ကမၻာပထမဆုံး ကိုဗစ္ ကာကြယ္ေဆးကို ႐ုရွားက မွတ္ပုံတင္ အတည္ျပဳလိုက္ၿပီ…

ကမၻာပထမဆုံး ကိုဗစ္ ကာကြယ္ေဆးကို ႐ုရွားက မွတ္ပုံတင္ အတည္ျပဳလိုက္ၿပီ…

ဝမ္းသာစရာ သတင္းေကာင္းပါပဲေနာ္ …။

ကမၻာပထမဆုံးကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ႐ုရွားကမွတ္ပုံတင္အတည္ျပဳလိုက္ၿပီး သမၼတပူတင္ ၏သမီးမွာပင္ ကာကြယ္ေဆးထိုးႏွံထားခဲ့ၿပီဟု သိရပါတယ္ …။

႐ုရွားနိုင္ငံထုတ္ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို တရားဝင္အသုံးျပဳနိုင္ဖို႔အတြက္ မွတ္ပုံတင္လိုက္ၿပီျဖစ္ကာ သူ႔သမီးမွာေတာင္ ကာကြယ္ေဆးထိုးႏွံထားခဲ့ၿပီလို႔ ႐ုရွားသမၼတဗလာဒီမာပူတင္က ထုတ္ေဖာ္ေျပာၾကား လိုက္ပါတယ္ …။

ကာကြယ္ေဆးနဲ႔ပတ္သက္လို႔ နိုင္ငံတကာပညာရွင္ေတြက သံသယေတြရွိေနၾကဆဲျဖစ္ေပမယ့္ ႐ုရွားနိုင္ငံက ယေန႔ ဩဂုတ္လ ၁၁ ရက္မွာပဲ ကာကြယ္ေဆး အသုံးျပဳဖို႔အဆင္သင့္ျဖစ္ၿပီလို႔ ေၾကညာထုတ္ျပန္လိုက္ၿပီး ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို တရားဝင္မွတ္ပုံတင္တဲ့ ပထမဦးဆုံးနိုင္ငံ ျဖစ္လာခဲ့ပါျပီ …။

ဒီကာကြယ္ေဆးအတြက္ မျဖစ္မေနလုပ္ရတဲ့ စမ္းသပ္စစ္ေဆးမႈအဆင့္ေတြကို လုပ္ေဆာင္ထားၿပီးတဲ့အျပင္ ကိုရိုနာဗိုင္းရပ္စ္ခုခံကာကြယ္မႈအစြမ္းထိေရာက္မႈကိုပါ သက္ေသျပထားခဲ့ပါၿပီလို႔ သမၼတပူတင္က ဆိုပါတယ္ …။

ကာကြယ္ေဆးစိတ္ခ်ရမႈနဲ႔ပတ္သက္လို႔ သေဘာထားကြဲလြဲမႈေတြရွိေနၾကေပမယ့္လည္း ဩဂုတ္လ၁၁ရက္မွာ ျပဳလုပ္တဲ့ အစိုးရအစည္းအေဝးမွာေတာ့ သမၼတပူတင္က ကာကြယ္ေဆးက အျပည့္အေဝစိတ္ခ်ရမႈရွိၿပီး သူရဲ႕ သမီးတစ္ေယာက္မွာေတာင္ ကာကြယ္ေဆးထိုးထားခဲ့ၿပီလို႔ ေျပာၾကားခဲ့တာပါ …။

သူ႔သမီးက ကာကြယ္ေဆးစမ္းသပ္မႈမွာ ပါဝင္ခဲ့ၿပီး ကာကြယ္ေဆးႏွစ္လုံးထိုးထားခဲ့ၿပီျဖစ္ကာ ေနေကာင္းက်န္း မာေနတယ္လို႔ သမၼတပူတင္က ဆိုပါတယ္ …။

သမၼတပူတင္က သူ႔သမီးတစ္ေယာက္လို႔သာေဖာ္ျပထားခဲ့ၿပီး သူ႔သမီးေတြျဖစ္တဲ့ မာရီယာလား၊ ကက္ထရီနာ လားဆိုတာကိုေတာ့ အတိအက် ထုတ္မေျပာခဲ့ပါဘူး …။

ကာကြယ္ေဆးထိုးႏွံမႈအတြက္ ပထမအသုတ္အေနနဲ႔ ႐ုရွားက်န္းမာေရးဝန္ထမ္းေတြ၊ ဆရာ၊ ဆရာမေတြနဲ႔ အျခားေသာကူးစက္နိုင္ေျခမ်ားတဲ့အုပ္စုေတြထဲက ေစတနာ့ဝန္ထမ္းပူးေပါင္းေဆာင္ရြက္သူေတြမွာ ထိုးႏွံမႈစတင္ သြားမယ္လို႔ ႐ုရွားအာဏာပိုင္ေတြက ဆိုထားပါတယ္ …။

