အိမ္ေျမာင္ေတြ စုတ္ထိုးတာနဲ႔ ပက္သတ္ၿပီး သိသင့္ေသာ ဗဟုသုတမ်ား

အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေး ဖြစ်ပါတယ်။ အိမ်မြောင် စုတ်ထိုးသံကြားရတဲ့အခါ

အများစုက မသိသလိုပဲ နေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့ နေရာအပေါ် မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြ ပါတယ်။

ဒါဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများကလည်း ဒီလိုပဲ ယုံကြည်ထားကြပါတယ်။ ဖိလစ်ပိုင်မှာတော့ အိမ်မြောင် စုတ်ထိုးသံကြားရပြီ ဆိုရင်

အန္တရာယ်များတဲ့လူ ဒါမှမဟုတ် စာ ရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့ နေရာပေါ် မူတည်ပြီး

ကံဆိုးခြင်းနိမိတ်၊ ကံကောင်းခြင်းနိမိတ်ကို ခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည် ထားကြပါတယ်။

ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း

အိမ်မြောင်စုတ်ထိုးသံနဲ့ ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြ ပါတယ်။လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြား ထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာ အရပ်ကိုမူတည်ပြီး ကောင်းခြင်း၊ ဆိုးခြင်း နိမိတ်ကို သတ်မှတ်ထားကြပါတယ်။

ဒီ အကြောင်းလေးကို ပရိသတ်ကြီး ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင်… ရွေငွေ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီး အနောက်အရပ်မှစုပ်ထိုးလျှင် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မယ်လို့

ဆိုကြပါတယ်။တောင်အရပ်မှ စုတ်ထိုးရင် ခြေနှစ်ချောင်း ဝင်စရာရှိပြီး မြောက်အရပ်မှ စုတ်ထိုးရင်တော့ ချီးမြှောက်ခံရမယ်လို့ ဆိုကြပါတယ်။

ဦးခေါင်း တည့်တည့်အပေါ်မှ အိမ်မြောင် စုတ်ထိုးသံ ကြားရရင်တော့ ရာထူးလာဘ်လာဘ ဒီရေအလား တိုးတက်မယ်လို့ သိရပါတယ်။

အိမ် ရှိ မီးဖိုချောင်မှာ နေဝင်ချိန် အိမ်မြောင်စုတ်ထိုးသံ ကြားရရင်တော့ ဒါစားသောက်ဖွယ်ရာ ပစ္စည်းများ ပေါများပြည့်လျံမယ့် နမိတ်ဖြစ်ပါတယ်။

အိမ်ရှေ့ခန်းမှာ စုတ်ထိုးတဲ့အခါ မင်းစိုးရာဇာကိစ္စနဲ့ စကားများတတ်ပြီး အိမ်လယ်ခန်းက စုတ်ထိုးတဲ့အခါ သားသမီးကိစ္စဘစကားပြောတတ်တယ်လို့ သိရပါတယ်။ အိမ်ခန်းထဲက ထိုးတဲ့အခါ

လင်မယား စကားများရန်ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။ အချို့အိမ်မြှောင်စုတ်ထိုးသံကို ၂ရက် ၃ရက်မှ တစ်ကြိမ်ကြားရပြီ ဆိုရင်တော့ “ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟု မေတ္တာ ပို့ပေးသင့်တယ်လို့ သိရပါတယ်။

တစ်နေ့တည်း လေးငါးကြိမ် မက အခါခါ စုတ်ထိုးရင်တော့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ကိစ္စ၊ဆ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စ စိုးရိမ်ရတတ်တယ်လို့ အယူရှိကြပါတယ်။crd

Zawgyi

အိမ္ေျမာင္ဆိုတဲ့ တြားသြားသတၱဝါငယ္ဟာ ေနအိမ္ေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတတ္တဲ့ တိရစာၦန္ငယ္ေလး ျဖစ္ပါတယ္။ အိမ္ေျမာင္ စုတ္ထိုးသံၾကားရတဲ့အခါ

အမ်ားစုက မသိသလိုပဲ ေနတတ္ၾကပါတယ္။တစ္ခ်ိဳ႕ကေတာ့ အိမ္ေျမာင္စုတ္ထိုးရာမွာ စုတ္ထိုးတဲ့ ေနရာအေပၚ မူတည္ၿပီး နိမိတ္ျပတာျဖစ္တယ္လို႔ ဆိုၾက ပါတယ္။

ဒါဟာ ျမန္မာတစ္ႏိုင္ငံတည္း မဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ဒီလိုပဲ ယုံၾကည္ထားၾကပါတယ္။ ဖိလစ္ပိုင္မွာေတာ့ အိမ္ေျမာင္ စုတ္ထိုးသံၾကားရၿပီ ဆိုရင္

