B.Tech ၊ B.E ၊ M.E ၊ Ph.D ႏွင္႔႔ ႏိုင္ငံျခားတကၠသိုလ္မ်ားအထိ တက္ေရာက္နိုင္မည္္႔ အထက္တန္းအဆင့္ျပီးေျမာက္ေၾကာင္းလက္မွတ္

B.Tech ၊ B.E ၊ M.E ၊ Ph.D ႏွင္႔႔ ႏိုင္ငံျခားတကၠသိုလ္မ်ားအထိ တက္ေရာက္နိုင္မည္္႔ အထက္တန္းအဆင့္ျပီးေျမာက္ေၾကာင္းလက္မွတ္

တကၠသိုလ္ဝင္တန္း စာေမးပြဲဲတြင္ က်ရွုံးခဲ့သူမ်ားအား အေျခခံပညာ အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည့္္အစီအစဥ္ႏွင့္ ပတ္သတ္၍ အေျခခံ ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးကိုေလးဝင္းႏွင့္ ဆက္သြယ္ေမးျမန္းထားျခင္း ျဖစ္ပါတယ္ …။

၂၀၀၉-၂၀၂၀ပညာသင္ႏွစ္၊ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္း ရလာဒ္မ်ားကို ဩဂုတ္လ(၉)ရက္ေန႔ ကထုတ္ျပန္ေၾကျငာခဲ့ရာတစ္နိုင္ငံလုံ းအတိုင္းအတာ အရ ဝင္ေရာက္ေျဖဆိုသူ ကိုးသိန္းေက်ာ္ရွိတဲ့ အနက္ သုံးသိန္းေက်ာ္ေျ ဖဆိုေအာင္ျမင္ခဲ့ၿပီ းက်ရွုံးသူစုစုေပါင္းေျခာက္သိန္းခန႔္ ရွိခဲ့ပါတယ္ …။

ဒီအေျခအေနမွာ အေျခခံပညာဦးစီးဌာန ကစာေမးပြဲ က်ရွုံးခဲ့သူမ်ား အနက္မွ ဂ်ီတီအိုင္ အပါအဝင္ အသက္ေမြးဝမ္းေၾကာင္း ဆိုင္ရာတကၠသိုလ္မ်ားကို ဆက္လက္တက္ေရာက္ ပညာသင္ယူနိုင္မည့္ အေျခခံပညာအထက္တန္း အဆင့္သင္ယူၿပီ းေျမာက္ေၾကာင္း လက္မွတ္မ်ားကိုထုတ္ေပးသြားရန္ စီစဥ္ေနေၾကာင္း သိရတဲ့အတြက္ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးကိုေလးဝင္းအား ဆက္သြယ္ေမးျမန္းထားမႈမ်ားကို တင္ျပလိုက္ရပါတယ္ …။

ေမး – တကၠသိုလ္ဝင္တန္း စာေမးပြဲ က်ရွုံးသူေတြကိုိ အေျခခံပညာ အထက္တန္း အဆင့္သင္ ယူၿပီးေျမာက္္ ေၾကာင္းလက္မွတ္ ထုတ္ေပးမယ္ဆိုတာနဲ႔ပတ္သတ္ၿပီးဘယ္လိုစီစဥ္ထားရွိလဲ ဆိုတာ သိပါရေစခင္ဗ် …၊

ေျဖ – အဲဒါက က်တဲ့သူတိုင္း မဟုတ္ဘူး။ က်ေပမယ့္လို့ိ သူကေက်ာင္္းလည္း တက္တယ္။ အထက္တန္း အဆင့္ၿပီးဆုံးေၾကာင္ းလက္မွတ္ရဖို့အတြက္ သူ႔မွာစံသတ္မွတ္ခ်က္ေတြနဲ ႔ညီတယ္ဆိုမွ ဒီလက္မွတ္ကိုထုတ္ေပးမွာ …။

ေမး – စာေမးပြဲမွ ာအျပင္ေျဖအေနနဲ႔ ဝင္ေရာက္ေျဖဆိုိၿပီး က်ရွုံးခဲ့သူေတြေရာ လက္မွတ္ထုတ္ေပးတဲ့ အစီအစဥ္ထဲပါ ၊မပါကိုသိခ်င္ပါတယ္ဆရာ …။

ေျဖ – အျပင္ေျဖမပါဘူးေလ ။ေက်ာင္းမတက္တဲ့ ကေလးကိုိ ဘယ္လိုလုပ္ အထက္တန္းပညာသင္ယူၿပီးေျ မာက္ေၾကာင္း လက္မွတ္ထုတ္ေပးလို့ရမလဲ။ သူကေက်ာင္းမွ မတက္တဲ့ ဟာျဖစ္တဲ့အတြက္ မပါဘူး …။

