ကြန္ျပဴတာကီးဘုတ္ကို ပညာ႐ွင္တစ္ဦးလို ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ေလးမ်ား

ကြန္ျပဴတာကီးဘုတ္ကို ပညာ႐ွင္တစ္ဦးလို ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ေလးမ်ား

ကြန္ျပဴတာဆိုတာဟာ ကိုယ့္အတြက္အလြန္အသုံးဝင္တဲ့အရာတစ္ခုဆိုေပမယ့္ အသုံးဝင္ေအာင္သုံးတတ္ဖို႔လိုပါတယ္။ ဒီေတာ့ ကြန္ျပဴတာတစ္လုံးကို ဘယ္လိုလွည့္ကြက္ေလးေတြနဲ႔ အသုံးျပဳလို႔ ရမလဲဆိုတာကို ေျပာျပေပးသြားမွာပဲ ျဖစ္ပါတယ္ …။

၁- Control + T

Browser မွာ အျခား Tab တစ္ခုဖြင့္ခ်င္တယ္ဆိုရင္ ေမာစ္နဲ႔ အေပါင္းလကၡဏာကို သြားကလစ္ေနဖို႔မလိုပဲ Control + T ႏွိပ္လိုက္ရင္လည္း ရပါတယ္ …။

၂- ကြန္ျပဴတာမွာ error တစ္ခုခုတက္ခဲ့လ်င္ ပညာ႐ွင္ဆီသြားမျပခင္ အရင္ဆုံး ဂူးဂဲမွာ႐ွာေဖြၾကည့္ပါ။ဂူးဂဲေပၚမွာ ေထာင္ခ်ီတဲ့ ကြန္ျပဴတာျပႆနာေတြအတြက္ အေျဖ႐ွိၿပီးသားျဖစ္တာေၾကာင့္ အခ်ိန္ကုန္ သက္သာေစမယ့္အျပင္ ျပင္ဆင္ခ ကုန္က်စရိတ္လည္း သက္သာ သြားပါလိမ့္မယ္ …။

၃- ေငြလဲႏႈန္းေတြကို သိခ်င္တယ္ဆိုရင္ ဂဏန္းေပါင္းစက္နဲ႔တြက္ခ်က္ေနစရာမလိုပဲ ဂူးဂဲ search bar မွာ 50 dollars to kyats လို႔ ႐ိုက္လိုက္႐ုံနဲ႔ အေျဖကို တန္းသိႏိုင္ပါလိမ့္မယ္ …။

၄- Google ေပၚက ပုံေတြကို ေဒါင္းခ်င္ရင္ right click ႏွိပ္ Save လုပ္စရာ မလိုပါဘူး …။

Alt နဲ႔ Left click ႏွိပ္႐ုံနဲ႔ သင္လိုခ်င္တဲ့ ပုံကို Download ဆြဲလို႔ရပါတယ္ေနာ္ …။

၅- IP Address ဆိုတာက အိမ္နံပတ္လိုပါပဲ …။

ကိုယ့္ရဲ႕ IP လိပ္စာကိုသိရင္ ကိုယ္ဘယ္မွာ႐ွိေနလဲဆိုတာကို ေျခရာခံလို႔ရပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕တည္ေနရာကို ဘယ္သူမွမသိေစခ်င္ရင္ေတာ့ VPN လို႔ေခၚတဲ့ IP လိပ္စာကို ဖြက္ေပးတဲ့ ေဆာ့ဝဲေတြကို အသုံးျပဳပါ …။

၆- Laptop ဘတၳရီ အားကုန္ခါနီး အခါမ်ိဳးမွာ flightmode ခ်ၿပီးေတာ့ အားသြင္းပါ။ အဲ့ဘိုအားသြင္းတဲ့အခါမွာ သာမန္အားသြင္းတာထက္ ၁၅ မိနစ္နီးပါး အားျပည့္ျမန္တာကို ေတြ႕ရပါတယ္ …။

၇- ညလက္ကြန္ျပဴတာသုံးတဲ့သူေတြအေနနဲ႔ f.lux ဆိုတဲ့ ေဆာ့ဝဲကို အသုံးျပဳသင္ပါတယ္။ ဒီေဆာ့ဝဲဟာ ကြန္ျပဴတာစခရင္ကို အခ်ိန္နဲ႔လိုက္ၿပီး မ်က္စိမထိခိုက္ေစမယ့္ အေရာင္မ်ိဳးေျပာင္းလဲေပးတဲ့အတြက္ ညဘက္ကြန္ျပဴတာသုံးတဲ့ သူေတြနဲ႔ အထူးသင့္ေလ်ာ္တဲ့ ေဆာ့ဝဲေလးတစ္ခုပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Writer – Min Thu (XYZ News)

