သင်ပထမဆုံးမြင်လိုက်တဲ့ ငှက်ပိတုန်းလေးက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

သင်ပထမဆုံးမြင်လိုက်တဲ့ ငှက်ပိတုန်းလေးက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

 

နံပါတ် ၁

သင်က ရည်ရွယ်ချက်ကြီးမားတဲ့ လူတစ်ယောက်ပါ။ တဖက်သားအပေါ် သြဇာအာဏာအပြည့်နဲ့ လွှမ်းမိုးနိုင်စွမ်းရှိပြီး သင့်အပေါ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကိုယ်ပိုင်စံနှုန်းတွေ သတ်မှတ်ထားတတ်ပြီး ကိုယ်လိုချင်တဲ့အရာတစ်ခုကို ဘယ်လိုအခက်အခဲပဲရှိရှိ ရယူနိုင်စွမ်းရှိပါတယ်။ ခေါင်းမာတယ်လို့ပဲ ပြောရမလား သင်က ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်မပြင်တတ်ပါဘူး။ အချစ်နဲ့ပတ်သက်လာရင် တစ်ဦးတစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်ပြီး ချစ်သူယုံကြည်အောင် အလုပ်နဲ့ လက်တွေ့သက်သေပြတတ်ပါတယ်။

 

နံပါတ် ၂

သင်က ပညာရှိတစ်ယောက်ပါ။ သင့်ရဲ့အချိန်တော်တော်များများကို တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ အတွေးနယ်ချဲ့ရင်း ကုန်ဆုံးတတ်တဲ့အတွက် သင့်ကို စိတ်ကူးယဉ်သမားလို့လည်း ပြောလို့ရပေမယ့် တကယ်တော့ သင်ဟာ လက်တွေ့ကျတဲ့ဘဝတစ်ခုကို တောင်းတနေတာပါ။ တစ်ချိန်တည်းမှာ မိမိကိုရော ပတ်ဝန်းကျင်ကလူတွေကိုပါ ဂရုစိုက်ပေးချင်ပြီး အရာရာဖြည့်ဆည်းပေးချင်တဲ့စိတ်က သင့်ကိုစိတ်ရောလူပါ ပင်ပန်းစေတတ်ပါတယ်။ တောင်းပန်ရုံနဲ့ အလွယ်တကူ ကျေအေးမပေးတတ်ပဲ အပြောထက် လက်တွေ့သက်သေပြတာကို ပိုနှစ်သက်သူတစ်ယောက်ပါ။

 

နံပါတ် ၃

သင်ဟာ ဘယ်အရာမှာမဆို စိတ်ရောကိုယ်ပါနှစ်ပြီး အာရုံစူးစိုက်ကာ ဆောင်ရွက်တတ်သူတစ်ယောက်ပါ။ သင်လိုချင်တာကို အတိအကျသိပြီး အဲဒီအရာကို ရအောင်ယူနိုင်မယ့် နည်းလမ်းကိုပါ သိနေတတ်ပါတယ်။ “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်”ဆိုတာကို လက်ခံယူကြည်ထားတဲ့အတွက် ဘယ်အရာကိုမဆို ကြိုတင်စီစဉ်ပြီး စေ့စေ့စပ်စပ် လုပ်ဆောင်တတ်တာ သင့်ရဲ့အားသာချက်တစ်ခုပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိမိရည်ရွယ်ထားတဲ့ပန်းတိုင်ကို ရောက်မယ်ဆိုတာ သိနေတဲ့အတွက် ဖြည်းဖြည်းမှန်မှန်လေးနဲ့ လုပ်စရာရှိတာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်သွားတတ်ပါတယ်။

 

နံပါတ် ၄

သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖောရွေတဲ့အပြင် လူတိုင်းကို စာနာနားလည်ပေးတတ်တဲ့ လူတစ်ယောက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း လွတ်လွတ်လပ်လပ် ပြောဆိုတိုင်ပင်ပြီး အကြံဉာဏ်တွေ ရယူနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။ မိမိဘေးမှာရှိတဲ့ လူတွေကို အမြဲအားပေးပြီး လက်တွဲခေါ်တတ်ပါတယ်။ သင့်ကိုပိုင်ဆိုင်ထားတဲ့ လူတွေက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတွေဆိုလည်း မမှားပါဘူး။ လူတစ်ယောက်ကို ဘယ်တော့မှ အမြင်နဲ့မဆုံးဖြတ်ပဲ အချိန်အတိုင်းအတာတစ်ခုရောက်မှ ပေါင်းအပ်၊ မပေါင်းအပ်ကို ဆုံးဖြတ်လေ့ရှိပါတယ်။ အယုံအကြည်လွယ်တာကတော့ သင့်အားနည်းချက်တစ်ခုပါ။

credit to lotaya_quiz

Zawgyi


နံပါတ် ၁


နံပါတ် ၂


နံပါတ် ၃


နံပါတ် ၎


credit to lotaya_quiz