ေမး – သင္ယူမွုၿပီးဆုံးေၾကာင္း လက္မွတ္ရတဲ့ေ က်ာင္းသား ‌ေက်ာင္းသူေတြ အေနနဲ႔တကၠသိုလ္ဝင္တန္းစာ ေမးပြဲကိုထပ္ မံေျဖဆိုခြင့္ရွိ၊မရွိလည္းသိပါရေစ ဆရာ …။

ေျဖ-ရတယ္။ သူကတကၠသိုလ္ဝင္ခြင့္ကိုျ ပင္ပေျဖအေနနဲ ႔ေျဖလို႔ ရတယ္။ ဒါမွမဟုတ္လည္း တစ္ႏွစ္က်တဲ့ ကေလးကေက်ာင္းထဲမွာဝင္တက္ၿပီးေျဖခ်င္ေသးတယ္ ဆိုရင္လည္းေျဖလို႔ ရတယ္။ ဒါေပမယ့္သူက သင္ယူၿပီးေျမာက္ေၾကာင္ းလက္မွတ္ရထားၿပီးသား ဆိုရင္ေတာ့ေနာက္တစ္ႀကိမ္ ထပ္မရေတာ့ဘူး …။

ေမး – သင္ယူၿပီ းေျမာက္ေၾကာင္း လက္မွတ္ရရွိသူေတြ အေနနဲ႔ဂ်ီတီအိုင္ကို ဒီလက္မွတ္နဲ႔တက္လို့ ရတယ္ဆို တာကေရာ အမွန္ပဲလားဆိုတာ သိခ်င္ပါတယ္ …။

ေျဖ – မွန္တယ္။ မွန္တယ္။ Under Graduated ဒီပလိုမာေတြ အကုန္လုံးကို တက္လို႔ ရတယ္။ Post Graduated ဒီပလိုမာ ေတာ့တက္လို့မရဘူး ။ဘြဲ႕ရၿပီးသား သူေတြတက္လို့ ရတဲ့ဒီပလိုမာေတြ တက္လို့မရ ဘူး။ သူကUnder Graduated ဒီပလိုမာေတြဆိုရင္ တက္လို႔ ရတယ္ …။

ေမး – ဂ်ီတီအိုင္အပါအဝင္ Under Graduate ဒီပလိုမာသင္တန္းေတြကေရာ ဘယ္ေတာ့ေလာက္မ်ား တက္ခြင့္ရနိုင္မလဲ ဆိုတာ သိပါရေစခင္ဗ် …။

ေျဖ-အဲဒါကမၾကာခင္မွ ာကၽြန္ေတာ္တို့အေနနဲ႔ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေတြ ထုတ္ေပးလိမ့္ မယ္။ အဲဒါေတြၿပီးသြားတာနဲ႔အြန္လိုင္းကတဆင့္ဖြင့္တဲ့ Under Graduate ဒီပလိုမာသင္တန္းေတြနဲ႔ တကၠသိုလ္ ေတြကဖြင့္တဲ့ Under Graduate ဒီပလိုမာသင္တန္းေတြကိုတက္လို႔ ရ လိမ့္မယ္။ တကၠသိုလ္ေတြအေနနဲ႔ ကေတာ့အရင္ဆုံ းတကၠသိုလ္ဝင္တန္း ေျဖၿပီးေတာ့ေအာင္ မွ တက္လို႔ရမယ္ …။

ေမး – အထက္တန္းအဆင့္သင္ယူ ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးတဲ့ေ နရာမွာအျပင္ေျဖနဲ႔ေက်ာင္း ေျဖကိုခြဲျခားလိုက္တာမမၽွတဘူးဆိုတဲ့ေဝဖန္မွုေတြ ထြက္ေပၚေနတာနဲ႔ ပတ္သတ္ၿပီးေတာ့ေရာ ဘာမ်ားေျပာခ်င္ပါသလဲ …?

ေျဖ – မခြဲျခားပါဘူး။ ဘယ္သူကခြဲျခားလို့လဲ ။ေက်ာင္းမွာမွရွိမေနတဲ့သူကို ဘယ္လိုလုပ္သင္ယူၿပီ းေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးရမွာတုန္း။ အျပင္ကလူက အျပင္ကလူပဲေလ။ အျပင္ကလူကို သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးလို့မရဘူးေလ ။ေက်ာင္းမွာတက္ၿပီးေတာ့မွ သင္ယူၿပီးေျမာက္ေၾကာင္းေပး လို ႔ ရ မွာေပါ့ …။

ဘယ္သူေတြကခြဲျခားတယ္လို့ေျ ပာေနလို့လဲ ။အဲဒါအလကားေ လၽွာက္ၿပီးဖြေနတာ။ခြဲျခားတာမဟုတ္ဘူး။ ခြဲျခားတာ မဟုတ္ဘူးဆိုတာ ဒီကေလးေတြႏွစ္စဥ္၊ ႏွစ္စဥ္သုံးပုံႏွစ္ပုံေလာက္ရွုံးၿပီးေတာ့မွ အေဟာသိကံျဖစ္ေနတယ္ ။အဲဒီအတြက္ ကၽြန္ေတာ္တို့က သက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ဘာသာရပ္ေတြသင္ၾကားပို့ခ်မွုကို ဖန္တီးေပးရတာ။ ဒါကအမ်ိဳးသားပညာေရး၊ မဟာဗ်ဴဟာစီမံကိန္းအရ လုပ္ေပးေနတာ။ခြဲျခားတာမဟုတ္ဘူး …။

