ပုလင်းတစ်ခုကို ရွေးချယ်ပြီး လက်ရှိသင်ဘာတွေ ခံစားနေရလဲ ပြောပြမယ် (မှန်တယ်ဆို ရှယ်ဖို့မ မေ့နဲ့နော်)

ပုလင်းတစ်ခုကို ရွေးချယ်ပြီး လက်ရှိသင်ဘာတွေ ခံစားနေရလဲ ပြောပြမယ် (မှန်တယ်ဆို ရှယ်ဖို့မ မေ့နဲ့နော်)

 

(၁) အစိမ်းရောင်ဆေးပုလင်း

အစိမ်းရောင်ဆေးပုလင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ငယ်ငယ်တုန်းက လုပ်ခဲ့မိတဲ့ အတိတ်က အမှားတွေကို ပြန်လည်ပြုပြင်ချင်တဲ့ စိတ်ဆန္ဒရှိနေတာ ဖြစ်နိုင်ပါတယ်။ သင့်စိတ်ထဲမှာ သင်သာအခုချိန် အဲဒီအရွယ်၊ အဲဒီအချိန်ကို ပြန်ရောက်ခဲ့မယ်ဆိုရင် ဒီလိုအမှားမျိုးတွေ တက်နိုင်သမျှ မလုပ်မိအောင် ရှောင်မယ်လို့ တွေးနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကို အကြံတစ်ခုပေးချင်ပါတယ်။ အတိတ်က အမှားတွေကို ပြန်တွေးပြီး စိတ်ဆင်းရဲနေတာထက် ဒီလိုတူညီတဲ့အမှားမျိုးကို နောက်တစ်ကြိမ်ထပ်ပြီး မလုပ်မိအောင် ရှောင်ကြဉ်တာက ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ လူတိုင်းဟာ အတိတ်ကအမှားတွေကနေ သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့အခွင့်အရေးအသစ်တွေကို ဖန်တီးနေကြတာပါ။ အမှားဆိုတာ လူတိုင်းမှာ ရှိတဲ့အတွက် သင့်အနေနဲ့ မှားကောင်းမှားနိုင်ပါတယ်။ ဒါကြောင့် အခုပဲ အတိတ်တွေကိုမေ့ပြီး ရှေ့ဆက်မယ့်အနာဂတ်ကို လှပအောင်ဖန်တီးလိုက်ပါ။

 

(၂) အပြာရောင်ဆေးပုလင်း

အပြာရောင်ဆေးပုလင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ လွတ်မြောက်ချင်တဲ့ စိတ်ဆန္ဒရှိနေပါတယ်။ ပြောရရင် ဒီအခက်အခဲတွေဟာ အချစ်ရေး၊ စီးပွားရေး၊ လူမူရေး၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့ကိစ္စတွေနဲ့ ပတ်သတ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေကနေလွတ်မြောက်ဖို့ အကြံပေးချင်တာကတော့ သင့်ဘေးနားမှာရှိတဲ့ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့လူတွေနဲ့ ကိစ္စရပ်တွေကို ရှင်းထုတ်လိုက်ပြီး တက်နိုင်သလောက် သူတို့နဲ့ဝေးရာမှာ နေပါ။ ဒီလူတွေနဲ့ ဒီကိစ္စရပ်တွေကြောင့် သင်ဟာ စိတ်ပင်ပမ်းဆင်းရဲနေရတာပါ။ ကိုယ့်ကို စိတ်ပေါ့ပါးပြီး ပျော်ရွှင်စေမယ့် ကိစ္စရပ်တွေပဲ လုပ်ဆောင်ပါ။ ဒါ့အပြင် ကိုယ့်ကို တန်ဖိုးထားချစ်ခင်ပေးတဲ့ လူမျိုးတွေနဲ့ပဲ သင့်ရဲ့အချိန်တွေကို ကုန်ဆုံးပါ။

 

