ကြာသပတေးသမီးလေးတွေနဲ့ ပတ်သက်တဲ့ စိတ်နေစိတ်ထားနဲ့အချစ်ရေးဆိုင်ရာများ
(၄) မာနခဲလေးတွေ
(၅) တွယ်တာလွယ်တယ်
ကိုယ့်ကို သေးသေးလေးပဲဖြစ်ဖြစ် ကူညီလိုက်ရင်တောင် အဲဒီလူရဲ့ ကျေးဇူးကို တစ်သက်လုံးမမေ့တတ်ဘဲ အမြဲအမှတ်ရနတတ်ကြပါတယ်တဲ့လေ။
penny
unicode..
ပျိုမေတို့ထဲမှာ ကြာသပတေးသမီးလေးတွေရှိလားမသိဘူး။
ဒါဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်သင့်နေပါပြီနော်။
ဘာကြောင့်လဲဆိုရင် ဒီတစ်ခေါက်မှာ ကြာသပတေးသမီးလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အချစ်ရေးဆိုင်ရာ ခံယူချက်လေးတွေကို ပြောပြပေးသွားမှာမလို့ပါပဲ။
ဘယ်လိုတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁) ဘဝဟာ မချောမွေးရှာဘူး
ငယ်စဉ်ဘဝအဆင်ပြေခဲ့တယ်ဆိုရင် အရွယ်ရောက်တဲ့အခါ ရုန်းကန်လှုပ်ရှားတတ်ရပါတယ်။
ငယ်စဉ်မှာ အဆင်မပြေခဲ့ရင်လည်း အသက်ကြီးတဲ့အခါ ကောင်းကေင်းလေး နေနိုင်ဖို့ အရွယ်ရောက်လာတဲ့အခါ ပင်ပမ်းရတတ်ပါတယ်။
သူတို့ဘဝမှာ ဘဝရည်မှန်းချက်တွေတစ်ခုပြီးတစ်ခုနဲ့ ရှင်သန်နေသူတွေဖြစ်တာကြောင့် ဘယ်တော့မှတော့ အေးအေးဆေးဆေးနေရမှာမဟုတ်ပါဘူး။
(၂) နားအေးပါးအေးနေလိုတယ်
နားပူတာအစား ကျောပူတာပဲ ခံမယ်ဆိုတဲဲ့ လူစားမျိုးတွေပါ။ ဒါကြောင့် တော်ရုံ ပြဿနာမဖြစ်အောင်နေတတ်ကြတယ်၊ သည်းခံတယ်၊ နှုတ်ပိတ်နေတယ်။
အေး.. သည်းခံနိုင်တဲ့ အတိုင်းအတာကုန်ပြီဟေ့ဆိုရင်လည်း တစ်ဖက်လူက သူတို့စကားလုံးတွေကြား သေပြီလို့သာမှတ်လိုက်တော့။
(၃) တဲ့တိုးပြောတတ်တဲ့အကျင့်
စကားကို ကွယ်ဝှက်မပြောတတ်ဘဲ ဒါဆိုဒါ၊ ဟိုဟာဆိုဟိုဟာ အမြဲတမ်း တဲ့တိုးပြောတတ်တဲ့လူတွေပါ။
ပွင့်လင်းတဲ့စိတ်ထားရှိပြီး ဟန်ဆောင်လည်း ကင်းတတ်ကြပါတယ်။
(၄) မာနခဲလေးတွေ
ကြွက်မလေးဖြစ်လို့ မာနမရှိဘူးလို့တော့ မထင်လိုက်နဲ့နော်။ သူတို့က ကြိတ်ပြီးကို မာနကြီးတာ။
မျက်နှာထားကလည်း အမြဲတမ်း ခပ်ချေချေပေပဲမလို့ တော်ရုံလူဆို စစတွေ့ချင်း အရမ်းရှိန်တတ်ကြသတဲ့။
(၅) တွယ်တာလွယ်တယ်
အချစ်ရေးမှာတော့ သူတို့လေးတွေဟာ တကယ့်ကို သံယောဇဉ်ကြီးမားသူတွေဖြစ်ပါတယ်။
သံယောဇဉ်ကြီးတယ်၊ တွယ်တာတတ်တဲ့အပြင် အလွယ်တကူလည်း ချစ်ကျွမ်းဝင်တတ်ကြပါတယ်။
ဒါကြောင့်လည်း အသည်းခဏခဏကွဲတာ။ နောက် သူတို့က ချစ်သူနဲ့ပတ်သက်ရင် အကောင်းဆုံးဆိုတာချည်းပဲ ဖြစ်စေချင်ကြပါတယ်။
(၆) ကျေးဇူးရှင်ကိုသိတတ်တယ်
ဒီအချက်လေးကတော့ ကြာသပတေးသမီးလေးတွေရဲ့ ကောင်းတဲ့အချက်လေးတွေထဲကတစ်ခုလို့ ဆိုရမှာပါပဲ။
ကိုယ့်ကို သေးသေးလေးပဲဖြစ်ဖြစ် ကူညီလိုက်ရင်တောင် အဲဒီလူရဲ့ ကေျးဇူးကို တစ်သက်လုံးမမေ့တတ်ဘဲ အမြဲအမှတ်ရနတတ်ကြပါတယ်တဲ့လေ။
(၇) လူချစ်လူခင်ပေါများသူ
ကြာသမတေးသမီးလေးတွေရဲ့ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်ဟာ အရမ်းကို ကျယ်ပြောလွန်းပါတယ်။
သူ့ကို မသိတဲ့လူ မရှိဆိုလောက်အောင် တစ်မျိုးမဟုတ်တစ်မျိုးနဲ့ အသိုင်းဝိုင်းကြားမှာ နာမည်ကြီးနေသူပါ။
နောက် သူတို့က social ကျတော့ လူချစ်လူခင်ကလည်း ပေါသလားမမေးပါနဲ့။
penny