အရင္တုန္းကဆိုရင္ မိိဘေတြက အစိုးရေက်ာင္းေတြမွာ ဆိုရင္တခ်ိဳ့အေနနဲ ႔ပထမႏွစ္ေတာင္မတက္ခ်င္ဘူးေလ။ မတက္ဘဲနဲ႔ဘာလုပ္ၾကလဲဆိုေတာ့ျပင္ပကေနၿပီ းေလ့လာၿပီးေျဖတယ္ေပါ့။ တျခားေဘာ္ဒါေဆာင္ေတြမွ ာထားၿပီးလုပ္ၾကတာ။ အခုဒီအစီအစဥ္အရ ကၽြန္ေတာ္တို့ကေက်ာင္းေတြမွ ာစနစ္တက်၊ စည္းကမ္းတက် လိုက္နာၿပီးတက္မွ။ သူတို့ကိုသတ္မွတ္ထားတဲ့ စံသတ္မွတ္ခ်က္(၇)ခ်က္နဲ႔ ကိုက္ညီမွ။ အဲဒါကလည္းေ က်ာင္းအုပ္ႀကီးက ဆုံးျဖတ္တာမဟုတ္ဘူး ။ေက်ာင္းထဲမွာ အကယ္ဒမစ္ဘုတ္ အဖြဲ႕ေတြရွိတယ္။ အဲဒီဘုတ္အဖြဲ႕ေတြကဆုံးျဖတ္ၿပီးမွ ေပးတာ …။

ဒီကေလးေတြအေဟာ သိိကံျဖစ္သြားမွာစိုးတဲ့ အတြက္သူတို့ကို သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေတြေပး လိုက္မယ္ဆိုရင္ အထက္တန္းအဆင့္သင္ယူၿပီညေ မာက္ေၾကာင္းကိုလက္ခံတဲ့နိုင္ငံတကာကတကၠသိုလ္ေတြလည္း ရွိတယ္။ ဒီမွာသင္ယူၿပီ းေျမာက္ေၾကာင္းလက္မွတ္ရထားတယ္ဆိုရင္ျ ပည္ပတကၠသိုလ္ေတြထဲမွာ အခ်ိဳ႕တကၠသိုလ္ေတြက ဝင္ခြင့္ေျဖခိုင္းၿပီး လက္ခံတယ္။ တခ်ိဳ့ၾကေတာ့ဝင္ခြင့္ေျဖစရာမလိုဘဲ လက္ခံတဲ့ တကၠသိုလ္ေတြလည္းရွိေ ကာင္းရွိနိုင္ပါတယ္ …။

ဒါက တကၠသိုိလ္ေတြရဲ့ မူဝါဒအေပၚမွာပဲ မူတည္တယ္။ ျမန္မာျပည္မွာလည္း ဒီလိုဘဲ။ ဆယ္တန္းက်ၿပီးေတာ့ လမ္းေဘးေရာက္ေနတဲ့ ကေလးအမ်ားစုကို ကၽြန္ေတာ္တို့က ဘာလုပ္ရလဲဆိုေတာ့ ဒီကေလးေတြရဲ့ ဘဝတစ္သက္တာ သင္ယူမွုအတြက္ကို ကၽြန္ေတာ္တို႔က ခ်ိတ္ဆက္သင္ၾကားေပးရတာ …။

Under Graduate ဒီပလိုမာတန္း တက္မယ္ ႏွစ္ႏွစ္၊သုံးႏွစ္တက္ၿပီးရင္ Advance Diploma တန္းတက္မယ္။ အဲဒီကေနမွ Degree တို့၊Bachelor (ဘြဲ႕)သင္တန္းေတြတက္ဖို႔ အခြင့္အလမ္းရလိမ့္မယ္ …။

အဲဒီကမွအဆင့္ျမင့္သြားရင္ ပါရဂူဘြဲ႕သင္တန္း(PhD)အထိိ တက္လို့ရတယ္။ဒ ါသူတို့ကိုခြဲျခားဆက္ဆံတာမဟုတ္ဘူး။ ဘယ္သူကခြဲျခားဆက္ဆံမွာ တုန္း ။ေက်ာင္းမတက္တဲ့ ကေလးကေတာ့ ကၽြန္ေတာ္တို႔ ေပးလို႔မရဘူးေနာ္ …။

