Unicode
အဆိပ်လို အချစ်ရေးမှာနစ်မျောနေခြင်းရဲ့ ဆိုးကျိုးများ
ကိုယ်တိုင်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုကို ဘယ်သူကမှလွယ်လွယ်လက်လွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရှေ့ဆက်လိုအဆင်မပြေတော့တဲ့
အဆိပ်လို အချစ်ရေးမျိုးကို လက်မလွတ်ရင် သင့်အနေနဲ့ တစ်နေ့ထက်တစ်နေ့ နာကျင်ခံစားစရာတွေပဲ ပိုရလာနိုင်ပါတယ်။ ဒီနေ့မှာတော့ အဆိပ်လိုအချစ်ရေးမှာနစ်မျောနေခြင်းရုဲ့ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
(၁) နေ့ရက်တိုင်းပျော်ရွှင်မှုပျောက်လာမယ်
ဘယ်သူမှ ကိုယ့်ရဲ့တစ်နေ့တာ စိတ်ညစ်စရာတွေ ပူလောင်စရာတွေနဲ့ ပဲဖြတ်သန်းချင်ကြမှာမဟုတ်ပါဘူး။
တစ်နေ့တာဖြတ်သန်းရတဲ့ အချိန်မှာ ကြည်နူးမှုတွေ အပြုံးတွေနဲ့ပဲ ပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာပါ။
အဆင်မပြေတဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ထားရပြီဆိုရင်တော့ နေ့ရက်တိုင်းက စိတ်ညစ်နေရဖို့ ရာခိုင်နှုန်းပိုများနေပါလိမ့်မယ်။
(၂) ဘဝအတွက်ထိခိုက်လာမယ်
အချစ်က ဘဝအတွက် တစ်ထောင့်တစ်နေရာကအရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်လို့မရပါဘူး။
အနာဂတ်မှာပိုကောင်းတဲ့ဘဝရဖို့ အများကြီးကြိုးစားကြရအုန်းမှာပါ။
ဒီလိုငယ်ရွှယ်စဉ် ကြိုးစားအားထုတ်မှုတွေအတွက် အသင့်ဖြစ်နေသင့်တဲ့အရွယ်မှာ စိတ်ညစ်စရာအချစ်ရေးထဲမှာပဲအချိန်ကုန်နေရင် ဘဝတိုးတက်ဖို့အများကြီးထိခိုက်လာပါလိမ့်မယ်။
(၃) မကျန်းမာခြင်းတွေဖြစ်လာမယ်
အဆိပ်လိုအချစ်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကနေတဆင့် စိတ်ဖိစီးမှုတွေ ညဘက်အိပ်မရခြင်းတွေ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို မကျန်းမာခြင်းတွေစီ ဆွဲခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။
တနေ့တခြား စိတ်ရောလူပါ ပင်ပန်းမှုတွေဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်လာနိုင်ပါတယ်။