ခံစားခ်က္ေတြကို ထုတ္မျပတတ္တဲ့သူေတြသာ နားလည္ႏိုင္တဲ့ အရာမ်ား…

ခံစားခ်က္ေတြကို ထုတ္မျပတတ္တဲ့သူေတြသာ နားလည္ႏိုင္တဲ့ အရာမ်ား…

လူဆိုတာ တစ္ေယာက္တစ္မ်ိဳး ရွိၾကတာပါပဲ။ စိတ္ညစ္တာေတြကို ရင္ဖြင့္တတ္တဲ့သူေတြ ရွိေနသလို တစ္ေယာက္တည္း ၿမိဳသိပ္ၿပီး ထုတ္မေျပာတတ္တဲ့ သူေတြလည္း ရွိေနပါတယ္။ ဒီလိုမ်ိဳး ခံစားခ်က္မွန္သမွ်ကို ေတာ္ရံုထုတ္ျပေလ့ မရွိတဲ့ သူေတြကိုေတာ့ တျခားသူေတြက နားမလည္တတ္ၾကပါဘူး။ ဘာမွ မေျပာလို႔ ဘာမွ နားလည္မေပးတတ္တာမ်ိဳးေတြ ရွိေနေပမယ့္လည္း ခံစားခ်က္ကို ထုတ္မျပတာကေတာ့ ဒီအေၾကာင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္ ……။

(၁) မေျပာတာက ပိုအဆင္ေျပလို႔”

တစ္ခ်ိဳ႕ေတြက တစ္ေယာက္ေယာက္ကို ရင္ဖြင့္လိုက္ရင္ စိတ္သက္သာရာ ရသြားတတ္ၾကေပမယ့္ တစ္ခ်ိဳ႕ေတာ့ မေျပာဘဲ ေနလိုက္တာက ပိုၿပီး အဆင္ေျပပါတယ္။ ေျပာလိုက္မွ ပိုဆိုးသြားတတ္တာကို ၾကံဳဖူးၾကတာေၾကာင့္ ကိုယ့္အတြက္ အဆင္မေျပလည္း တစ္ေယာက္တည္း ၿငိမ္ၿငိမ္ေလး ေနလိုက္တာက ပိုအဆင္ေျပသြားတတ္လို႔ ေနၾကတာ ျဖစ္ပါတယ္ …။

(၂) အၾကံေပးတာမ်ိဳးကို လက္မခံခ်င္လို႔”

တစ္ခ်ိဳ႕သူေတြက ကိုယ္ေျပာတာေတြကို နားေထာင္ေပးတဲ့သူမ်ိဳးကိုပဲ ရင္ဖြင့္ခ်င္တာပါ။ အၾကံျပန္ေပးတာကို မလိုခ်င္တတ္ၾကပါဘူး။ ဒီလို သူမ်ိဳးေတြကေတာ့ သူတို႔ ရင္ဖြင့္တိုင္း ႏွစ္သိမ့္တဲ့သူေတြနဲ႔ အၾကံေပးတဲ့သူေတြကို ၾကံဳေနရတာေၾကာင့္ ခံစားခ်က္ေတြကို တစ္ေယာက္တည္း ၿမိဳသိပ္ထားတတ္ၾကပါတယ္ …။

(၃) နားလည္ေလာက္မယ့္သူ မရွိလုိ႔”

တစ္ေယာက္ကို တစ္ေယာက္ နားလည္ဖို႔ဆိုတာ မလြယ္ပါဘူး။ တစ္ခ်ိဳ႕ဘဝေတြက မတူတဲ့အခါ နားလည္ဖို႔ ပိုၿပီး ခက္ခဲတတ္ပါတယ္။ ဒီလိုမ်ိဳး ကိုယ့္ေဘးကသူေတြက နားမလည္ႏိုင္တဲ့ အေျခအေနကို ပိုင္ဆိုင္ထားသူေတြကေတာ့ ကိုယ္ခံစားရသမွ် ကိုယ္ပဲ သိတာမို႔ ထုတ္မေျပာ တတ္ၾကပါဘူး ……။

(၄) သူမ်ားကို ကိုယ့္ေၾကာင့္ မပူပင္ရေစခ်င္လို႔”