ေမး – ဒါဆိုရင္ အစိုးရေက်ာင္းေတြ ကေပးတဲ့အေျခခံပညာ အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ကနိုင္ငံတကာေက်ာင္းေတြနဲ ႔တကၠသိုလ္ေတြကိုပါ တက္လို့ရနိုင္တာမ်ိဳးလား ဆိုတာသိပါရေစ ခင္ဗ် …။

ေျဖ – အဲဒါကိုိ သုံးလို့ရတယ္ ။အဲဒီအတြက္ကို ပါရည္ရြယ္ၿပီး ကၽြန္ေတာ္တို့လုပ္ေပးတာပါ ။အခုလိုအခ်ိန္ေပးေျဖၾကားေပးတဲ့ အတြက္ေက်းဇူးအထူးတင္ရွိပါတယ္ခင္ဗ်။ ဟုတ္ကဲ့ပါ ။ေမးျမန္းတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ …။

သူရိန္မိုး Myanmar Platform

(အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ျဖင့္ တကၠသိုလ္ပညာ ဆက္လက္သင္ယူနိုင္)

တကၠသိုလ္ဝင္တန္းမွာ က်ရွုံးခဲ့ေပမယ့္ သတ္မွတ္စံႏွုန္းေတြနဲ႔ ကိုက္ညီတဲ့ ေက်ာင္းသားေတြကို အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ (High School Completion Certificate) ထုတ္ေပးသြားမွာျဖစ္ၿပီး အဲဒီလက္မွတ္နဲ႔ ပညာေရးတကၠသိုလ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ တကၠသိုလ္ေတြမွာ ဆက္လက္ပညာသင္ယူခြင့္ရ မွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္ …။

ေက်ာင္းေတြမွာ ဖြဲ႕စည္းထားတဲ့ အရည္အေသြးစိစစ္ေရးအဖြဲ႕ေတြက ေက်ာင္းေခၚႀကိမ္ ျပည့္မီမွု၊ ဘာသာရပ္အလိုက္တတ္ေျမာက္မႈ

စာေပအႏုပညာလုပ္ငန္းေတြမွာ ပါဝင္မွု၊ ေက်ာင္းစည္းကမ္းလိုက္နာမွ ု၊ ေက်ာင္းေကာင္စီအသင္းအဖြဲ႕ေတြမွာ ပါဝင္ေဆာင္ရြက္မွု စတဲ့ ကဏ္႑ ၇ ရပ္အေပၚမွာ အေျခခံၿပီး “အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္” (High School Completion Certificate) ကိုအကဲျဖတ္ ေပးအပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္ …။

ႏွစ္စဥ္ တကၠသိုလ္ဝင္စာေမးပြဲ ကို ေျဖဆိုတဲ့အခါရာခိုင္ႏွုန္းအားျဖင့္ ၃၀%ဝန္းက်င္ စာေမးပြဲေအာင္ျမင္ၾကၿပီး တကၠသိုလ္ပညာကို ဆက္လက္သင္ယူခြင့္ ရရွိခဲ့ပါတယ္။ က်န္ မေအာင္တဲ့ ၇၀% အတြက္ေတာက္ေလ်ာက္ မစဥ္းစားခဲ့တဲ့အတြက္ အားလုံးဟာ ပညာေရးလမ္းဆုံးခဲ့ရပါတယ္ …။

အဲ့တာကို မျဖစ္ေအာင္ဆိုၿပီးေတာ့ တကၠသိုလ္ဝင္စာေမးပြဲ မေအာင္ျမင္သူ Completion Certificate ရရွိထားသူေတြက တကၠသိုလ္ကို တိုက္ရိုက္ တက္ေရာက္ခြင့္ မရွိေသာ္လည္း Undergraduate Diploma ေတြလို၊ အသက္ေမြးဝမ္းေၾကာင္း Diplomaလို သင္တန္းမ်ိဴးေတြ တက္ခြင့္ရေအာင္ အသိအမွတ္ျပဳနိုင္တဲ့ လက္မွတ္တစ္ခုအေနနဲ႔ ေပးမွာျဖစ္ပါတယ္ …။

ဥပမာ-GTIလိုဟာမ်ိဴး၊ စိုက္ပ်ိဴးေရးသိပၸံလိုဟာမ်ိဴး၊ ဆရာအတက္သင္ ပညာေရးေကာလိပ္လို ၊ေနာက္အျခားဝန္ႀကီးဌာနမွာ ရွိတဲ့အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းေလးေ တြနဲ႔ဆိုင္တဲ့ Diploma ေလးေတြရွိတယ္ …။

အဲ့ဒိ Diplomaေလးေတြကို ဒီလက္မွတ္နဲ႔သြားၿပီး တက္ေရာက္ခြင့္ရေအာင္ ပညာေရးဝန္ႀကီးဌာနက ႀကိဳးစားခ်ိတ္ဆက္ေဆာင္ရြက္ေနပါတယ္ …။