စက္တင္ဘာလကစတင္ကာ ကာကြယ္ေဆးအမ်ားအျပားထုတ္လုပ္သြားမွာျဖစ္ၿပီး လူအမ်ားအျပားကို ကာကြယ္ေဆးထိုးႏွံေပးဖို႔ကိုေတာ့ ေအာက္တိုဘာလအေစာပိုင္းမွာ စတင္သြားနိုင္မယ္လို႔ ႐ုရွားအာဏာပိုင္ ေတြကဆက္လက္ ေျပာဆိုပါတယ္ …။ ။

(ABC News, 11.8.2020) သံသာ

Unicode

ကမ္ဘာပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားက မှတ်ပုံတင် အတည်ပြုလိုက်ပြီ…

ဝမ်းသာစရာ သတင်းကောင်းပါပဲနော် …။

ကမ္ဘာပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားကမှတ်ပုံတင်အတည်ပြုလိုက်ပြီး သမ္မတပူတင် ၏သမီးမှာပင် ကာကွယ်ဆေးထိုးနှံထားခဲ့ပြီဟု သိရပါတယ် …။

ရုရှားနိုင်ငံထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရားဝင်အသုံးပြုနိုင်ဖို့အတွက် မှတ်ပုံတင်လိုက်ပြီဖြစ်ကာ သူ့သမီးမှာတောင် ကာကွယ်ဆေးထိုးနှံထားခဲ့ပြီလို့ ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြား လိုက်ပါတယ် …။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ နိုင်ငံတကာပညာရှင်တွေက သံသယတွေရှိနေကြဆဲဖြစ်ပေမယ့် ရုရှားနိုင်ငံက ယနေ့ ဩဂုတ်လ ၁၁ ရက်မှာပဲ ကာကွယ်ဆေး အသုံးပြုဖို့အဆင်သင့်ဖြစ်ပြီလို့ ကြေညာထုတ်ပြန်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရားဝင်မှတ်ပုံတင်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါပြီ …။

ဒီကာကွယ်ဆေးအတွက် မဖြစ်မနေလုပ်ရတဲ့ စမ်းသပ်စစ်ဆေးမှုအဆင့်တွေကို လုပ်ဆောင်ထားပြီးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ခုခံကာကွယ်မှုအစွမ်းထိရောက်မှုကိုပါ သက်သေပြထားခဲ့ပါပြီလို့ သမ္မတပူတင်က ဆိုပါတယ် …။

ကာကွယ်ဆေးစိတ်ချရမှုနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိနေကြပေမယ့်လည်း ဩဂုတ်လ၁၁ရက်မှာ ပြုလုပ်တဲ့ အစိုးရအစည်းအဝေးမှာတော့ သမ္မတပူတင်က ကာကွယ်ဆေးက အပြည့်အဝေစိတ်ချရမှုရှိပြီး သူရဲ့ သမီးတစ်ယောက်မှာတောင် ကာကွယ်ဆေးထိုးထားခဲ့ပြီလို့ ပြောကြားခဲ့တာပါ …။

သူ့သမီးက ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ခဲ့ပြီး ကာကွယ်ဆေးနှစ်လုံးထိုးထားခဲ့ပြီဖြစ်ကာ နေကောင်းကျန်း မာနေတယ်လို့ သမ္မတပူတင်က ဆိုပါတယ် …။

သမ္မတပူတင်က သူ့သမီးတစ်ယောက်လို့သာဖော်ပြထားခဲ့ပြီး သူ့သမီးတွေဖြစ်တဲ့ မာရီယာလား၊ ကက်ထရီနာ လားဆိုတာကိုတော့ အတိအကျ ထုတ်မပြောခဲ့ပါဘူး …။

ကာကွယ်ဆေးထိုးနှံမှုအတွက် ပထမအသုတ်အနေနဲ့ ရုရှားကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အခြားသောကူးစက်နိုင်ခြေများတဲ့အုပ်စုတွေထဲက စေတနာ့ဝန်ထမ်းပူးပေါင်းဆောင်ရွက်သူတွေမှာ ထိုးနှံမှုစတင် သွားမယ်လို့ ရုရှားအာဏာပိုင်တွေက ဆိုထားပါတယ် …။

စက်တင်ဘာလကစတင်ကာ ကာကွယ်ဆေးအများအပြားထုတ်လုပ်သွားမှာဖြစ်ပြီး လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးဖို့ကိုတော့ အောက်တိုဘာလအစောပိုင်းမှာ စတင်သွားနိုင်မယ်လို့ ရုရှားအာဏာပိုင် တွေကဆက်လက် ပြောဆိုပါတယ် …။ ။

(ABC News, 11.8.2020) သံသာ