ရောင်ပြန်ဟပ်တဲ့ “စေတနာ”

တစ်ခါက အဖွားအိုတစ်ဦးဟာ ဈေးထဲမှာ လိမ္မော်သီးဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်. လူတစ်ယောက်ကလည်း အမြဲလို အဖွားအိုဆိုင်ကနေ လိမ္မော်သီးဝယ်လေ့ရှိသတဲ့..သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန် ကျသင့်ငွေရှင်းပြီးရင် သူအမြဲလုပ်နေကျ အပြုအမူတစ် ခုရှိသတဲ့။အဲဒါကတော့ လိမ္မော်သီးအားလုံး အိတ်ထဲထည့်ပြီးတိုင်း လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ် အခွံခွာပြီး လိမ္မော်သီးတစ်စိတ်ကို စားပါတယ်။

ပြီးရင် “ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ” လို့ ပြောပြီး ကျန်တဲ့တစ်လုံးလုံးကို အဖွားအိုကို ပေးပါတယ်။အဖွားအိုကလည်း တစ်စိတ်စီ စားကြည့်ရင်း “ဘာဖြစ်လို့လဲ မချဉ်ပါဘူး။ချိုပါတယ် လူကလေးရဲ့” လို့ အမြဲပြန်ပြောပြီး အဖွားအိုက အဲ့လိုပြောပြီးတိုင်း အဲဒီလူက သူ့လိမ္မော်သီးအိတ်ကို ကောက်ဆွဲပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွားတာပါပဲ။အဲ့လို လိမ္မော်သီးလာဝယ်တိုင်း လုပ်နေကျလူဟာ တစ်ခါမှာ ဈေးကို သူ့ဇနီးပါ ပါလာပါတယ်။လိမ္မော်သီးဆိုင်မှာ ထုံးစံအတိုင်း သူ့ အပြုအမူကိုလုပ်တော့ အပြန်မှာ သူ့ဇနီးက မေးတော့တာပေါ့။အဲ့ဒီလူက သူ့ဇနီးကို ပြန်ဖြေသတဲ့။

အဲဒီ အမေအိုဆိုင်က လိမ္မော်သီးတွေက တကယ်တော့ အမြဲချိုပါတယ်။အမေအိုက လိမ္မော်သီးရောင်းနေပေမယ့် သူ့လိမ္မော်သီးတွေကို အ မြတ်မရမှာ စိုးတာကြောင့် ဘယ်တော့မှ မစားခဲ့ဘူး။အမေအို အရမ်းဆင်းရဲတာ ငါသိခဲ့လို့ အဲလိုနည်းနဲ့ လိမ္မော်သီးချိုချိုလေး သူစားနိုင်အောင် ငါလုပ်ပေးတာပါ” တဲ့။အဲဒီလိုပဲ။အဖွားအိုရဲ့ ဘေးဆိုင်က စျေးသည်မိန်းမကလည်း အဲဒီလူကို မကျေနပ်လို့ အဖွားအိုကို ပြောတယ်။ ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲချဉ်တယ်လို့ ပြောတယ်။ဒါတောင် ရှင်ကအမြဲ အဆစ်တောင် ပိုထည့်ပေးတယ်နော်တဲ့။

အဲဒီတော့ အမေအိုက ပြုံးပြုံးလေးနဲ့..အဲဒီလူ ဒီလိုလုပ်တာ ငါ့ကို လိမ္မော်သီး အလကားကျွေးချင်လို့ လုပ်နေတာဆိုတာ ငါသိ‌နေတယ်.. တဲ့။ပြီးတော့ အဖွားအိုကပဲဆက်ပြီး..ငါက အဆစ်ထည့်ပေးတာ မဟုတ်ပါဘူး။ သူ့မေတ္တာတရားက အလေးသာသာ သွားတာပါလို့ ပြန်ပြော လိုက်ပါသတဲ့။ဘဝရဲ့ပျော်ရွှင်မှုဆိုတာ အဲဒီလို သေးငယ်တဲ့ ချစ်စရာ အပြုမူလေးတွေကနေပဲ လူသားအချင်းချင်း အသားအရောင် ခွဲခြားမှုမရှိ ဘာသာရေး ခွဲခြားမှုမရှိ အဆင့်အတန်း ခွဲခြားမှုတွေမရှိဘဲ တစ်ဦးပေါ်တစ်ဦး စာနာ နားလည်မှုပေးကြရင်းနဲ့သာ စတင်ကြရတာဖြစ်ပါတယ်။