ဆယ္တန္းစာေမးပြဲကို မေအာင္ေသာ္ျငားလည္း ဒီ Completion Certificate ရထားတဲ့ေက်ာင္းသားတစ္ေယာက္ဟာ ဥပမာအားျဖင့္ GTI လိုဟာမ်ိဴး တက္လိုက္တယ္ …။

GTIမွာတက္ၿပီးသူက ထူးခၽြန္သြားတယ္ဆိုရင္ GTI ကေနမွတစ္ဆင့္ နည္းပညာ တကၠသိုလ္လိုဟာ မ်ိဴးကိုေပါင္းကူးၿပီးေတာ ့သင္ယူခြင့္ရမယ္ …။

နည္းပညာတကၠသိုလ္ တက္ခြင့္ရၿပီဆိုရင္ သူက GTI ဆင္းကေနၿပီးေတာ့ B.Tech တို႔B.Eဘြဲ႕တို႔ရမယ္။ B.Eဘြဲ႕ရၿပီဆိုရင္ ေရွ႕ဆက္သြားရင္M.E တို ႔ Ph.Dတို႔ကိုဆက္ၿပီးေတာ့ သြားနိုင္တာေပါ့ …။

ေနာက္တစ္ခုက အလုပ္အကိုင္ အခြင့္အလမ္းေပါ့။ အရင္တုန္းကေ အာက္ေျခဝန္ထမ္းေတြမွာဆိုရင္ ဒႆမတန္းေအာင္ရမည္။ တကၠသိုလ္ဝင္တန္ ‌ေအာင္ရမည္ဆိုတဲ့အစား ဒီလက္မွတ္နဲ႔လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ အေရြးခံခြင့္ရေအာင္ ပညာေရးဝန္ႀကီးဌာနက အျခားဌာနအားလုံးနဲ႔ညႇိႏွိုင္းသြားဖို ႔ရွိပါတယ္။ ဆိုလိုတာေကတာ့ ဒီအထက္တန္းၿပီးဆုံးေၾကာင္း လက္မွတ္သည္ သာမန္လက္မွတ္ မဟုတ္ဘဲနဲ႔ အဓိပ္ပါယ်ရွိတယ်ေပါ့။ Meaningful Certificate ျဖစ္ေအာင္ ေနာက္ၿပီး တန္ဖိုးရွိတဲ့ Valuable Certificate ျဖစ္ေအာင္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေဆာင္ရြက္ေနပါတယ္ …။

ေဒါက္တာတင္ေမာင္ဝင္း ဒုတိယညႊန္ၾကားေရးမႈးခ်ဴပ္ အေျခခံပညာဦးစီးဌာန ပညာေရးဝန္ႀကီးဌာန

Unicode

B.Tech ၊ B.E ၊ M.E ၊ Ph.D နှင့် နိုင်ငံခြားတက္ကသိုလ်များအထိ တက်ရောက်နိုင်မည့် အထက်တန်းအဆင့်ပြီးမြောက်ကြောင်းလက်မှတ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျရှုံးခဲ့သူများအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည့်အစီအစဉ်နှင့် ပတ်သတ်၍ အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းနှင့် ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါတယ် …။

၂၀၀၉-၂၀၂၀ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ရလာဒ်များကို ဩဂုတ်လ(၉)ရက်နေ့ ကထုတ်ပြန်ကြေငြာခဲ့ရာတစ်နိုင်ငံလုံးအတိုင်းအတာ အရ ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းကျော်ရှိတဲ့ အနက် သုံးသိန်းကျော်ဖြေဆိုအောင်မြင်ခဲ့ပြီးကျရှုံးသူစုစုပေါင်းခြောက်သိန်းခန့် ရှိခဲ့ပါတယ် …။

ဒီအခြေအနေမှာ အခြေခံပညာဦးစီးဌာန ကစာမေးပွဲ ကျရှုံးခဲ့သူများ အနက်မှ ဂျီတီအိုင် အပါအဝင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာတက္ကသိုလ်များကို ဆက်လက်တက်ရောက် ပညာသင်ယူနိုင်မည့် အခြေခံပညာအထက်တန်း အဆင့်သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကိုထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရတဲ့အတွက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းအား ဆက်သွယ်မေးမြန်းထားမှုများကို တင်ပြလိုက်ရပါတယ် …။

မေး – တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးသူတွေကိို အခြေခံပညာ အထက်တန်း အဆင့်သင် ယူပြီးမြောက် ကြောင်းလက်မှတ် ထုတ်ပေးမယ်ဆိုတာနဲ့ပတ်သတ်ပြီးဘယ်လိုစီစဉ်ထားရှိလဲ ဆိုတာ သိပါရစေခင်ဗျ …၊

