” လှေခွက်ချည်းကျန် အလံမလှဲ” ဆိုတဲ့ စကားပုံရဲ့ တကယ့်ဆိုလိုရင်းအမှန်

ဆရာကြီး ဦးသုခနှင့် ပခုက္ကူ ဦးအုံးဖေ ဆုံကြရာက လှေခွက်ချည်းကျန် အလံမလှဲ စကားပုံ က ဘယ်အဓိပ္ပါယ်ကို ဖော်ညွှန်းပါသလဲဟုမေးရာ..

ဆရာကြီးဦးသုခက ” အများယူဆတဲ့ အတိုင်းပါပဲ။ မဆုတ်နစ်တဲ့ ဇွဲ၊ လုံ့လကို ဖော်ညွှန်းတယ်လို့ ယူဆမိပါတယ်” ဟု ဖြေသည်။

ဤတွင် ပခုက္ကူ ဦးအုံးဖေက”ကျွန်တော်တို့ ဘိုးဘွားပြောခဲ့တာက ဒီစကားပုံဟာ လောဘမသတ်နိုင်တာကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်” ဟုပြောသည်။

ဆရာကြီး ဦးသုခက အတော် စိတ်ဝင်စားသွားသည်။ “ဒါကို ကျွန်တော် ခုမှကြားဖူးတယ်၊ ဖွင့်ဆိုပါဦးဗျ”

” ဒီစကားပုံဟာ ပခုက္ကူက ဖြစ်ပေါ်လာခဲ့တာလို့ဆိုတယ်။ ရှေးအခါတုန်းက အညာကုန်လှေကြီးတွေနဲ့ အောက်ပြည်ကုန်လှေကြီးတွေဟာ ပခုက္ကူမှာဆုံပြီး ရောင်းဝယ်ဖောက်ကားကြတယ်။

ကုန်တွေကို ကုန်းပေါ် မတင်ဘူး။ လှေပေါ်မှာပဲ ရောင်းတယ်။ ဝယ်တဲ့သူတွေကလည်း လှေနဲ့ပဲ လာဝယ်ကြတယ်။ အဲဒီတော့…

ရောင်းလှေနဲ့ ဝယ်လှေ ကွဲပြားအောင် ကုန်ရောင်းလှေတွေက လှေပေါ်မှာ အလံထောင်ထားရတယ်။ ရောင်းစရာပစ္စည်း ကုန်သွားရင်တော့ အလံကို လှဲထားရသတဲ့။

ကုန်ဝယ်ချင်သူတွေက အလှံထောင်ထားတဲ့ လှေတွေပေါ်တက်ပြီး ဆန်ရှိလား၊ ငါးပိရှိလား မေးဝယ်ကြရတာပေါ့ဗျာ။

အချို့လှေတွေက ကိုယ့်မှာပါလာတဲ့ ရောင်းစရာကုန်ပစ္စည်း ကုန်သွားလို့ လှေခွက်ချည်း ကျန်ပေမယ့် အလံကိုမလှဲပဲ ဆက်ထောင်ထားတယ်။

ကုန်ဝယ်တွေက ဆန်ရှိလား၊ ငါးပိရှိလား လှေပေါ်တက်မေးရင် ရှိတယ်… ခဏစောင့်ပါဆိုပြီး အခြားလှေက ကဲ့ယူ အမြတ်တင် ရောင်းကြသတဲ့။

အဲဒီမှာလူတွေက ” ကုန်ရောင်းသမားတွေ လောဘမသတ်နိုင်ပုံများ လှေခွက်ချည်းကျန်တာတောင် အလံမလှဲဘူးဟေ့” လို့ ပြောကြရာက ဒီစကားပုံ ပြောစမှတ်တွင်ကျန်ရစ်ခဲ့တယ် ဆိုပါတယ်”

