိုG(10,11,12 )သုံးႏွစ္စာသင္ခန္းစာေတြကိုလည္းကၽြမ္းက်င္ခဲ့ဖို႔လိုပါတယ္။

* Grade ေကာင္း႐ုံနဲ႔လည္းတကၠသိုလ္တက္ခြင့္ရမွာမဟုတ္ပါဘူးဝင္ခြင့္ေျဖဆိုခြင့္ပဲ ရမွာျဖစ္ၿပီးဝင္ခြင့္ပါမွသာ တကၠသိုလ္တက္ခြင့္ရမွာပါ။

Crd to original writer

Unicode

ကဲလာပါပြီ ၁၀တန်း တစ်နှစ်ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့ ပညာရေး…

ကဲလာပါပြီ ၁၀တန်း တစ်နှစ်ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့ ပညာရေးပါ .. ။

Grade10,11,12 သုံးနှစ်လုံးမှာGrade A ရမှကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပြီး

GradeB,C ရတဲ့သူကသတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ။

ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။

၂၀၂၀_၂၀၂၁ ပညာသင်နှစ်Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၁_၂၀၂၂ ပညာသင်နှစ်Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ ပညာသင်နှစ်Grade 12 (ဒွါဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါကသင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။

ထိုလက်မှတ်ဖြင့်ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာUniversity များတက်ရောက်ခွင့်ရရှိမည့်Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာတက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင်Grade A ရထားသောကလေးသည်နှစ်သက်သလိုတက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့်

ရသောကလေးများသည်ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

Grade များသည်လည်းဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ ကိုG10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင် English၊Physics၊Chemistry၊Biologyလေးဘာသာ၏ Grade ကိုသာကြည့်၍ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊

Engineering နှင့်IT တက္ကသိုလ်များအတွက်ဆိုလျှင်English၊Math၊Physics၊Chemistry လေးဘာသာ၏Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်(၆)ဘာသာ သာဖြေဆိုရပါမည်။

General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ရှင်းအောင်ပြောရရင်(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်းကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာအဆင်ပြေ အောင်မြင်စေဖိုG(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်းကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။

* Grade ကောင်းရုံနဲ့လည်းတက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူးဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီးဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

Crd to original writer