ဖြေ – အဲဒါက ကျတဲ့သူတိုင်း မဟုတ်ဘူး။ ကျပေမယ့်လိို့ သူကကျောင်းလည်း တက်တယ်။ အထက်တန်း အဆင့်ပြီးဆုံးကြောင်းလက်မှတ်ရဖို့အတွက် သူ့မှာစံသတ်မှတ်ချက်တွေနဲ့ညီတယ်ဆိုမှ ဒီလက်မှတ်ကိုထုတ်ပေးမှာ …။

မေး – စာမေးပွဲမှာအပြင်ဖြေအနေနဲ့ ဝင်ရောက်ဖြေဆိိုပြီး ကျရှုံးခဲ့သူတွေရော လက်မှတ်ထုတ်ပေးတဲ့ အစီအစဉ်ထဲပါ ၊မပါကိုသိချင်ပါတယ်ဆရာ …။

ဖြေ – အပြင်ဖြေမပါဘူးလေ ။ကျောင်းမတက်တဲ့ ကလေးကိို ဘယ်လိုလုပ် အထက်တန်းပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးလို့ရမလဲ။ သူကကျောင်းမှ မတက်တဲ့ ဟာဖြစ်တဲ့အတွက် မပါဘူး …။

မေး – သင်ယူမှုပြီးဆုံးကြောင်း လက်မှတ်ရတဲ့ကောင်းသား ‌ကျောင်းသူတွေ အနေနဲ့တက္ကသိုလ်ဝင်တန်းစာ မေးပွဲကိုထပ် မံဖြေဆိုခွင့်ရှိ၊မရှိလည်းသိပါရစေ ဆရာ …။

ဖြေ-ရတယ်။ သူကတက္ကသိုလ်ဝင်ခွင့်ကိုပြင်ပဖြေအနေနဲ့ဖြေလို့ ရတယ်။ ဒါမှမဟုတ်လည်း တစ်နှစ်ကျတဲ့ ကလေးကကျောင်းထဲမှာဝင်တက်ပြီးဖြေချင်သေးတယ် ဆိုရင်လည်းဖြေလို့ ရတယ်။ ဒါပေမယ့်သူက သင်ယူပြီးမြောက်ကြောင်းလက်မှတ်ရထားပြီးသား ဆိုရင်တော့နောက်တစ်ကြိမ် ထပ်မရတော့ဘူး …။

မေး – သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူတွေ အနေနဲ့ဂျီတီအိုင်ကို ဒီလက်မှတ်နဲ့တက်လို့ ရတယ်ဆို တာကရော အမှန်ပဲလားဆိုတာ သိချင်ပါတယ် …။

ဖြေ – မှန်တယ်။ မှန်တယ်။ Under Graduated ဒီပလိုမာတွေ အကုန်လုံးကို တက်လို့ ရတယ်။ Post Graduated ဒီပလိုမာ တော့တက်လို့မရဘူး ။ဘွဲ့ရပြီးသား သူတွေတက်လို့ ရတဲ့ဒီပလိုမာတွေ တက်လို့မရ ဘူး။ သူကUnder Graduated ဒီပလိုမာတွေဆိုရင် တက်လို့ ရတယ် …။

မေး – ဂျီတီအိုင်အပါအဝင် Under Graduate ဒီပလိုမာသင်တန်းတွေကရော ဘယ်တော့လောက်များ တက်ခွင့်ရနိုင်မလဲ ဆိုတာ သိပါရစေခင်ဗျ …။

ဖြေ-အဲဒါကမကြာခင်မှာကျွန်တော်တို့အနေနဲ့ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေ ထုတ်ပေးလိမ့် မယ်။ အဲဒါတွေပြီးသွားတာနဲ့အွန်လိုင်းကတဆင့်ဖွင့်တဲ့ Under Graduate ဒီပလိုမာသင်တန်းတွေနဲ့ တက္ကသိုလ် တွေကဖွင့်တဲ့ Under Graduate ဒီပလိုမာသင်တန်းတွေကိုတက်လို့ ရ လိမ့်မယ်။ တက္ကသိုလ်တွေအနေနဲ့ ကတော့အရင်ဆုံးတက္ကသိုလ်ဝင်တန်း ဖြေပြီးတော့အောင် မှ တက်လို့ရမယ် …။

မေး – အထက်တန်းအဆင့်သင်ယူ ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးတဲ့နေရာမှာအပြင်ဖြေနဲ့ကျောင်း ဖြေကိုခွဲခြားလိုက်တာမမျှတဘူးဆိုတဲ့ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီးတော့ရော ဘာများပြောချင်ပါသလဲ …?

