သင္ဟာ ပိုက္ဆံေတြကို သံုးေနတာ မဟုတ္ဘဲ ျဖဳန္းမိေနေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္မ်ား

ပိုက္ဆံ သံုးစြဲျခင္းဆိုတာကလည္း ေန႔စဥ္ ဘဝထဲ ပါဝင္ပတ္သတ္ေနတဲ့ အရာတစ္ခုပါပဲ။

ပိုက္ဆံေတြဆိုတာကလည္း သံုးတတ္ရင္ အက်ိဳးရွိၿပီး အသံုးမတတ္ရင္ေတာ့ ျဖဳန္းေနတာနဲ႔ အတူတူပါပဲ။

တကယ္လို႔ သင္က ပိုက္ဆံေတြ မၾကာခဏ ကုန္ေနလို႔ အသံုးနဲ႔ အျဖဳန္း ကြဲေအာင္ စစ္ခ်င္ရင္ေတာ့ ဒီအခ်က္ေတြနဲ႔ တိုက္စစ္ႏိုင္ပါတယ္။

(၁) မလိုအပ္တာေတြကို ဝယ္မိတယ္

လူတိုင္း ေငြကို သံုးစြဲရပါတယ္။ ဒါေပမယ့္ သင္က မၾကာခဏလည္း ဝယ္ယူမႈေတြ ရွိေနတယ္။

ဝယ္ယူသမွ်ေတြကို ျပန္ၾကည့္လိုက္ရင္လည္း မျဖစ္မေန လိုအပ္တာ တစ္ခုမွ မရွိျဖစ္ေနတတ္ပါတယ္။

ဒါကေတာ့ သင္က ေငြေတြကို ျဖဳန္းတီးေနေၾကာင္း ျပေနတဲ့ အခ်က္တစ္ခုပါပဲ။

(၂) မစိစစ္ပဲ သံုးတတ္တယ္

ပိုက္ဆံသံုးတဲ့အခ်ိန္တိုင္းမွာ သံုးသင့္၊ မသင့္လည္း မစဥ္းစားသလို လိုအပ္တယ္ မလိုအပ္ဘူးလို႔လည္း မစဥ္းစားမိၾကပါဘူး။

ဒီလိုမ်ိဳး ေငြကို မစိစစ္ဘဲ သံုးေနရင္ေတာ့ သံုးတာ မဟုတ္ဘဲ ျဖဳန္းေနတာ ျဖစ္ပါတယ္။

လြယ္လြယ္ ေငြသံုးတဲ့ သူတစ္ေယာက္ ျဖစ္တာကို သတိျပဳမိႏိုင္တာပါတယ္။

(၃) လိုအပ္တာေတြက် ေငြမရွိဘူး

ေငြေတြကို လြယ္လြယ္ သံုးလိုက္ေပမယ့္ လိုအပ္တာေတြအတြက္ ေငြလိုလာတဲ့အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ မရွိျဖစ္ေနတတ္တာကို ၾကံဳဖူးရင္ေတာ့ ျပန္ဆန္းစစ္သင့္ပါတယ္။

သင္က လိုအပ္တာေတြအတြက္ ေငြကို မသိမ္းထားဘဲ မလိုအပ္တာေတြအတြက္ပဲ သံုးမိေနတာကို သိႏိုင္ပါတယ္ေနာ္။

(၄) ေပ်ာ္တာေတြ မ်ားေနတယ္

သင့္မွာ ရွိသမွ် ေငြေတြရဲ႕ ေတာ္ေတာ္မ်ားမ်ားကို ေပ်ာ္စရာ ကိစၥရပ္ေတြအတြက္ပဲ သံုးေနမိတာကလည္း သတိထားစရာပါပဲ။

ေပ်ာ္စရာ အခ်ိန္ေတြ ရွိသင့္တယ္ဆိုေပမယ့္ အျမဲ ေပ်ာ္ဖို႔ပဲ ၾကံဖန္ေနတာကေတာ့ မဟုတ္ေသးပါဘူး။

ဒီလိုမ်ိဳး ေငြအကုန္ခံၿပီး ေပ်ာ္ဖို႔ပဲ လုပ္ေနမိရင္ေတာ့ သင္က ျဖဳန္းတီးေနသူ တစ္ေယာက္ ျဖစ္ပါတယ္။

(၅) မိဘေတြကိုလည္း မေပးမိဘူး

မ်ားေသာအားျဖင့္ မိဘေတြ ေျပလည္သည္ ျဖစ္ေစ၊ မေျပလည္သည္ ျဖစ္ေစ သားသမီးေတြက ကိုယ္ရွာထားတဲ့ ေငြေတြနဲ႔ ကန္ေတာ့တာ လက္ေဆာင္ေပးတာ ျပဳလုပ္တတ္ၾကပါတယ္။

ဒါေပမယ့္ သင္ကေတာ့ တစ္ေယာက္တည္း ရွာသမွ် သံုးရင္း ကုန္ကုန္သြားသလို အိမ္ကိုလည္း ဘာမွ မေပးမိလိုက္ဘူးဆိုရင္ေတာ့ ျဖဳန္းမိေနတာပါပဲေနာ္။

Kham

unicode..