အႏၲရာယ္မ်ားတဲ့လူ ဒါမွမဟုတ္ စာ ေရာက္လာတတ္တယ္လို႔ ယုံၾကည္ၾကပါတယ္။အိႏၵိယႏိုင္ငံမွာလည္း အိမ္ေျမာင္ရဲ႕အသံျပဳသံ အသံျပဳတဲ့ ေနရာေပၚ မူတည္ၿပီး

ကံဆိုးျခင္းနိမိတ္၊ ကံေကာင္းျခင္းနိမိတ္ကို ခြဲျခားႏိုင္တယ္လို႔ ေရွးရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ယုံၾကည္ ထားၾကပါတယ္။

ဒီယုံၾကည္မႈဟာ အိႏၵိယအျပင္ ဘဂၤလားေဒ့ရွ္၊ နီေပါ စတဲ့ အိမ္နီးခ်င္း ႏိုင္ငံေတြမွာပါ တည္ရွိေနတာျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာလည္း

အိမ္ေျမာင္စုတ္ထိုးသံနဲ႔ ပတ္သတ္ၿပီး အတိတ္နမိတ္ေကာက္တာေတြရွိၾက ပါတယ္။လူနဲ႔ နတ္တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပသေကၤတျဖစ္တယ္လို႔ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးက ေဟာၾကား ထားပါတယ္။

အေရွ႕ေတာင္အာရွ ႏိုင္ငံအခ်ိဳ႕မွာ သတ္မွတ္ထားသလိုပဲ ျမန္မာႏိုင္ငံမွာလည္း အိမ္ေျမာင္စုတ္ထိုးရာ အရပ္ကိုမူတည္ၿပီး ေကာင္းျခင္း၊ ဆိုးျခင္း နိမိတ္ကို သတ္မွတ္ထားၾကပါတယ္။

ဒီ အေၾကာင္းေလးကို ပရိသတ္ႀကီး ဗဟုသုတရေစဖို႔ တင္ဆက္ေပးလိုက္ပါတယ္။

အေရွ႕အရပ္မွ အိမ္ေျမာင္စုတ္ထိုးရင္… ေ႐ြေငြ လက္ဝတ္ရတနာ ဝင္ကိန္းရွိၿပီး အေနာက္အရပ္မွစုပ္ထိုးလွ်င္ သူခိုးသူဝွက္ ရန္သူမ်ိဳးငါးပါး ေဘးေတြ႕ႀကဳံလိမ့္မယ္လို႔

ဆိုၾကပါတယ္။ေတာင္အရပ္မွ စုတ္ထိုးရင္ ေျခႏွစ္ေခ်ာင္း ဝင္စရာရွိၿပီး ေျမာက္အရပ္မွ စုတ္ထိုးရင္ေတာ့ ခ်ီးေျမႇာက္ခံရမယ္လို႔ ဆိုၾကပါတယ္။

ဦးေခါင္း တည့္တည့္အေပၚမွ အိမ္ေျမာင္ စုတ္ထိုးသံ ၾကားရရင္ေတာ့ ရာထူးလာဘ္လာဘ ဒီေရအလား တိုးတက္မယ္လို႔ သိရပါတယ္။

အိမ္ ရွိ မီးဖိုေခ်ာင္မွာ ေနဝင္ခ်ိန္ အိမ္ေျမာင္စုတ္ထိုးသံ ၾကားရရင္ေတာ့ ဒါစားေသာက္ဖြယ္ရာ ပစၥည္းမ်ား ေပါမ်ားျပည့္လ်ံမယ့္ နမိတ္ျဖစ္ပါတယ္။

အိမ္ေရွ႕ခန္းမွာ စုတ္ထိုးတဲ့အခါ မင္းစိုးရာဇာကိစၥနဲ႔ စကားမ်ားတတ္ၿပီး အိမ္လယ္ခန္းက စုတ္ထိုးတဲ့အခါ သားသမီးကိစၥဘစကားေျပာတတ္တယ္လို႔ သိရပါတယ္။ အိမ္ခန္းထဲက ထိုးတဲ့အခါ

လင္မယား စကားမ်ားရန္ျဖစ္တတ္တယ္လို႔ဆိုၾကပါတယ္။ အခ်ိဳ႕အိမ္ေျမႇာင္စုတ္ထိုးသံကို ၂ရက္ ၃ရက္မွ တစ္ႀကိမ္ၾကားရၿပီ ဆိုရင္ေတာ့ “က်န္းမာပါေစ၊ အစားအစာ ႂကြယ္ဝပါေစ” ဟု ေမတၱာ ပို႔ေပးသင့္တယ္လို႔ သိရပါတယ္။

တစ္ေန႔တည္း ေလးငါးႀကိမ္ မက အခါခါ စုတ္ထိုးရင္ေတာ့ က်န္းမာေရးနဲ႔ပတ္သတ္တဲ့ ကိစၥ၊ဆ စီးပြားေရးနဲ႔ပတ္သတ္တဲ့ကိစၥ စိုးရိမ္ရတတ္တယ္လို႔ အယူရွိၾကပါတယ္။crd