သာယာတဲ့အခ်စ္ေရးျဖစ္ဖို႔ ေမ့မထားသင့္တဲ့ အခ်က္မ်ား…

သာယာတဲ့အခ်စ္ေရးျဖစ္ဖို႔ ေမ့မထားသင့္တဲ့ အခ်က္မ်ား…

လူတိုင္းလူတိုင္းကေတာ့ ဘဝမွာ သာယာေပ်ာ္႐ႊင္မႈေတြ လႊမ္းျခဳံေနတဲ့ အခ်စ္ေရးကိုပဲ လိုခ်င္မိၾကမွာပါ။ ကိုယ္တိုင္သာယာေပ်ာ္႐ႊင္ခ်င္တယ္ဆိုရင္ သူမရဲ႕ ေပ်ာ္႐ႊင္မႈကိုလည္း ေမ့ထားလို႔မရပါဘူး။ ဒါမွလည္း ႏွစ္ေယာက္အတူ ေပ်ာ္႐ႊင္တဲ့ အခ်စ္ေရးကို တည္ေဆာက္ႏိုင္မွာပါ။ ဒီတစ္ေခါက္မွာေတာ့ ကြီးတို႔ရဲ႕အခ်စ္ေရးကို သာယာေပ်ာ္႐ႊင္ေစဖို႔ ေမ့ထားလို႔မရတဲ့ အခ်က္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ …..။

(၁) ေငြေရးေၾကးေရး”

အခ်စ္မွာ ေငြေရးေၾကးေရး က႑ေတြမလိုဘူးလို႔ ေျပာၾကေပမယ့္ သူ႕ကိုလည္း ထည့္မစဥ္းစားလို႔မရႏိုင္ပါဘူး။ ခ်စ္သူႏွစ္ဦးၾကားမွာ သာယာေပ်ာ္႐ႊင္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ဖို႔ဆိုရင္ ေငြေရးေၾကးေရးက တစ္ေထာင့္တစ္ေနရာကေနအေရးပါေနပါတယ္။ ႏွစ္ဦးသားနားလည္မႈ႐ွိတဲ့ ေငြေၾကးသုံးစြဲမႈေတြ႐ွိမထားရင္ တခ်ိန္ခ်ိန္မွာ ျပႆနာ တက္လာႏိုင္ပါတယ္ …။

(၂) ကိုယ္ပိုင္လြတ္လပ္မႈ”

 

လူတစ္ေယာက္ရဲ႕အခ်စ္ကို ပိုင္ဆိုင္ခြင့္ရတာက အဲ့ဒီလူတစ္ေယာက္ရဲ႕ ဘဝတစ္ခုလုံးကို ခ်ဳပ္ပိုင္ခ်ယ္လွယ္ခြင့္ ရသြားတာမဟုတ္ဘူး ဆိုတာေတာ့ သတိရဖို႔လိုပါတယ္။ လူတိုင္းလူတိုင္းမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ ကိုယ္ပိုင္လြတ္လပ္ခ်ိန္ဆိုတာ ႐ွိပါတယ္။ ကိုယ့္ခ်စ္သူရဲ႕ ကိုယ္ပိုင္လြတ္လပ္မႈကို အေလးထားၿပီး တစ္ဦးနဲ႔တစ္ဦး သီးသန္႔ကိုယ္ပိုင္အခ်ိန္ေတြ ထား႐ွိမွသာ ေရ႐ွည္ခိုင္ၿမဲတဲ့ အခ်စ္ေရးျဖစ္မွာပါေနာ္ …။

(၃) ရင္ခုန္စရာအခိုက္အတန္႔”

ခ်စ္သူႏွစ္ဦးၾကားမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် ရင္ခုန္စရာအခ်ိန္ေတြေပ်ာက္ဆုံးလာတက္ၿပီး ၿငီးေငြ႕ဖြယ္ ေကာင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေခါက္႐ိုးက်ိဳးေနတဲ့ လုပ္႐ိုးလုပ္စဥ္အရာေတြထဲကေန ခြဲထြက္ၿပီး ရင္ခုန္စရာအေျခအေနေတြကို ဖန္တီးယူသင့္ပါတယ္။ ခ်စ္သူႏွစ္ဦးတစ္ခါမွ မလုပ္ဖူးတဲ့ ဝါသနာအသစ္ေတြလုပ္ၾကည့္တာ ခရီးသြားတာ ရင္ခုန္ေစမယ့္ စပ႐ိုက္ေလးေတြ ဖန္တီးေပးတာမ်ိဳးေတြ လုပ္သင့္ပါတယ္ …..။

(၄) အနာဂတ္ရည္မွန္းခ်က္”