ပခုက္ကူဦးအုံးဖေက စာပေပညာရှင် မဟုတ်သော်လည်း ခေတ်ကို မှတ်မှတ်ထင်ထင် ဖြတ်သန်းလာခဲ့သူပီပီ စကားပုံ၏ ဗျူပ္ပတ်ကိုပါ ပြောပြ နိုင်သည်။

ဆရာကြီးဦးသုခ နှစ်ခြိုက်သွားသည်။ “လှေခွက်ချည်းကျန် အလံမလှဲဆိုတဲ့ စကားပုံဟာ
မဆုတ်နစ်သော ဇွဲလုံ့လကို ဖော်ညွှန်းတယ်ဆိုတာထက် ပခုက္ကူဦးအုံးဖေဆွေးနွေးသွားတာက ပိုပြီး သဘာဝယုတ္တိ ရှိပါတယ်။

သာဓကယုတ္တိ၊ အာဂမယုတ်တိ၊ ဇာတကယုတ်တိ၊ သဘာဝယုတ်တိဆိုတဲ့ ယုတ်တိ လေးပါးမှာ သဘာဝယုတ္တိ က အချုပ်ဟု ဆိုသည်။

ရာသီမသိ ပန်းနဲ့ညှိ၊ ဓမ္မမသိ သဘာဝနဲ့ညှိလို့လည်း အဆိုရှိပါတယ်။ ဒါကြောင့် သဘာဝယုတ္တိရှိတဲ့ ပခုက္ကူဦးအုံးဖေရဲ့ ဆွေးနွေးချက်က ပိုပြီးမှန်နိုင်ပါတယ်” ဟု ဆရာကြီးဦးသုခက ဆိုခဲ့သည်။

အခြား စာပေပညာရှင်များ သဘောညီကြပါမည်လားဟု တွေးတောနေမိပါသည်။ မောင်မြေနီ(တမာတော)ဆောင်းပါးမှ…။ ပြန်လည် မျှဝေပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

zawgyi

ဆရာႀကီး ဦးသုခႏွင့္ ပခုကၠဴ ဦးအုံးေဖ ဆုံၾကရာက ေလွခြက္ခ်ည္းက်န္ အလံမလွဲ စကားပုံ က ဘယ္အဓိပၸါယ္ကို ေဖာ္ၫႊန္းပါသလဲဟုေမးရာ..

ဆရာႀကီးဦးသုခက ” အမ်ားယူဆတဲ့ အတိုင္းပါပဲ။ မဆုတ္နစ္တဲ့ ဇြဲ၊ လုံ႔လကို ေဖာ္ၫႊန္းတယ္လို႔ ယူဆမိပါတယ္” ဟု ေျဖသည္။

ဤတြင္ ပခုကၠဴ ဦးအုံးေဖက”ကြၽန္ေတာ္တို႔ ဘိုးဘြားေျပာခဲ့တာက ဒီစကားပုံဟာ ေလာဘမသတ္ႏိုင္တာကို ေဖာ္ၫႊန္းတယ္လို႔ ဆိုပါတယ္” ဟုေျပာသည္။

ဆရာႀကီး ဦးသုခက အေတာ္ စိတ္ဝင္စားသြားသည္။ “ဒါကို ကြၽန္ေတာ္ ခုမွၾကားဖူးတယ္၊ ဖြင့္ဆိုပါဦးဗ်”

” ဒီစကားပုံဟာ ပခုကၠဴက ျဖစ္ေပၚလာခဲ့တာလို႔ဆိုတယ္။ ေရွးအခါတုန္းက အညာကုန္ေလွႀကီးေတြနဲ႔ ေအာက္ျပည္ကုန္ေလွႀကီးေတြဟာ ပခုကၠဴမွာဆုံၿပီး ေရာင္းဝယ္ေဖာက္ကားၾကတယ္။

ကုန္ေတြကို ကုန္းေပၚ မတင္ဘူး။ ေလွေပၚမွာပဲ ေရာင္းတယ္။ ဝယ္တဲ့သူေတြကလည္း ေလွနဲ႔ပဲ လာဝယ္ၾကတယ္။ အဲဒီေတာ့…

