ကြောင်တစ်ကောင်ကိုရွေးချယ်ပြီး သင့်ဘဝရဲ့ရည်မှန်းချက်ကို ရှာဖွေလိုက်ရအောင်

ကြောင်တစ်ကောင်ကိုရွေးချယ်ပြီး သင့်ဘဝရဲ့ရည်မှန်းချက်ကို ရှာဖွေလိုက်ရအောင်

 

ပထမ ကြောင်

ပထမ ကြောင် ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရည်မှန်းချက်က အသိပညာတိုးတက်မူနဲ့ဆက်နွယ်နေတဲ့ ရည်မှန်းချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်က ရိုးသားပြီး တရားမျှတမူကို လိုလားတဲ့လူတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူ တစ်ဦးပါ။ သင့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် သင်လုပ်တဲ့ ဘယ်အလုပ်ကိုမဆို ကြိုးကြိုးစားစား လုပ်ကိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် သင်လုပ်ကိုင်တဲ့အလုပ်ကရရှိတဲ့ ဗဟုသုတနဲ့အကျိုးကျေးဇူးတွေကို တခြားသူတွေကို မျှဝေဖို့ ဝန်မလေးပါနဲ့။

 

ဒုတိယ ကြောင်

ဒုတိယ ကြောင် ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရည်မှန်းချက်က စိတ်ခံစားချက်နဲ့ဆက်နွယ်နေတဲ့ ရည်မှန်းချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် သင်ဟာ တစ်ပါးသူအပေါ် ချစ်ခင်သနားတက်ပြီး စာနာစိတ်ပိုမိုထားရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကို စနစ်တကျ ထိန်းချုပ်အသုံးချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

 

တတိယ ကြောင်

တတိယ ကြောင် ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရည်မှန်းချက်က ဂမ္ဘီရ (သို့) ဘာသာရေး နဲ့ဆက်နွယ်နေတဲ့ ရည်မှန်းချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရည်မှန်းချက်အောင်မြင်ဖို့ဆိုရင် သင်ဟာ လောကီရေးရာနဲ့ လောကုတ္တရာရေးရာမှာ ဖြစ်ပျက်တက်တဲ့ သဘောသဘာဝတွေကို နားလည်လက်ခံပေးသင့်ပါတယ်။

 

စတုတ္ထ ကြောင်

စတုတ္ထ ကြောင် ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရည်မှန်းချက်က အနုပညာနဲ့ ပတ်သတ်နေတဲ့ ရည်မှန်းချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရည်မှန်းချက်အောင်မြင်ဖို့ဆိုရင် သင်ဟာ လူမူဆက်ဆံရေး ကောင်းဖို့လိုအပ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့တက်တက်ကြွကြွ နေပါ။ အခက်အခဲတွေနဲ့ရင်ဆိုင်ရရင်လည်း စိတ်ဓာတ်မကျပဲ ရဲရဲကြီးရင်ဆိုင်ပြီးအနိုင်ယူပါ။ ဒါ့အပြင် တစ်ပါးသူအပေါ် ကူညီရိုင်းပင်းပါ။

credit to lotaya

Zawgyi


ပထမ ကြောင်


ဒုတိယ ကြောင်


တတိယ ကြောင်


စတုတ္ထ ကြောင်


credit to lotaya