ရုရွားႏိုင္ငံ၏ ကိုဗစ္ကာကြယ္ေဆးတရား၀င္ျဖစ္လွ်င္ ျမန္မာႏိုင္ငံအတြက္လည္း ရရွိႏိုင္ရန္ WHO က စီစဥ္ေပးထားဟုဆို

ရုရွားႏိုင္ငံ၏ ကိုဗစ္ကာကြယ္ေဆးတရား၀င္ျဖစ္လွ်င္ ျမန္မာႏိုင္ငံအတြက္လည္း ရရွိႏိုင္ရန္ WHO က စီစဥ္ေပးထားဟုဆို

ပထမဆုံး ကိုဗစ္ကာကြယ္ေဆးကိုရရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္လိုက္ေေသာ ရုရွားႏိုင္ငံ၏ တာ၀န္ရွိသူမ်ား ႏွင့္ WHO (ကမၻာ့က်န္းမာေရးအဖြဲ႕) မွ ညွိႏႈိင္းေဆြးေႏြးလ်က္ရွိေနေၾကာင္း ႏွင့္ ကာကြယ္ေဆး တရား၀င္ရ ၿပီးဆိုလ်င္ ၀င္ေငြနည္း၊ ၀င္ေငြအလယ္အလတ္ရွိသည့္ ႏိုင္ငံေပါင္းစုံ မက်န္ေစရန္ WHO အဖြဲ႔က စီစဥ္ေပး ထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစား၀န္ႀကီးဌာန ၊ အၿမဲတမ္းအတြင္း၀န္ ေဒါက္တာသက္ခိုင္၀င္း က ေျပာပါတယ္ …။

႐ုရွားႏိုင္ငံအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကိုတိုက္ဖ်က္ႏိုင္ၿပီး ကိုယ္ခံအားကို ထိန္းထားေပးႏိုင္ေသာ ပထမဆုံးကာကြယ္ေဆးကို ထုတ္လုပ္ခဲ့ေၾကာင္း သမၼတဗလာဒီမာပူတင္က ၾသဂုတ္လ ၁၁ က ထုတ္ျပန္ခဲ့ပါတယ္ …။

”ရုရွားက စၿပီးေတာ့ Viccnine( ကာကြယ္ေဆး) ေတြ႔တယ္လို႔ေျပာပါတယ္…ေတြ႔တဲ့ကိစၥကို WHO က တရား၀င္ ျဖစ္ မျဖစ္ကို ရုရွားက တာ၀န္ရွိသူေတြနဲ႔ ညွိႏႈိင္းေဆြးေႏြးလ်က္ ရွိတယ္လို႔ သတင္းရရွိပါတယ္…ေနာက္ၿပီးေတာ့ WHO နဲ႔လည္း ကၽြန္ေတာ္တို႔ အားကစားနဲ႔ က်န္းမာေရး၀န္ႀကီးဌာန ေဆြးေႏြးထားတာ ရွိပါတယ္…

WHO က ကာကြယ္ေဆးက တကယ္လို႔ တရား၀င္ရၿပီဆိုရင္ ကၽြန္ေတာ္တို႔လို ၀င္ေငြနည္းတဲ့ ႏိုင္ငံေတြေရာ၊ ၀င္ေငြ အလယ္အလတ္ရွိတဲ့ ႏိုင္ငံေတြပါ မက်န္ခဲ့ေအာင္ သက္ဆိုင္ရာ ႏိုင္ငံတကာ အဖြဲ႔ အစည္းေတြနဲ႔ညွိႏႈိင္းၿပီးေတာ့ ႏိုင္ငံေပါင္းစုံက ရရွိဖို႔အတြက္ အထူးသျဖင့္ High Rise ျပည္သူေတြ ျဖစ္တဲ့ သက္ႀကီးရြယ္အိုေတြ ၊ က်န္းမာေရး ေစာင့္ေရွာက္တဲ့ ၀န္ထမ္းေတြ ဦးစားေပးၿပီး ရရွိေအာင္ စီစဥ္ထားတယ္ ဆိုတာကို တင္ျပလိုပါတယ္…”လို႔ ေဒါက္တာသက္ခိုင္၀င္းက ယေန႔ ၾသဂုတ္လ ၁၂ရက္ တြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ေဖ့ဖ္ဘုတ္တိုက္ရိုက္ ေဆြးေႏြးစဥ္ ေျပာဆိုခဲ့ပါတယ္ …။

