




(၁) ပါးတွေက အိနေတယ်






(၃) ကလေးဆန်တယ်



(၄) စကားတတ်တယ်



(၅) စိတ်ထားကြည်တယ်


Kham

Unicode

ပါးဖောင်းတဲ့ ကောင်မလေးတွေက သူများထက် ပိုချစ်ဖို့ ကောင်းနေရတဲ့ အကြောင်းအရင်းများ

အခုခေတ်မှာတော့ မျက်နှာသွယ်သွယ် မေးချွန်ချွန် ကောင်မလေးတွေကို လှတယ်ဆိုပြီး သဘောကျတာ များပါတယ်။

ဘယ်လိုပဲ အလှအပ စံနှုန်းတွေ ပြောင်းပြောင်း ချစ်စရာ ကောင်းနေတဲ့ ကောင်မလေးတွေကတော့ ရှိနေပါတယ်။ သူတို့ကတော့ ပါးဖောင်းဖောင်း ကောင်မလေးတွေပဲ ဖြစ်ပါတယ်။

ပါးဖောင်းတဲ့ ကောင်မလေးတွေ ချစ်ဖို့ကောင်းနေရခြင်းမှာ အခုလို အချက်တွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

(၁) ပါးတွေက အိနေတယ်

ပါးတွေက ချစ်စရာ ကောင်းစေတဲ့ အချက်တစ်ချက်ပါပဲ။ ပါးဖောင်းဖောင်းနဲ့ ကလေးလေးက ချစ်စရာ ကောင်းနေသလို ပါးဖောင်းတဲ့ ကောင်မလေးတွေကလည်း ကလေးတွေလို ချစ်ဖို့ကောင်းလှပါတယ်။

ပါးအိအိလေးတွေကို မြင်ရတာက တကယ့်ကို ချစ်ဖို့ကောင်းနေတဲ့အချက် ဖြစ်ပါတယ်။

(၂) အမူအရာက ချစ်စရာကောင်းတယ်

ပါးဖောင်းတဲ့ ကောင်မလေး အများစုရဲ့ အမူအရာတွေက တစ်မျိုးလေး ထူးပါတယ်။ အရမ်း သိမ်မွေ့နေတာလည်း မဟုတ်သလို သွက်လက်လွန်းတာရယ်လို့တော့ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း သူတို့ ပြုမူလိုက်တဲ့ ပုံစံတွေက ချစ်စရာ ကောင်းနေတတ်ပါတယ်။ သူတို့မှာ ရှိနေတဲ့ အပြုအမူက သူတို့ကို ချစ်စရာ ကောင်းနေစေတာပဲ ဖြစ်ပါတယ်။

(၃) ကလေးဆန်တယ်

ပါးဖောင်းတဲ့ ကောင်မလေးတိုင်းကတော့ ကလေးမဆန်ပါဘူး။ အများစုကတော့ ကလေးဆန်တဲ့ စိတ်မရှိရင်တောင် အပြုအမူနဲ့ အမူအရာတွေက ရှိနေပါတယ်။

ကလေးဆန်တယ်ဆိုတာ ဖြူစင်မှု ပါတဲ့ ပြောပုံဆိုပုံမျိုး ဖြစ်ပါတယ်။ ကလေးဆန်တဲ့ ပုံစံက လူတွေရဲ့ အမြင်ကို သဘောကျစိတ် ဖြစ်တာကြောင့် သူတို့က ချစ်စရာကောင်းတယ်လို့ မြင်ခံရစေတတ်ပါတယ်။

(၄) စကားတတ်တယ်

ပါးဖောင်းဖောင်းလေး ရှိတဲ့ မျက်နှာပိုင်ရှင် ကောင်မလေးတွေက စကားလည်း ပြောတတ်ပါသေးတယ်။ သူတို့ တစ်ခွန်းဆို တစ်ခွန်းက ချစ်ဖို့ကောင်းနေသလို သဘောကျစရာ ကောင်းနေတတ်ပါတယ်။

ဒီအချက်က သူတို့ကို ချစ်ဖို့ကောင်းတယ်လို့ အမှတ်ပေးကြတဲ့ အဓိက အချက် ဖြစ်ပါတယ်။

(၅) စိတ်ထားကြည်တယ်

ပါးဖောင်းပြီး ချစ်စရာ ကောင်းနေတယ်ဆိုတာ ရုပ်ရည်သက်သက် မဟုတ်ပါဘူး။ သူတို့မှာ စိတ်ထားကောင်းကောင်း ထားတတ်ကြာတာကြောင့်လည်း အခုလို မျက်နှာလေးက ကြည်ပြီး ချစ်ဖို့ ကောင်းနေကြတာ ဖြစ်ပါတယ်။
စိတ်ထားကောင်းတဲ့သူကို လူတိုင်းနီးပါးက ချစ်ခင်ကြပြီး သူတို့ကလည်း ခင်မင်တတ်တာမို့ ချစ်ဖို့ ကောင်းနေရတာလည်း ဖြစ်ပါတယ်။

Kham