သင့္ခ်စ္သူကို တကယ္ခ်စ္ရင္ ဘယ္ေတာ႔မွ မေျပာသင့္တဲ့ စကားမ်ား…

သင့္ခ်စ္သူကို တကယ္ခ်စ္ရင္ ဘယ္ေတာ႔မွ မေျပာသင့္တဲ့ စကားမ်ား…

စကားလုံးေတြရဲ႕စြမ္းအားကႀကီးလြန္းပါတယ္။ ခ်စ္သူႏွစ္ၾကားမွာ တစ္ခ်ိဳ႕စကားလုံးေတြက ခိုင္မာတဲ့အခ်စ္ေရးကိုျဖစ္ေစေပမယ့္ တခ်ိဳ႕ေသာစကားလုံးေတြကေတာ့ ခ်စ္သူႏွစ္ဦးရဲ႕ ဆက္ဆံေရးကိုျပတ္ေတာက္သြားသည္အထိ ျပင္းထန္ေနတက္ပါတယ္။ ဒါေၾကာင့္ ဒီေန႔မွာေတာ့ သင့္ခ်စ္သူကိုခ်စ္တယ္ဆိုရင္ ဒီစကားေတြကို လုံးဝမေျပာမိဖို႔ အၾကံျပဳခ်င္ပါတယ္ေနာ္ ……။

(၁) မရင့္က်က္ဘူး”

” အခုခ်ိန္ထိမရင့္က်က္ေသးဘူး” ဆိုတဲ့စကားက ခ်စ္သူႏွစ္ဦးၾကားမွာ အႏုတ္လကၡဏာေဆာင္တဲ့ စကားတစ္ခုျဖစ္ပါတယ္။ ကိုယ္အေနနဲ႔ သူမကိုအမွန္တကယ္ ေကာင္းေစခ်င္တယ္ ရင္က်က္ေစခ်င္တယ္ ဆိုရင္ေတာင္ နားလည္မယ့္စကားမ်ိဳးနဲ႔ ေျပာဆိုဆုံးမသင့္ပါတယ္။ မရင့္က်က္ေသးဘူးလို႔ ေျပာလိုက္ရင္ ေကာင္းဖို႔ထက္ သူမဘက္ကေန အ႐ြဲ႕တိုက္ဖို႔ ရာခိုင္ႏႈန္း ပိုမ်ားသြားေစႏိုင္ပါတယ္ …။

(၂) ငါ့အေပၚဘယ္တုန္းက ေကာင္းခဲ့လဲ?

ရန္ျဖစ္စကားမ်ား စိတ္ဆိုးေနခ်ိန္မွာ သုံးေလ့႐ွိတဲ့စကားတစ္ခုပါ။ တကယ္ေတာ့ စိတ္ဆိုးတုန္းေျပာတာဆိုေပမယ့္ တစ္ဖက္လူရဲ႕ ရင္ထဲမွာေတာ့ သူေကာင္းခဲ့တဲ့အရာေတြကို အသိမွတ္ျပဳျခင္း လုံးဝမ႐ွိဘူးလို႔ သတ္မွတ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္ေလာက္ပဲ စိတ္ဆိုးေဒါသထြက္ေနခ်ိန္ျဖစ္ပါေစ ငါ့အေပၚဘယ္တုန္းကေကာင္းခဲ့လဲ ဆိုတဲ့ စကားမ်ိဳးေတာ့ လုံးဝ မေျပာသင့္ပါဘူးေနာ္ …..။

(၃) မေက်နပ္ရင္လမ္းခြဲလိုက္”

ျပႆနာျဖစ္တဲ့အခ်ိန္မ်ိဳးေတြမွာ မေက်နပ္ရင္လမ္းခြဲလိုက္ဆိုတဲ့စကားက ျပႆနာကိုေျပလည္သြားဖို႔ လုံးဝမ႐ွိႏိုင္ပါဘူး။ ဒီစကားက တစ္ဖက္လူရဲ႕ မာနနဲ႔ ေဒါသကို ဆြေပးလိုက္ရာေရာက္ပါတယ္။ ဒါေၾကာင့္ ဘာေၾကာင့္ပဲျဖစ္ျဖစ္ မေက်နပ္ရင္လမ္းခြဲလိုက္ဆိုတဲ့ စိန္ေခၚမႈဆန္တဲ့စကားမ်ိဳး မေျပာမိေစဖို႔ သတိျပဳသင့္ပါတယ္ …။

(၄) မင္းမွားတာ”

ကိစၥတိုင္းမွာ သူ႕အမွားကိုယ့္အမွားဆိုတာ ႐ွိတက္ပါတယ္။ ကိုယ္ဘက္ကၾကည့္ရင္ ကိုယ္မွန္ေနသလို သူ႕ဘက္ကၾကည့္ရင္လည္းသူမွန္ေနတာမ်ိဳးလည္း႐ွိတက္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကပဲအၿမဲမွန္ေနတယ္လို႔ ေတြးလို႔မရပါဘူး။မင္းမွားေနတာ မင္းအေတြးေတြမွားေနတာ စသည္ျဖင့္ စကားေတြကို ကိုယ္ဘက္ကတစ္ဖက္သတ္ေျပာတဲ့အခါ တစ္ဖက္လူအေနနဲ႔လည္း စိတ္ပ်က္သြားႏိုင္ပါတယ္။ ကိစၥတစ္ခုက မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ကိုယ္တစ္ဖက္သတ္ဆုံးျဖတ္ခ်က္ကိုပဲ ဦးစားေပးလို႔မရဘူးဆိုတာ သိထားဖို႔ လိုပါတယ္ေနာ္ …။ ။