Unicode

ကွန်ပြူတာကီးဘုတ်ကို ပညာရှင်တစ်ဦးလို ကျွမ်းကျင်စွာ အသုံးပြုနိုင်မယ့် လျှို့ဝှက်ချက်လေးများ

ကွန်ပြူတာဆိုတာဟာ ကိုယ့်အတွက်အလွန်အသုံးဝင်တဲ့အရာတစ်ခုဆိုပေမယ့် အသုံးဝင်အောင်သုံးတတ်ဖို့လိုပါတယ်။ ဒီတော့ ကွန်ပြူတာတစ်လုံးကို ဘယ်လိုလှည့်ကွက်လေးတွေနဲ့ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် …။

၁- Control + T

Browser မှာ အခြား Tab တစ်ခုဖွင့်ချင်တယ်ဆိုရင် မောစ်နဲ့ အပေါင်းလက္ခဏာကို သွားကလစ်နေဖို့မလိုပဲ Control + T နှိပ်လိုက်ရင်လည်း ရပါတယ် …။

၂- ကွန်ပြူတာမှာ error တစ်ခုခုတက်ခဲ့လျင် ပညာရှင်ဆီသွားမပြခင် အရင်ဆုံး ဂူးဂဲမှာရှာဖွေကြည့်ပါ။ဂူးဂဲပေါ်မှာ ထောင်ချီတဲ့ ကွန်ပြူတာပြဿနာတွေအတွက် အဖြေရှိပြီးသားဖြစ်တာကြောင့် အချိန်ကုန် သက်သာစေမယ့်အပြင် ပြင်ဆင်ခ ကုန်ကျစရိတ်လည်း သက်သာ သွားပါလိမ့်မယ် …။

၃- ငွေလဲနှုန်းတွေကို သိချင်တယ်ဆိုရင် ဂဏန်းပေါင်းစက်နဲ့တွက်ချက်နေစရာမလိုပဲ ဂူးဂဲ search bar မှာ 50 dollars to kyats လို့ ရိုက်လိုက်ရုံနဲ့ အဖြေကို တန်းသိနိုင်ပါလိမ့်မယ် …။

၄- Google ပေါ်က ပုံတွေကို ဒေါင်းချင်ရင် right click နှိပ် Save လုပ်စရာ မလိုပါဘူး …။

Alt နဲ့ Left click နှိပ်ရုံနဲ့ သင်လိုချင်တဲ့ ပုံကို Download ဆွဲလို့ရပါတယ်နော် …။

၅- IP Address ဆိုတာက အိမ်နံပတ်လိုပါပဲ …။

ကိုယ့်ရဲ့ IP လိပ်စာကိုသိရင် ကိုယ်ဘယ်မှာရှိနေလဲဆိုတာကို ခြေရာခံလို့ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တည်နေရာကို ဘယ်သူမှမသိစေချင်ရင်တော့ VPN လို့ခေါ်တဲ့ IP လိပ်စာကို ဖွက်ပေးတဲ့ ဆော့ဝဲတွေကို အသုံးပြုပါ …။

၆- Laptop ဘတ္ထရီ အားကုန်ခါနီး အခါမျိုးမှာ flightmode ချပြီးတော့ အားသွင်းပါ။ အဲ့ဘိုအားသွင်းတဲ့အခါမှာ သာမန်အားသွင်းတာထက် ၁၅ မိနစ်နီးပါး အားပြည့်မြန်တာကို တွေ့ရပါတယ် …။

၇- ညလက်ကွန်ပြူတာသုံးတဲ့သူတွေအနေနဲ့ f.lux ဆိုတဲ့ ဆော့ဝဲကို အသုံးပြုသင်ပါတယ်။ ဒီဆော့ဝဲဟာ ကွန်ပြူတာစခရင်ကို အချိန်နဲ့လိုက်ပြီး မျက်စိမထိခိုက်စေမယ့် အရောင်မျိုးပြောင်းလဲပေးတဲ့အတွက် ညဘက်ကွန်ပြူတာသုံးတဲ့ သူတွေနဲ့ အထူးသင့်လျော်တဲ့ ဆော့ဝဲလေးတစ်ခုပဲ ဖြစ်ပါတယ်နော် …။ ။

Writer – Min Thu (XYZ News)