ေရာင္းေလွနဲ႔ ဝယ္ေလွ ကြဲျပားေအာင္ ကုန္ေရာင္းေလွေတြက ေလွေပၚမွာ အလံေထာင္ထားရတယ္။ ေရာင္းစရာပစၥည္း ကုန္သြားရင္ေတာ့ အလံကို လွဲထားရသတဲ့။

ကုန္ဝယ္ခ်င္သူေတြက အလွံေထာင္ထားတဲ့ ေလွေတြေပၚတက္ၿပီး ဆန္ရွိလား၊ ငါးပိရွိလား ေမးဝယ္ၾကရတာေပါ့ဗ်ာ။

အခ်ိဳ႕ေလွေတြက ကိုယ့္မွာပါလာတဲ့ ေရာင္းစရာကုန္ပစၥည္း ကုန္သြားလို႔ ေလွခြက္ခ်ည္း က်န္ေပမယ့္ အလံကိုမလွဲပဲ ဆက္ေထာင္ထားတယ္။

ကုန္ဝယ္ေတြက ဆန္ရွိလား၊ ငါးပိရွိလား ေလွေပၚတက္ေမးရင္ ရွိတယ္… ခဏေစာင့္ပါဆိုၿပီး အျခားေလွက ကဲ့ယူ အျမတ္တင္ ေရာင္းၾကသတဲ့။

အဲဒီမွာလူေတြက ” ကုန္ေရာင္းသမားေတြ ေလာဘမသတ္ႏိုင္ပုံမ်ား ေလွခြက္ခ်ည္းက်န္တာေတာင္ အလံမလွဲဘူးေဟ့” လို႔ ေျပာၾကရာက ဒီစကားပုံ ေျပာစမွတ္တြင္က်န္ရစ္ခဲ့တယ္ ဆိုပါတယ္”

ပခုကၠဴဦးအုံးေဖက စာေပပညာရွင္ မဟုတ္ေသာ္လည္း ေခတ္ကို မွတ္မွတ္ထင္ထင္ ျဖတ္သန္းလာခဲ့သူပီပီ စကားပုံ၏ ဗ်ဴပၸတ္ကိုပါ ေျပာျပ ႏိုင္သည္။

ဆရာႀကီးဦးသုခ ႏွစ္ၿခိဳက္သြားသည္။ “ေလွခြက္ခ်ည္းက်န္ အလံမလွဲဆိုတဲ့ စကားပုံဟာ
မဆုတ္နစ္ေသာ ဇြဲလုံ႔လကို ေဖာ္ၫႊန္းတယ္ဆိုတာထက္ ပခုကၠဴဦးအုံးေဖေဆြးေႏြးသြားတာက ပိုၿပီး သဘာဝယုတၱိ ရွိပါတယ္။

သာဓကယုတၱိ၊ အာဂမယုတ္တိ၊ ဇာတကယုတ္တိ၊ သဘာဝယုတ္တိဆိုတဲ့ ယုတ္တိ ေလးပါးမွာ သဘာဝယုတၱိ က အခ်ဳပ္ဟု ဆိုသည္။

ရာသီမသိ ပန္းနဲ႔ညႇိ၊ ဓမၼမသိ သဘာဝနဲ႔ညႇိလို႔လည္း အဆိုရွိပါတယ္။ ဒါေၾကာင့္ သဘာဝယုတၱိရွိတဲ့ ပခုကၠဴဦးအုံးေဖရဲ႕ ေဆြးေႏြးခ်က္က ပိုၿပီးမွန္ႏိုင္ပါတယ္” ဟု ဆရာႀကီးဦးသုခက ဆိုခဲ့သည္။

အျခား စာေပပညာရွင္မ်ား သေဘာညီၾကပါမည္လားဟု ေတြးေတာေနမိပါသည္။ ေမာင္ေျမနီ(တမာေတာ)ေဆာင္းပါးမွ…။ ျပန္လည္ မွ်ေဝပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Leave a Comment