မူရင်း – Credit

zawgyi

တစ္ခါက အဖြားအိုတစ္ဦးဟာ ေဈးထဲမွာ လိေမၼာ္သီးဆိုင္ေလးတစ္ဆိုင္ ဖြင့္ထားပါတယ္. လူတစ္ေယာက္ကလည္း အၿမဲလို အဖြားအိုဆိုင္ကေန လိေမၼာ္သီးဝယ္ေလ့ရွိသတဲ့..သူ႔စိတ္ႀကိဳက္ လိေမၼာ္သီးေတြ ေ႐ြးၿပီးတာနဲ႔ ကီလိုခ်ိန္ က်သင့္ေငြရွင္းၿပီးရင္ သူအၿမဲလုပ္ေနက် အျပဳအမူတစ္ ခုရွိသတဲ့။အဲဒါကေတာ့ လိေမၼာ္သီးအားလုံး အိတ္ထဲထည့္ၿပီးတိုင္း လိေမၼာ္သီးတစ္လုံးကို အိတ္ထဲက ျပန္ထုတ္ အခြံခြာၿပီး လိေမၼာ္သီးတစ္စိတ္ကို စားပါတယ္။

ၿပီးရင္ “ဒီလိေမၼာ္သီးက အရမ္းခ်ဥ္တာပဲ” လို႔ ေျပာၿပီး က်န္တဲ့တစ္လုံးလုံးကို အဖြားအိုကို ေပးပါတယ္။အဖြားအိုကလည္း တစ္စိတ္စီ စားၾကည့္ရင္း “ဘာျဖစ္လို႔လဲ မခ်ဥ္ပါဘူး။ခ်ိဳပါတယ္ လူကေလးရဲ႕” လို႔ အၿမဲျပန္ေျပာၿပီး အဖြားအိုက အဲ့လိုေျပာၿပီးတိုင္း အဲဒီလူက သူ႔လိေမၼာ္သီးအိတ္ကို ေကာက္ဆြဲၿပီး ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ ျပန္သြားတာပါပဲ။အဲ့လို လိေမၼာ္သီးလာဝယ္တိုင္း လုပ္ေနက်လူဟာ တစ္ခါမွာ ေဈးကို သူ႔ဇနီးပါ ပါလာပါတယ္။လိေမၼာ္သီးဆိုင္မွာ ထုံးစံအတိုင္း သူ႔ အျပဳအမူကိုလုပ္ေတာ့ အျပန္မွာ သူ႔ဇနီးက ေမးေတာ့တာေပါ့။အဲ့ဒီလူက သူ႔ဇနီးကို ျပန္ေျဖသတဲ့။

အဲဒီ အေမအိုဆိုင္က လိေမၼာ္သီးေတြက တကယ္ေတာ့ အၿမဲခ်ိဳပါတယ္။အေမအိုက လိေမၼာ္သီးေရာင္းေနေပမယ့္ သူ႔လိေမၼာ္သီးေတြကို အ ျမတ္မရမွာ စိုးတာေၾကာင့္ ဘယ္ေတာ့မွ မစားခဲ့ဘူး။အေမအို အရမ္းဆင္းရဲတာ ငါသိခဲ့လို႔ အဲလိုနည္းနဲ႔ လိေမၼာ္သီးခ်ိဳခ်ိဳေလး သူစားႏိုင္ေအာင္ ငါလုပ္ေပးတာပါ” တဲ့။အဲဒီလိုပဲ။အဖြားအိုရဲ႕ ေဘးဆိုင္က ေစ်းသည္မိန္းမကလည္း အဲဒီလူကို မေက်နပ္လို႔ အဖြားအိုကို ေျပာတယ္။ ရွင့္ဆိုင္က လိေမၼာ္သီးေတြက ခ်ိဳရဲ႕သားနဲ႔ အဲဒီလူက အၿမဲခ်ဥ္တယ္လို႔ ေျပာတယ္။ဒါေတာင္ ရွင္ကအၿမဲ အဆစ္ေတာင္ ပိုထည့္ေပးတယ္ေနာ္တဲ့။

အဲဒီေတာ့ အေမအိုက ၿပဳံးၿပဳံးေလးနဲ႔..အဲဒီလူ ဒီလိုလုပ္တာ ငါ့ကို လိေမၼာ္သီး အလကားေကြၽးခ်င္လို႔ လုပ္ေနတာဆိုတာ ငါသိ‌ေနတယ္.. တဲ့။ၿပီးေတာ့ အဖြားအိုကပဲဆက္ၿပီး..ငါက အဆစ္ထည့္ေပးတာ မဟုတ္ပါဘူး။ သူ႔ေမတၱာတရားက အေလးသာသာ သြားတာပါလို႔ ျပန္ေျပာ လိုက္ပါသတဲ့။ဘဝရဲ႕ေပ်ာ္႐ႊင္မႈဆိုတာ အဲဒီလို ေသးငယ္တဲ့ ခ်စ္စရာ အျပဳမူေလးေတြကေနပဲ လူသားအခ်င္းခ်င္း အသားအေရာင္ ခြဲျခားမႈမရွိ ဘာသာေရး ခြဲျခားမႈမရွိ အဆင့္အတန္း ခြဲျခားမႈေတြမရွိဘဲ တစ္ဦးေပၚတစ္ဦး စာနာ နားလည္မႈေပးၾကရင္းနဲ႔သာ စတင္ၾကရတာျဖစ္ပါတယ္။

မူရင္း – Credit