စိတ်ထွက်ပေါက်တွေပိတ်နေတဲ့အခါ မနက်ဖန်ဆိုတာကို ခဏမေ့လိုက်ပါ

မနက်ဖန်ဆိုတာကို ခဏမေ့လိုက်ပါ။ သုံးစားလို့မရတဲ့ မနေ့ကအကြောင်းအရာတွေကို မတွေး ပါနဲ့။သင့်ခြေတွေလက်တွေပြန်စမ်းကြည့်ပါ အကောင်းအတိုင်းရှိနေပြီဆိုရင်..သင်ဖြစ်နေတဲ့ ပြဿနာကို ပြန်လည်သုံးသပ်ပါ အချစ်ရေး လား?

တကယ်တော့အချစ်ဆိုတာ မီးပါ။ ငြိမ်းလိုက်ရင်ငြိမ်းသွားပြီး မွေးထားရင်တော့ ဆက်လောင်ပါတယ်။လူတစ်ယောက် မှာ… အသဲတစ်ခါကွဲဖူးရင် အချစ်ကို ဘယ်လိုကိုင်တွယ်ရမလဲသိသွားပါပြီ။ကိုယ့်ဒူးကိုယ်တောင် မယုံရတဲ့ခေတ်မှာ သင်က ဘယ်သူ့ ကိုတောင်ယုံကြည် နေချင်သေးတာလဲ။သင်ကအချစ်ကြောင့် စိတ်ညစ်နေရချိန်မှာ အိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ ရာဂါဝေဒနာခံစားနေရ သူကို ကြည့်ပါ။

အဲ့လိုလူနဲ့သင်နဲ့ နေရာချင်းလဲမလား။ ဘယ်လိုလဲ မလဲနိုင်ဘူးမလား။နောက်တစ်ခု အိပ်ဆေးတွေ ကျွေးခံရပြီးလမ်း မှာတောင်းရမ်းနေတဲ့ အနာဂတ်မဲ့ကျောပိုးခံထားရတဲ့ ကလေးငယ်နဲ့ သင်နေရာချင်းလဲမလား ဘယ်လိုလဲ မလဲနိုင်ဘူးမ လား။အမှိုက်ပုံ ထဲကအမှိုက်တွေချည်းကောက်စားနေ ရတဲ့ လူတွေနဲ့နေရာချင်းချိန်းမလား။ဘယ်လိုလဲ?

သိပ်မငြီးတွားပါနဲ့ အချစ်ငတ်တာ ထမင်းငတ်တာ လောက်မဆိုးဝါးပါဘူး။စီးပွားရေးကြောင့် စိတ်ညစ်နေသလား?စိတ်မညစ်ပါနဲ့။ ဘယ်နှစ်ခါလဲကျသွားလဲ အရေးမကြီးပါဘူး ဘယ်လောက် မြန်မြန် ပြန်ထနိုင်တာပဲ အရေးကြီးတာပါ။သင့်မှာ ခြေတွေလက်တွေ အကောင်းကြီးရှိနေတယ်မလား။ မိတ်ဆွေအပေါင်းအ သင်းတွေရှိနေတယ်စိတ်ကောင်းတစ်ခုရှိနေသေး တယ်ဆိုရင် သင်ပြန်ထနိုင်မှာပါ။

အကြွေးတွေများလို့ စိတ်ညစ်နေသလား။ အကြွေးကင်းတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ အလုပ်လုပ်နေသမျှတော့ အကြွေးမကင်းကြပါဘူး။သားရေးသမီးရေးအတွက် စိတ်ပူနေသလား?သင့်မှာ လိမ္မာ ကောင်းမွန်တဲ့သားသမီးတွေ ရှိနေရင်အမွေပေးဖို့ လိုအပ်လို့လား။ဆိုးသွမ်းတဲ့သား သမီးရှိလို့ အမွေပေးရင်ရော.. သူတို့တွေ သုံးဖြုန်းရင်ကုန်မှာမို့ အမွေပေးဖို့လိုသလား။

ကျွန်မတို့မိဘတွေလက်ထက် သားသမီး ၇ယောက် ၈ယောက် ၉ယောက် ၁၀ယောက် မွေးဖူးသူတွေ ပြန်ကြည့်ပါလား။အခုခေတ် ကလေး၂ ယောက် ၃ယောက် မွေးထားရုံနဲ့ပူစရာလား။ အိမ်ထောင်ရေးအဆင်မပြေလို့ စိတ်ညစ်နေလား။တစ်ယောက်တည်းလာပြီး တစ်ယောက်တည်း သေရွာပြန် ကြရမယ့် ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ဘဝတိုတိုလေးမှာ စိတ်ဆင်းရဲနေတာ တန်ပါ့မလား။