KWEE

Unicode

သင့်ချစ်သူကို တကယ်ချစ်ရင် ဘယ်တော့မှ မပြောသင့်တဲ့ စကားများ…

စကားလုံးတွေရဲ့စွမ်းအားကကြီးလွန်းပါတယ်။ ချစ်သူနှစ်ကြားမှာ တစ်ချို့စကားလုံးတွေက ခိုင်မာတဲ့အချစ်ရေးကိုဖြစ်စေပေမယ့် တချို့သောစကားလုံးတွေကတော့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကိုပြတ်တောက်သွားသည်အထိ ပြင်းထန်နေတက်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သင့်ချစ်သူကိုချစ်တယ်ဆိုရင် ဒီစကားတွေကို လုံးဝမပြောမိဖို့ အကြံပြုချင်ပါတယ်နော် …။

(၁) မရင့်ကျက်ဘူး”

” အခုချိန်ထိမရင့်ကျက်သေးဘူး” ဆိုတဲ့စကားက ချစ်သူနှစ်ဦးကြားမှာ အနုတ်လက္ခဏာဆောင်တဲ့ စကားတစ်ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ သူမကိုအမှန်တကယ် ကောင်းစေချင်တယ် ရင်ကျက်စေချင်တယ် ဆိုရင်တောင် နားလည်မယ့်စကားမျိုးနဲ့ ပြောဆိုဆုံးမသင့်ပါတယ်။ မရင့်ကျက်သေးဘူးလို့ ပြောလိုက်ရင် ကောင်းဖို့ထက် သူမဘက်ကနေ အရွဲ့တိုက်ဖို့ ရာခိုင်နှုန်း ပိုများသွားစေနိုင်ပါတယ် …။

(၂) ငါ့အပေါ်ဘယ်တုန်းက ကောင်းခဲ့လဲ?

ရန်ဖြစ်စကားများ စိတ်ဆိုးနေချိန်မှာ သုံးလေ့ရှိတဲ့စကားတစ်ခုပါ။ တကယ်တော့ စိတ်ဆိုးတုန်းပြောတာဆိုပေမယ့် တစ်ဖက်လူရဲ့ ရင်ထဲမှာတော့ သူကောင်းခဲ့တဲ့အရာတွေကို အသိမှတ်ပြုခြင်း လုံးဝမရှိဘူးလို့ သတ်မှတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်နေချိန်ဖြစ်ပါစေ ငါ့အပေါ်ဘယ်တုန်းကကောင်းခဲ့လဲ ဆိုတဲ့ စကားမျိုးတော့ လုံးဝ မပြောသင့်ပါဘူးနော် …။

(၃) မကျေနပ်ရင်လမ်းခွဲလိုက်”

ပြဿနာဖြစ်တဲ့အချိန်မျိုးတွေမှာ မကျေနပ်ရင်လမ်းခွဲလိုက်ဆိုတဲ့စကားက ပြဿနာကိုပြေလည်သွားဖို့ လုံးဝမရှိနိုင်ပါဘူး။ ဒီစကားက တစ်ဖက်လူရဲ့ မာနနဲ့ ဒေါသကို ဆွပေးလိုက်ရာရောက်ပါတယ်။ ဒါကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် မကျေနပ်ရင်လမ်းခွဲလိုက်ဆိုတဲ့ စိန်ခေါ်မှုဆန်တဲ့စကားမျိုး မပြောမိစေဖို့ သတိပြုသင့်ပါတယ် …။

(၄) မင်းမှားတာ”

ကိစ္စတိုင်းမှာ သူ့အမှားကိုယ့်အမှားဆိုတာ ရှိတက်ပါတယ်။ ကိုယ်ဘက်ကကြည့်ရင် ကိုယ်မှန်နေသလို သူ့ဘက်ကကြည့်ရင်လည်းသူမှန်နေတာမျိုးလည်းရှိတက်ပါတယ်။ ဒါကြောင့် ကိုယ်ကပဲအမြဲမှန်နေတယ်လို့ တွေးလို့မရပါဘူး။မင်းမှားနေတာ မင်းအတွေးတွေမှားနေတာ စသည်ဖြင့် စကားတွေကို ကိုယ်ဘက်ကတစ်ဖက်သတ်ပြောတဲ့အခါ တစ်ဖက်လူအနေနဲ့လည်း စိတ်ပျက်သွားနိုင်ပါတယ်။ ကိစ္စတစ်ခုက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်တစ်ဖက်သတ်ဆုံးဖြတ်ချက်ကိုပဲ ဦးစားပေးလို့မရဘူးဆိုတာ သိထားဖို့ လိုပါတယ်နော် …။ ။

KWEE