ပိုက်ဆံ သုံးစွဲခြင်းဆိုတာကလည်း နေ့စဉ် ဘဝထဲ ပါဝင်ပတ်သတ်နေတဲ့ အရာတစ်ခုပါပဲ။

ပိုက်ဆံတွေဆိုတာကလည်း သုံးတတ်ရင် အကျိုးရှိပြီး အသုံးမတတ်ရင်တော့ ဖြုန်းနေတာနဲ့ အတူတူပါပဲ။

တကယ်လို့ သင်က ပိုက်ဆံတွေ မကြာခဏ ကုန်နေလို့ အသုံးနဲ့ အဖြုန်း ကွဲအောင် စစ်ချင်ရင်တော့ ဒီအချက်တွေနဲ့ တိုက်စစ်နိုင်ပါတယ်။

(၁) မလိုအပ်တာတွေကို ဝယ်မိတယ်

လူတိုင်း ငွေကို သုံးစွဲရပါတယ်။ ဒါပေမယ့် သင်က မကြာခဏလည်း ဝယ်ယူမှုတွေ ရှိနေတယ်။

ဝယ်ယူသမျှတွေကို ပြန်ကြည့်လိုက်ရင်လည်း မဖြစ်မနေ လိုအပ်တာ တစ်ခုမှ မရှိဖြစ်နေတတ်ပါတယ်။

ဒါကတော့ သင်က ငွေတွေကို ဖြုန်းတီးနေကြောင်း ပြနေတဲ့ အချက်တစ်ခုပါပဲ။

(၂) မစိစစ်ပဲ သုံးတတ်တယ်

ပိုက်ဆံသုံးတဲ့အချိန်တိုင်းမှာ သုံးသင့်၊ မသင့်လည်း မစဉ်းစားသလို လိုအပ်တယ် မလိုအပ်ဘူးလို့လည်း မစဉ်းစားမိကြပါဘူး။

ဒီလိုမျိုး ငွေကို မစိစစ်ဘဲ သုံးနေရင်တော့ သုံးတာ မဟုတ်ဘဲ ဖြုန်းနေတာ ဖြစ်ပါတယ်။

လွယ်လွယ် ငွေသုံးတဲ့ သူတစ်ယောက် ဖြစ်တာကို သတိပြုမိနိုင်တာပါတယ်။

(၃) လိုအပ်တာတွေကျ ငွေမရှိဘူး

ငွေတွေကို လွယ်လွယ် သုံးလိုက်ပေမယ့် လိုအပ်တာတွေအတွက် ငွေလိုလာတဲ့အချိန်တွေ တော်တော်များများမှာ မရှိဖြစ်နေတတ်တာကို ကြုံဖူးရင်တော့ ပြန်ဆန်းစစ်သင့်ပါတယ်။

သင်က လိုအပ်တာတွေအတွက် ငွေကို မသိမ်းထားဘဲ မလိုအပ်တာတွေအတွက်ပဲ သုံးမိနေတာကို သိနိုင်ပါတယ်နော်။

(၄) ပျော်တာတွေ များနေတယ်

သင့်မှာ ရှိသမျှ ငွေတွေရဲ့ တော်တော်များများကို ပျော်စရာ ကိစ္စရပ်တွေအတွက်ပဲ သုံးနေမိတာကလည်း သတိထားစရာပါပဲ။

ပျော်စရာ အချိန်တွေ ရှိသင့်တယ်ဆိုပေမယ့် အမြဲ ပျော်ဖို့ပဲ ကြံဖန်နေတာကတော့ မဟုတ်သေးပါဘူး။

ဒီလိုမျိုး ငွေအကုန်ခံပြီး ပျော်ဖို့ပဲ လုပ်နေမိရင်တော့ သင်က ဖြုန်းတီးနေသူ တစ်ယောက် ဖြစ်ပါတယ်။

(၅) မိဘတွေကိုလည်း မပေးမိဘူး

များသောအားဖြင့် မိဘတွေ ပြေလည်သည် ဖြစ်စေ၊ မပြေလည်သည် ဖြစ်စေ သားသမီးတွေက ကိုယ်ရှာထားတဲ့ ငွေတွေနဲ့ ကန်တော့တာ လက်ဆောင်ပေးတာ ပြုလုပ်တတ်ကြပါတယ်။

ဒါပေမယ့် သင်ကတော့ တစ်ယောက်တည်း ရှာသမျှ သုံးရင်း ကုန်ကုန်သွားသလို အိမ်ကိုလည်း ဘာမှ မပေးမိလိုက်ဘူးဆိုရင်တော့ ဖြုန်းမိနေတာပါပဲနော်။

Kham