လက္႐ွိတြဲေနတဲ့ကိုယ္ခ်စ္သူက ကိုယ္နဲ႔တစ္ဘဝလုံးစာလက္တြဲသြားဖို႔ သင့္ေတာ္တဲ့ လူတစ္ေယာက္လို႔ သိလိုက္ၿပီဆိုရင္ ခိုင္မာတဲ့အနာဂတ္ရည္းမွန္းခ်က္ေတြ ခ်မွတ္ထားသင့္ပါၿပီ။ လက္မထပ္ခင္ ႏွစ္ေယာက္အတူႀကိဳးစားမယ္ ပိုက္ဆံစုၾကမယ္ ေနာက္ဘယ္ႏွစ္ေနရင္ လက္ထပ္ၾကမယ္ ကေလးဘယ္ႏွစ္ေယာက္ယူမယ္စသည္ျဖင့္ အနာဂတ္ရည္မွန္းခ်က္ကို ခိုင္ခိုင္မာမာ ခ်မွတ္ထားသင့္ပါတယ္ေနာ္ …။ ။

Kwee

Unicode

သာယာတဲ့အချစ်ရေးဖြစ်ဖို့ မေ့မထားသင့်တဲ့ အချက်များ…

လူတိုင်းလူတိုင်းကတော့ ဘဝမှာ သာယာပျော်ရွှင်မှုတွေ လွှမ်းခြုံနေတဲ့ အချစ်ရေးကိုပဲ လိုချင်မိကြမှာပါ။ ကိုယ်တိုင်သာယာပျော်ရွှင်ချင်တယ်ဆိုရင် သူမရဲ့ ပျော်ရွှင်မှုကိုလည်း မေ့ထားလို့မရပါဘူး။ ဒါမှလည်း နှစ်ယောက်အတူ ပျော်ရွှင်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့အချစ်ရေးကို သာယာပျော်ရွှင်စေဖို့ မေ့ထားလို့မရတဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် …။

(၁) ငွေရေးကြေးရေး”

အချစ်မှာ ငွေရေးကြေးရေး ကဏ္ဍတွေမလိုဘူးလို့ ပြောကြပေမယ့် သူ့ကိုလည်း ထည့်မစဉ်းစားလို့မရနိုင်ပါဘူး။ ချစ်သူနှစ်ဦးကြားမှာ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ဆိုရင် ငွေရေးကြေးရေးက တစ်ထောင့်တစ်နေရာကနေအရေးပါနေပါတယ်။ နှစ်ဦးသားနားလည်မှုရှိတဲ့ ငွေကြေးသုံးစွဲမှုတွေရှိမထားရင် တချိန်ချိန်မှာ ပြဿနာ တက်လာနိုင်ပါတယ် …။

(၂) ကိုယ်ပိုင်လွတ်လပ်မှု”

လူတစ်ယောက်ရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတာက အဲ့ဒီလူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ချုပ်ပိုင်ချယ်လှယ်ခွင့် ရသွားတာမဟုတ်ဘူး ဆိုတာတော့ သတိရဖို့လိုပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ ရှိပါတယ်။ ကိုယ့်ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို အလေးထားပြီး တစ်ဦးနဲ့တစ်ဦး သီးသန့်ကိုယ်ပိုင်အချိန်တွေ ထားရှိမှသာ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးဖြစ်မှာပါနော် …။

(၃) ရင်ခုန်စရာအခိုက်အတန့်”

ချစ်သူနှစ်ဦးကြားမှာ အချိန်ကြာလာတာနဲ့အမျှ ရင်ခုန်စရာအချိန်တွေပျောက်ဆုံးလာတက်ပြီး ငြီးငွေ့ဖွယ် ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ခေါက်ရိုးကျိုးနေတဲ့ လုပ်ရိုးလုပ်စဉ်အရာတွေထဲကနေ ခွဲထွက်ပြီး ရင်ခုန်စရာအခြေအနေတွေကို ဖန်တီးယူသင့်ပါတယ်။ ချစ်သူနှစ်ဦးတစ်ခါမှ မလုပ်ဖူးတဲ့ ဝါသနာအသစ်တွေလုပ်ကြည့်တာ ခရီးသွားတာ ရင်ခုန်စေမယ့် စပရိုက်လေးတွေ ဖန်တီးပေးတာမျိုးတွေ လုပ်သင့်ပါတယ် …။

(၄) အနာဂတ်ရည်မှန်းချက်”

လက်ရှိတွဲနေတဲ့ကိုယ်ချစ်သူက ကိုယ်နဲ့တစ်ဘဝလုံးစာလက်တွဲသွားဖို့ သင့်တော်တဲ့ လူတစ်ယောက်လို့ သိလိုက်ပြီဆိုရင် ခိုင်မာတဲ့အနာဂတ်ရည်းမှန်းချက်တွေ ချမှတ်ထားသင့်ပါပြီ။ လက်မထပ်ခင် နှစ်ယောက်အတူကြိုးစားမယ် ပိုက်ဆံစုကြမယ် နောက်ဘယ်နှစ်နေရင် လက်ထပ်ကြမယ် ကလေးဘယ်နှစ်ယောက်ယူမယ်စသည်ဖြင့် အနာဂတ်ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ချမှတ်ထားသင့်ပါတယ်နော် …။ ။

Kwee