Yone lay’s FB
Unicode
Memory တွေ ပြန်တက်လာလို့ ပီတိဖြစ်လို့ တင်တာပါဆိုတဲ့ ယုန်လေး…
အခုဗီဒီယိုလေးကို Memory တွေ ပြန်တက်လာလို့ ပီတိဖြစ်လို့ တင်တာပါဆိုပြီး ကိုယုန်လေးက တင်ထားတာပဲ ဖြစ်ပါတယ် …။
မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ် ….။
မြင့်မြတ်ကတော့ သဘာဝကျတဲ့ ဇာတ်ရုပ်တွေ ပီပြင်တဲ့ သရုပ်ဆောင်ပုံတွေကြောင့် အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်နေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် …။
ပရိသတ်တွေအားကျချစ်ခင်နေရပြီး အေးချမ်းတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မြတ်ရဲ့သားလေးမြတ်သူကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် …။
ကိုယုန်လေးက ကိုမြင့်မြတ်ရဲ့သား မြတ်သူရဲ့ မွေးနေ့လေးမှာ စပရိုက်လုပ်ခဲ့ပါတယ်။ ကိုမြင့်မြတ်ရဲ့ဇာတိ အင်းစိန်က အင်းစိန်ရွာမကျောင်းမှာ နေ့ဆွမ်းကပ်လှူပြီး ငယ်ငယ်ကသင်ကြားပေးခဲ့တဲ့ ဆရာမတွေကို ဝတ္ထုငွေနဲ့ကန်တော့ခဲ့တာပါ …။
ဒီကိစ္စတွေက ကျနော်မသိဘူး ကိုယုန်လေးရယ် အဖေနဲ့အမေရယ်ပေါင်းပီးစီစဉ်ပေးခဲ့တာပါလို့ ကိုမြင့်မြတ်ကပြောပါတယ်။ ကိုမြင့်မြတ်နဲ့ ကိုယုန်လေးတို့ကြားက ခင်မင်မှုသံယောဇဉ်ကို လေးစားအားကျဖွယ် တွေ့မြင်ရပါတယ်နော် …။ ။
Mc
Yone lay’s FB
အောက်ဆုံးတွင်ရုပ်သံကြည့်ရန်