စိတ်ညစ်တယ်ဆိုတာ. တစ်ခုခုကို ဆုပ်ကိုင်ထားလို့ပါ။ လိုချင်ဖြစ်ချင်တာတွေ များနေလို့ပါ။ အလုပ်ကို အတတ်နိုင်ဆုံး လုပ်သင့်တာလုပ်ပြီး ဘဝကို နေပျော်ဖို့ပဲအရေးကြီးတာပါ။တစ်စုံတစ်ရာကို အလွန်အမင်းတွယ်တာ ဆုပ်ကိုင်တာမျိုးကိုမလုပ်ပါနဲ့ ။ အရာအားလုံးဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ပျက်ပါတယ်။ကံ ကံရဲ့အကျိုးကိုယုံကြည်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။ ဘာအတွက် ဘယ်သူ့အတွက်မှ စိတ်မညစ်နဲ့။

ယနေ့လုပ်စရာရှိတာ သာအကောင်း ဆုံးလုပ်.သင်တကယ်စိတ်ညစ် ရမှာက ဘဝကို ဒါန သီလ ဘာဝနာမပါဘဲကုန်ဆုံးသွားမှာကိုပဲ.သင့်နှာသီးဝကိုအောက်ဆီဂျင် ဝင်နေသမျှ ကံကောင်းနေတဲ့လူလို့မှတ် ဒါဟာဘဝပဲ။

Credit; မူရင်းရေးသူ

Zawgyi

မနက္ဖန္ဆိုတာကို ခဏေမ့လိုက္ပါ။ သုံးစားလို႔မရတဲ့ မေန႔ကအေၾကာင္းအရာေတြကို မေတြး ပါနဲ႔။သင့္ေျခေတြလက္ေတြျပန္စမ္းၾကည့္ပါ အေကာင္းအတိုင္းရွိေနၿပီဆိုရင္..သင္ျဖစ္ေနတဲ့ ျပႆနာကို ျပန္လည္သုံးသပ္ပါ အခ်စ္ေရး လား?

တကယ္ေတာ့အခ်စ္ဆိုတာ မီးပါ။ ၿငိမ္းလိုက္ရင္ၿငိမ္းသြားၿပီး ေမြးထားရင္ေတာ့ ဆက္ေလာင္ပါတယ္။လူတစ္ေယာက္ မွာ… အသဲတစ္ခါကြဲဖူးရင္ အခ်စ္ကို ဘယ္လိုကိုင္တြယ္ရမလဲသိသြားပါၿပီ။ကိုယ့္ဒူးကိုယ္ေတာင္ မယုံရတဲ့ေခတ္မွာ သင္က ဘယ္သူ႔ ကိုေတာင္ယုံၾကည္ ေနခ်င္ေသးတာလဲ။သင္ကအခ်စ္ေၾကာင့္ စိတ္ညစ္ေနရခ်ိန္မွာ အိပ္ယာေပၚမွာ ႏွစ္ေပါင္းမ်ားစြာ ရာဂါေဝဒနာခံစားေနရ သူကို ၾကည့္ပါ။

အဲ့လိုလူနဲ႔သင္နဲ႔ ေနရာခ်င္းလဲမလား။ ဘယ္လိုလဲ မလဲႏိုင္ဘူးမလား။ေနာက္တစ္ခု အိပ္ေဆးေတြ ေကြၽးခံရၿပီးလမ္း မွာေတာင္းရမ္းေနတဲ့ အနာဂတ္မဲ့ေက်ာပိုးခံထားရတဲ့ ကေလးငယ္နဲ႔ သင္ေနရာခ်င္းလဲမလား ဘယ္လိုလဲ မလဲႏိုင္ဘူးမ လား။အမႈိက္ပုံ ထဲကအမႈိက္ေတြခ်ည္းေကာက္စားေန ရတဲ့ လူေတြနဲ႔ေနရာခ်င္းခ်ိန္းမလား။ဘယ္လိုလဲ?