ကိုယ့္ထက္ သူမ်ားကို ပိုၿပီး ေတြးပူတတ္တဲ့သူေတြ ရွိပါတယ္။ ကိုယ္လည္း လူသားတစ္ေယာက္ပဲ ရင္ဖြင့္လို႔ရတယ္ ငိုလို႔ရတယ္ဆိုတာကို သတိမထားမိဘဲ ေနၾကတဲ့သူေတြ ရွိေနပါတယ္။ သူတို႔ကေတာ့ လူတိုင္းမွာ ကိုယ့္အပူနဲ႔ ကိုယ္ ရွိေနလို႔ ကိုယ့္ေၾကာင့္ ထပ္ၿပီး စိတ္မညစ္ေစခ်င္လို႔ စိတ္ညစ္စရာ ရွိရင္ေတာင္မွ ထုတ္မေျပာတတ္ပါဘူးေနာ္ …။ ။

Kham

Unicode

ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူတွေသာ နားလည်နိုင်တဲ့ အရာများ…

လူဆိုတာ တစ်ယောက်တစ်မျိုး ရှိကြတာပါပဲ။ စိတ်ညစ်တာတွေကို ရင်ဖွင့်တတ်တဲ့သူတွေ ရှိနေသလို တစ်ယောက်တည်း မြိုသိပ်ပြီး ထုတ်မပြောတတ်တဲ့ သူတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုး ခံစားချက်မှန်သမျှကို တော်ရုံထုတ်ပြလေ့ မရှိတဲ့ သူတွေကိုတော့ တခြားသူတွေက နားမလည်တတ်ကြပါဘူး။ ဘာမှ မပြောလို့ ဘာမှ နားလည်မပေးတတ်တာမျိုးတွေ ရှိနေပေမယ့်လည်း ခံစားချက်ကို ထုတ်မပြတာကတော့ ဒီအကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ် …။

(၁) မပြောတာက ပိုအဆင်ပြေလို့”

တစ်ချို့တွေက တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် စိတ်သက်သာရာ ရသွားတတ်ကြပေမယ့် တစ်ချို့တော့ မပြောဘဲ နေလိုက်တာက ပိုပြီး အဆင်ပြေပါတယ်။ ပြောလိုက်မှ ပိုဆိုးသွားတတ်တာကို ကြုံဖူးကြတာကြောင့် ကိုယ့်အတွက် အဆင်မပြေလည်း တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေလိုက်တာက ပိုအဆင်ပြေသွားတတ်လို့ နေကြတာ ဖြစ်ပါတယ် …။

(၂) အကြံပေးတာမျိုးကို လက်မခံချင်လို့”

တစ်ချို့သူတွေက ကိုယ်ပြောတာတွေကို နားထောင်ပေးတဲ့သူမျိုးကိုပဲ ရင်ဖွင့်ချင်တာပါ။ အကြံပြန်ပေးတာကို မလိုချင်တတ်ကြပါဘူး။ ဒီလို သူမျိုးတွေကတော့ သူတို့ ရင်ဖွင့်တိုင်း နှစ်သိမ့်တဲ့သူတွေနဲ့ အကြံပေးတဲ့သူတွေကို ကြုံနေရတာကြောင့် ခံစားချက်တွေကို တစ်ယောက်တည်း မြိုသိပ်ထားတတ်ကြပါတယ် …။

(၃) နားလည်လောက်မယ့်သူ မရှိလို့”

တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ချို့ဘဝတွေက မတူတဲ့အခါ နားလည်ဖို့ ပိုပြီး ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ဘေးကသူတွေက နားမလည်နိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားသူတွေကတော့ ကိုယ်ခံစားရသမျှ ကိုယ်ပဲ သိတာမို့ ထုတ်မပြော တတ်ကြပါဘူး …။

(၄) သူများကို ကိုယ့်ကြောင့် မပူပင်ရစေချင်လို့”

ကိုယ့်ထက် သူများကို ပိုပြီး တွေးပူတတ်တဲ့သူတွေ ရှိပါတယ်။ ကိုယ်လည်း လူသားတစ်ယောက်ပဲ ရင်ဖွင့်လို့ရတယ် ငိုလို့ရတယ်ဆိုတာကို သတိမထားမိဘဲ နေကြတဲ့သူတွေ ရှိနေပါတယ်။ သူတို့ကတော့ လူတိုင်းမှာ ကိုယ့်အပူနဲ့ ကိုယ် ရှိနေလို့ ကိုယ့်ကြောင့် ထပ်ပြီး စိတ်မညစ်စေချင်လို့ စိတ်ညစ်စရာ ရှိရင်တောင်မှ ထုတ်မပြောတတ်ပါဘူးနော် …။ ။

Kham