(၃) ခရမ်းရောင်ဆေးပုလင်း

ခရမ်းရောင်ဆေးပုလင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သင့်ဘဝအတွက် စစ်မှန်တဲ့အရာတစ်ခုကို ရှာဖွေဖို့ စိတ်အားထက်သန်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ဘဝမှာ သင်ဆုံးဖြတ်ချက်ချပြီး ရွေးချယ်လုပ်ဆောင်ခဲ့တဲ့အရာတိုင်းက အဆင်ပြေနေပေမယ့် သင့်စိတ်ထဲမှာတစ်ခုခုလိုအပ်နေတယ်လို့ ခံစားနေရတက်ပါတယ်။ သင့်ကို ပေးချင်တဲ့အကြံကတော့ သင်ဟာဘယ်လိုလူလဲ၊ဘယ်အရာကို လိုအပ်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကိုသိနိုင်ဖို့အတွက် အချိန်လိုအပ်ပါတယ်။

 

(၄) အမည်းရောင်ဆေးပုလင်း

အမည်းရောင်ဆေးပုလင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သင့်ဘဝမှာ သင်လိုချင်တောင့်တနေတဲ့အရာတွေကို ဘယ်တော့မှမရနိုင်တော့ဘူးလို့ အတွေးဝင်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်သူကမှ အရေးတယူလုပ်ပြီး အလေးမထားကြပဲ တစ်ပါးသူရဲ့ဆုံးဖြတ်ချက်ကိုပဲ သင်ဟာလိုက်နာနေရတဲ့အတွက် ဒီလိုအတွေးမျိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ပြောရရင် မိဘရဲ့ဆုံးဖြတ်ချက်၊ အထက်လူကြီးရဲ့ဆုံးဖြတ်ချက်၊ အိမ်ထောင်ဖက်ရဲ့ဆုံးဖြတ်ချက် အစရှိတဲ့လူတွေရဲ့ဆုံးဖြတ်ချက်တွေကိုသာ လိုက်နာနေရတာမျိုးပါ။ တစ်ခါတစ်လေ သင်ဟာ ဒီလိုထိန်းချုပ်ခံရတာမျိုးကို မခံရအောင် ကိုယ်ပျောက်သွားချင်တဲ့စိတ်မျိုးတွေ ဖြစ်နေတက်ပါတယ်။ ဒီလိုအခြေအနေတွေက လွတ်မြောက်အောင် သင့်ကိုအကြံပေးချင်တာကတော့ တစ်ပါးသူရဲ့ဆုံးဖြတ်ချက်တွေနဲ့ သင့်ဘဝကို အလွှမ်းမိုးမခံပဲ သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ယုံကြည်ပြီး ရဲရဲကြီးဘဝကို လျှောက်လှမ်းကြည့်ပါ။ အဆင်မပြေမူတွေကြုံရနိုင်ပေမယ့် သင့်ရဲ့ဆုံးဖြတ်ချက်၊သင့်ရဲ့ရွေးချယ်မူကသာ သင့်ကိုပျော်ရွှင်စေနိုင်မှာပါ။

 

(၅) အနီရောင်ဆေးပုလင်း

အနီရောင်ဆေးပုလင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အခုချိန်မှာ ပူလောင်တဲ့စိတ်ခံစားချက်တွေကို ခံစားနေရတဲ့အတွက် ဒီခံစားချက်တွေကနေ အမြန်ဆုံးရုန်းထွက်ချင်စိတ်တွေ ဖြစ်နေပါလိမ့်မယ်။ အချစ်ရေး၊ လူမူရေး၊ စီပွားရေး အစရှိတဲ့ကိစ္စရပ်တွေကနေ ဒီပူလောင်မူတွေကို သင်ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီခံစားချက်တွေကနေရုန်းထွက်နိုင်ဖို့အတွက် အရာရာကို စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ခံစားမနေဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို တက်နိုင်သမျှထိန်းချုပ်ပါ။ ကိုယ့်ကိုယ်ပူလောင်စေမဲ့ လူမျိုးတွေနဲ့ကိစ္စရပ်တွေကနေ တက်နိုင်သလောက် ရှောင်ရှားပါ။

credit to lotaya

Zawgyi




(၂) အပြာရောင်ဆေးပုလင်း






(၅) အနီရောင်ဆေးပုလင်း


credit to lotaya