ဖြေ – မခွဲခြားပါဘူး။ ဘယ်သူကခွဲခြားလို့လဲ ။ကျောင်းမှာမှရှိမနေတဲ့သူကို ဘယ်လိုလုပ်သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရမှာတုန်း။ အပြင်ကလူက အပြင်ကလူပဲလေ။ အပြင်ကလူကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးလို့မရဘူးလေ ။ကျောင်းမှာတက်ပြီးတော့မှ သင်ယူပြီးမြောက်ကြောင်းပေး လို့ ရ မှာပေါ့ …။

ဘယ်သူတွေကခွဲခြားတယ်လို့ပြောနေလို့လဲ ။အဲဒါအလကားလောက်ပြီးဖွနေတာ။ခွဲခြားတာမဟုတ်ဘူး။ ခွဲခြားတာ မဟုတ်ဘူးဆိုတာ ဒီကလေးတွေနှစ်စဉ်၊ နှစ်စဉ်သုံးပုံနှစ်ပုံလောက်ရှုံးပြီးတော့မှ အဟောသိကံဖြစ်နေတယ် ။အဲဒီအတွက် ကျွန်တော်တို့က သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်တွေသင်ကြားပို့ချမှုကို ဖန်တီးပေးရတာ။ ဒါကအမျိုးသားပညာရေး၊ မဟာဗျူဟာစီမံကိန်းအရ လုပ်ပေးနေတာ။ခွဲခြားတာမဟုတ်ဘူး …။

အရင်တုန်းကဆိုရင် မိဘတွေက အစိုးရကျောင်းတွေမှာ ဆိုရင်တချို့အနေနဲ့ပထမနှစ်တောင်မတက်ချင်ဘူးလေ။ မတက်ဘဲနဲ့ဘာလုပ်ကြလဲဆိုတော့ပြင်ပကနေပြီးလေ့လာပြီးဖြေတယ်ပေါ့။ တခြားဘော်ဒါဆောင်တွေမှာထားပြီးလုပ်ကြတာ။ အခုဒီအစီအစဉ်အရ ကျွန်တော်တို့ကကျောင်းတွေမှာစနစ်တကျ၊ စည်းကမ်းတကျ လိုက်နာပြီးတက်မှ။ သူတို့ကိုသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်(၇)ချက်နဲ့ ကိုက်ညီမှ။ အဲဒါကလည်းကောင်းအုပ်ကြီးက ဆုံးဖြတ်တာမဟုတ်ဘူး ။ကျောင်းထဲမှာ အကယ်ဒမစ်ဘုတ် အဖွဲ့တွေရှိတယ်။ အဲဒီဘုတ်အဖွဲ့တွေကဆုံးဖြတ်ပြီးမှ ပေးတာ …။

ဒီကလေးတွေအဟော သိကံဖြစ်သွားမှာစိုးတဲ့ အတွက်သူတို့ကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေပေး လိုက်မယ်ဆိုရင် အထက်တန်းအဆင့်သင်ယူပြီညမောက်ကြောင်းကိုလက်ခံတဲ့နိုင်ငံတကာကတက္ကသိုလ်တွေလည်း ရှိတယ်။ ဒီမှာသင်ယူပြီးမြောက်ကြောင်းလက်မှတ်ရထားတယ်ဆိုရင်ပြည်ပတက္ကသိုလ်တွေထဲမှာ အချို့တက္ကသိုလ်တွေက ဝင်ခွင့်ဖြေခိုင်းပြီး လက်ခံတယ်။ တချို့ကြတော့ဝင်ခွင့်ဖြေစရာမလိုဘဲ လက်ခံတဲ့ တက္ကသိုလ်တွေလည်းရှိကောင်းရှိနိုင်ပါတယ် …။

ဒါက တက္ကသိိုလ်တွေရဲ့ မူဝါဒအပေါ်မှာပဲ မူတည်တယ်။ မြန်မာပြည်မှာလည်း ဒီလိုဘဲ။ ဆယ်တန်းကျပြီးတော့ လမ်းဘေးရောက်နေတဲ့ ကလေးအများစုကို ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ ဒီကလေးတွေရဲ့ ဘဝတစ်သက်တာ သင်ယူမှုအတွက်ကို ကျွန်တော်တို့က ချိတ်ဆက်သင်ကြားပေးရတာ …။

Under Graduate ဒီပလိုမာတန်း တက်မယ် နှစ်နှစ်၊သုံးနှစ်တက်ပြီးရင် Advance Diploma တန်းတက်မယ်။ အဲဒီကနေမှ Degree တို့၊Bachelor (ဘွဲ့)သင်တန်းတွေတက်ဖို့ အခွင့်အလမ်းရလိမ့်မယ် …။

အဲဒီကမှအဆင့်မြင့်သွားရင် ပါရဂူဘွဲ့သင်တန်း(PhD)အထိ တက်လို့ရတယ်။ဒါသူတို့ကိုခွဲခြားဆက်ဆံတာမဟုတ်ဘူး။ ဘယ်သူကခွဲခြားဆက်ဆံမှာ တုန်း ။ကျောင်းမတက်တဲ့ ကလေးကတော့ ကျွန်တော်တို့ ပေးလို့မရဘူးနော် …။

မေး – ဒါဆိုရင် အစိုးရကျောင်းတွေ ကပေးတဲ့အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ကနိုင်ငံတကာကျောင်းတွေနဲ့တက္ကသိုလ်တွေကိုပါ တက်လို့ရနိုင်တာမျိုးလား ဆိုတာသိပါရစေ ခင်ဗျ …။