႐ုရွားႏိုင္ငံအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို သီတင္းပတ္မ်ားအတြင္း အမ်ားအျပားထုတ္လုပ္မႈ စတင္ရန္ ေမၽွာ္မွန္းထားၿပီး လာမည့္ႏွစ္အတြင္းမွစ၍ တစ္လလၽွင္ ေဆးခုနစ္သန္းအထိ ထုတ္လုပ္ႏိုင္ မည္ျဖစ္ေၾကာင္း ႏိုင္ငံတကာ သတင္းမ်ားတြင္ ေဖာ္ျပထားပါတယ္ …။

”ရုရွားကေတာ့ ကိုဗစ္ကာကြယ္ေဆးေတြ႔ၿပီးလို႔ ေျပာပါတယ္…ဒါကၽြန္မတို႔ ဘယ္ေလာက္အထိေသခ်ာ တယ္၊ မေသခ်ာတယ္ဆိုတာ မသိေသးဘူးေပါ့ေနာ္…ေသခ်ာၿပီဆိုရင္ ကၽြန္မတို႔က ကၽြန္မတို႔ ျပည္သူေတြ အတြက္ အျမန္ဆုံးရေအာင္လို႔ လုပ္မွာပဲ…သို႔ေသာ္လည္း ဒါဟာလည္း ဒီေန႔ မနက္ျဖန္ျဖစ္မွာ မဟုတ္ဘူး…ကၽြန္မ ေျပာရတဲ့အေၾကာင္းက ဒီၾကားကာလမွာ သည္းညည္းခံၿပီးေတာ့ ေနၾကပါ…စည္းကမ္းထိန္းသိမ္း ၾကပါ…”လို႔ ႏိုင္ငံေတာ္၏အတိုင္ခံပုဂၢိဳလ္က ျပည္သူမ်ားအား တိုက္တြန္းေျပာဆိုခဲ့ပါတယ္ …။ ။

ျပည္ျမန္မာ

Unicode

ရုရှားနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးတရားဝင်ဖြစ်လျှင် မြန်မာနိုင်ငံအတွက်လည်း ရရှိနိုင်ရန် WHO က စီစဉ်ပေးထားဟုဆို

ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကိုရရှိပြီးဖြစ်ကြောင်း ထုတ်ပြန်လိုက်သော ရုရှားနိုင်ငံ၏ တာဝန်ရှိသူများ နှင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ညှိနှိုင်းဆွေးနွေးလျက်ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရားဝင်ရ ပြီးဆိုလျင် ဝင်ငွေနည်း၊ ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ် …။

ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကိုတိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို ထိန်းထားပေးနိုင်သော ပထမဆုံးကာကွယ်ဆေးကို ထုတ်လုပ်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၁၁ က ထုတ်ပြန်ခဲ့ပါတယ် …။

”ရုရှားက စပြီးတော့ Viccnine( ကာကွယ်ဆေး) တွေ့တယ်လို့ပြောပါတယ်…တွေ့တဲ့ကိစ္စကို WHO က တရားဝင် ဖြစ် မဖြစ်ကို ရုရှားက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးလျက် ရှိတယ်လို့ သတင်းရရှိပါတယ်…နောက်ပြီးတော့ WHO နဲ့လည်း ကျွန်တော်တို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးထားတာ ရှိပါတယ်…

WHO က ကာကွယ်ဆေးက တကယ်လို့ တရားဝင်ရပြီဆိုရင် ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထားတယ် ဆိုတာကို တင်ပြလိုပါတယ်…”လို့ ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ်တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆိုခဲ့ပါတယ် …။

ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သီတင်းပတ်များအတွင်း အများအပြားထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ်သန်းအထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ် …။

”ရုရှားကတော့ ကိုဗစ်ကာကွယ်ဆေးတွေ့ပြီးလို့ ပြောပါတယ်…ဒါကျွန်မတို့ ဘယ်လောက်အထိသေချာ တယ်၊ မသေချာတယ်ဆိုတာ မသိသေးဘူးပေါ့နော်…သေချာပြီဆိုရင် ကျွန်မတို့က ကျွန်မတို့ ပြည်သူတွေ အတွက် အမြန်ဆုံးရအောင်လို့ လုပ်မှာပဲ…သို့သော်လည်း ဒါဟာလည်း ဒီနေ့ မနက်ဖြန်ဖြစ်မှာ မဟုတ်ဘူး…ကျွန်မ ပြောရတဲ့အကြောင်းက ဒီကြားကာလမှာ သည်းညည်းခံပြီးတော့ နေကြပါ…စည်းကမ်းထိန်းသိမ်း ကြပါ…”လို့ နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်က ပြည်သူများအား တိုက်တွန်းပြောဆိုခဲ့ပါတယ် …။ ။

ပြည်မြန်မာ