သိပ္မၿငီးတြားပါနဲ႔ အခ်စ္ငတ္တာ ထမင္းငတ္တာ ေလာက္မဆိုးဝါးပါဘူး။စီးပြားေရးေၾကာင့္ စိတ္ညစ္ေနသလား?စိတ္မညစ္ပါနဲ႔။ ဘယ္ႏွစ္ခါလဲက်သြားလဲ အေရးမႀကီးပါဘူး ဘယ္ေလာက္ ျမန္ျမန္ ျပန္ထႏိုင္တာပဲ အေရးႀကီးတာပါ။သင့္မွာ ေျခေတြလက္ေတြ အေကာင္းႀကီးရွိေနတယ္မလား။ မိတ္ေဆြအေပါင္းအ သင္းေတြရွိေနတယ္စိတ္ေကာင္းတစ္ခုရွိေနေသး တယ္ဆိုရင္ သင္ျပန္ထႏိုင္မွာပါ။

အေႂကြးေတြမ်ားလို႔ စိတ္ညစ္ေနသလား။ အေႂကြးကင္းတဲ့သူဆိုတာ မရွိသေလာက္ရွားပါတယ္။ အလုပ္လုပ္ေနသမွ်ေတာ့ အေႂကြးမကင္းၾကပါဘူး။သားေရးသမီးေရးအတြက္ စိတ္ပူေနသလား?သင့္မွာ လိမၼာ ေကာင္းမြန္တဲ့သားသမီးေတြ ရွိေနရင္အေမြေပးဖို႔ လိုအပ္လို႔လား။ဆိုးသြမ္းတဲ့သား သမီးရွိလို႔ အေမြေပးရင္ေရာ.. သူတို႔ေတြ သုံးျဖဳန္းရင္ကုန္မွာမို႔ အေမြေပးဖို႔လိုသလား။

ကြၽန္မတို႔မိဘေတြလက္ထက္ သားသမီး ၇ေယာက္ ၈ေယာက္ ၉ေယာက္ ၁၀ေယာက္ ေမြးဖူးသူေတြ ျပန္ၾကည့္ပါလား။အခုေခတ္ ကေလး၂ ေယာက္ ၃ေယာက္ ေမြးထား႐ုံနဲ႔ပူစရာလား။ အိမ္ေထာင္ေရးအဆင္မေျပလို႔ စိတ္ညစ္ေနလား။တစ္ေယာက္တည္းလာၿပီး တစ္ေယာက္တည္း ေသ႐ြာျပန္ ၾကရမယ့္ ဘဝမွာ တစ္စုံတစ္ေယာက္ေၾကာင့္ ဘဝတိုတိုေလးမွာ စိတ္ဆင္းရဲေနတာ တန္ပါ့မလား။

စိတ္ညစ္တယ္ဆိုတာ. တစ္ခုခုကို ဆုပ္ကိုင္ထားလို႔ပါ။ လိုခ်င္ျဖစ္ခ်င္တာေတြ မ်ားေနလို႔ပါ။ အလုပ္ကို အတတ္ႏိုင္ဆုံး လုပ္သင့္တာလုပ္ၿပီး ဘဝကို ေနေပ်ာ္ဖို႔ပဲအေရးႀကီးတာပါ။တစ္စုံတစ္ရာကို အလြန္အမင္းတြယ္တာ ဆုပ္ကိုင္တာမ်ိဳးကိုမလုပ္ပါနဲ႔ ။ အရာအားလုံးျဖစ္ခ်ိန္တန္ျဖစ္ၿပီး ပ်က္ခ်ိန္တန္ပ်က္ပါတယ္။ကံ ကံရဲ႕အက်ိဳးကိုယုံၾကည္မွ ဗုဒၶဘာသာဝင္စစ္စစ္ပါ။ ဘာအတြက္ ဘယ္သူ႔အတြက္မွ စိတ္မညစ္နဲ႔။

ယေန႔လုပ္စရာရွိတာ သာအေကာင္း ဆုံးလုပ္.သင္တကယ္စိတ္ညစ္ ရမွာက ဘဝကို ဒါန သီလ ဘာဝနာမပါဘဲကုန္ဆုံးသြားမွာကိုပဲ.သင့္ႏွာသီးဝကိုေအာက္ဆီဂ်င္ ဝင္ေနသမွ် ကံေကာင္းေနတဲ့လူလို႔မွတ္ ဒါဟာဘဝပဲ။

Credit; မူရင္းေရးသူ

Leave a Comment