ဖြေ – အဲဒါကိို သုံးလို့ရတယ် ။အဲဒီအတွက်ကို ပါရည်ရွယ်ပြီး ကျွန်တော်တို့လုပ်ပေးတာပါ ။အခုလိုအချိန်ပေးဖြေကြားပေးတဲ့ အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါ ။မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် …။

သူရိန်မိုး Myanmar Platform

(အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်)

တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလက်မှတ်နဲ့ ပညာရေးတက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရ မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ် …။

ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေက ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက်တတ်မြောက်မှု

စာပေအနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု၊ ကျောင်းကောင်စီအသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု စတဲ့ ကဏ်ဏ္ဍ ၇ ရပ်အပေါ်မှာ အခြေခံပြီး “အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School Completion Certificate) ကိုအကဲဖြတ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် …။

နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုတဲ့အခါရာခိုင်နှုန်းအားဖြင့် ၃၀%ဝန်းကျင် စာမေးပွဲအောင်မြင်ကြပြီး တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။ ကျန် မအောင်တဲ့ ၇၀% အတွက်တောက်လျောက် မစဉ်းစားခဲ့တဲ့အတွက် အားလုံးဟာ ပညာရေးလမ်းဆုံးခဲ့ရပါတယ် …။

အဲ့တာကို မဖြစ်အောင်ဆိုပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ Completion Certificate ရရှိထားသူတွေက တက္ကသိုလ်ကို တိုက်ရိုက် တက်ရောက်ခွင့် မရှိသော်လည်း Undergraduate Diploma တွေလို၊ အသက်မွေးဝမ်းကြောင်း Diplomaလို သင်တန်းမျိူးတွေ တက်ခွင့်ရအောင် အသိအမှတ်ပြုနိုင်တဲ့ လက်မှတ်တစ်ခုအနေနဲ့ ပေးမှာဖြစ်ပါတယ် …။

ဥပမာ-GTIလိုဟာမျိူး၊ စိုက်ပျိူးရေးသိပ္ပံလိုဟာမျိူး၊ ဆရာအတက်သင် ပညာရေးကောလိပ်လို ၊နောက်အခြားဝန်ကြီးဌာနမှာ ရှိတဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းလေးတွေနဲ့ဆိုင်တဲ့ Diploma လေးတွေရှိတယ် …။

အဲ့ဒိ Diplomaလေးတွေကို ဒီလက်မှတ်နဲ့သွားပြီး တက်ရောက်ခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက ကြိုးစားချိတ်ဆက်ဆောင်ရွက်နေပါတယ် …။

ဆယ်တန်းစာမေးပွဲကို မအောင်သော်ငြားလည်း ဒီ Completion Certificate ရထားတဲ့ကျောင်းသားတစ်ယောက်ဟာ ဥပမာအားဖြင့် GTI လိုဟာမျိူး တက်လိုက်တယ် …။

GTIမှာတက်ပြီးသူက ထူးချွန်သွားတယ်ဆိုရင် GTI ကနေမှတစ်ဆင့် နည်းပညာ တက္ကသိုလ်လိုဟာ မျိူးကိုပေါင်းကူးပြီးတော့သင်ယူခွင့်ရမယ် …။

နည်းပညာတက္ကသိုလ် တက်ခွင့်ရပြီဆိုရင် သူက GTI ဆင်းကနေပြီးတော့ B.Tech တို့B.Eဘွဲ့တို့ရမယ်။ B.Eဘွဲ့ရပြီဆိုရင် ရှေ့ဆက်သွားရင်M.E တို့ Ph.Dတို့ကိုဆက်ပြီးတော့ သွားနိုင်တာပေါ့ …။

နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းပေါ့။ အရင်တုန်းကအောက်ခြေဝန်ထမ်းတွေမှာဆိုရင် ဒဿမတန်းအောင်ရမည်။ တက္ကသိုလ်ဝင်တန် ‌အောင်ရမည်ဆိုတဲ့အစား ဒီလက်မှတ်နဲ့လည်း ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက အခြားဌာနအားလုံးနဲ့ညှိနှိုင်းသွားဖို့ရှိပါတယ်။ ဆိုလိုတာကေတာ့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်သည် သာမန်လက်မှတ် မဟုတ်ဘဲနဲ့ အဓိပ်ပါယျရှိတယျပေါ့။ Meaningful Certificate ဖြစ်အောင် နောက်ပြီး တန်ဖိုးရှိတဲ့ Valuable Certificate ဖြစ်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ် …။

ဒေါက်တာတင်မောင်ဝင်း ဒုတိယညွှန်ကြားရေးမှုးချူပ် အခြေခံပညာဦးစီးဌာန ပညာရေးဝန်ကြီးဌာန