စက္ဆြဲစရာမလိုဘဲ ဆံပင္ကို ေျဖာင့္စင္းသြားေစမယ့္ သဘာဝ ေပါင္းတင္နည္း(၄)ခု

စက္ဆြဲစရာမလိုဘဲ ဆံပင္ကို ေျဖာင့္စင္းသြားေစမယ့္ သဘာဝ ေပါင္းတင္နည္း(၄)ခု

ဓာတုေဆးသုံးၿပီး၊ အပူေပးၿပီး ဆံပင္ေျဖာင့္ျခင္းက ပ်ိဳေမတို႔ဆံေကသာကိုေျခာက္ေသြ႕ပ်က္စီးေစတဲ့အျပင္ ဆံသားကိုေျပာင္းသြားေစတာမ်ိဳး၊ ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ပါးသြားတာမ်ိဳးေတြ ျဖစ္ေစတာေၾကာင့္ ခဏခဏဆံပင္ေျဖာင့္လို႔မေကာင္းဘူးေနာ္။ ဒီေတာ့ ဓာတုေဆးမသုံး၊ ေျဖာင့္စက္ မလိုဘဲ သဘာဝအတိုင္း ဆံပင္ေလးေတြ ေျဖာင့္စင္းေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ၾကက္ဥအကာနဲ႔ ဒိန္ခ်ဥ္”

ၾကက္ဥအကာတစ္လုံး၊ ဒိန္ခ်ဥ္ႏွစ္ဇြန္းတို႔ကိုေရာေမႊၿပီး ဆံပင္အရင္းကေနအဖ်ားထိလိမ္းေပးပါ။ နာရီဝက္ၾကာရင္ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးခ်ၿပီး ေခါင္းျပန္ေလွ်ာ္ေပးလိုက္ကာ သဘာဝအတိုင္းအေျခာက္ခံေပးလိုက္ပါ။ ေျခာက္သြားတဲ့အခါ ဘီးအစိပ္ေလးနဲ႔ ၿဖီးေပးလိုက္႐ုံနဲ႔ သဘာဝအတိုင္းေျဖာင့္စင္းတဲ့ ဆံေကသာကို ရ႐ွိႏိုင္ပါလိမ့္မယ္ …။

(၂) ငွက္ေပ်ာသီးနဲ႔ ပ်ားရည္”

ငွက္ေပ်ာသီးမွည့္တစ္လုံး၊ ပ်ားရည္တစ္ဇြန္းတို႔ကို သမေအာင္ေမႊလိုက္ၿပီး ဆံပင္အႏွံ႔လိမ္းေပးပါ။ မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီး ေရေအးနဲ႔ပဲေခါင္းေလွ်ာ္ေပးလိုက္ပါ။ သဘာဝအတိုင္းအေျခာက္ခံၿပီး ဘီးေလးနဲ႔ ၿဖီးေပးလိုက္ရင္ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး အစိုဓာတ္လည္း ျပည့္ဝလာမွာပဲ ျဖစ္ပါတယ္ …။

(၃) အုန္းဆီနဲ႔ ပ်ားရည္”

အုန္းဆီႏွစ္ဇြန္းနဲ႔ ပ်ားရည္ႏွစ္ဇြန္းဆတူေရာၿပီး ဆံပင္အရင္းကေနအဖ်ားထိ႐ႊဲေနေအာင္လိမ္းေပးပါ။ နာရီဝက္ေလာက္ထားၿပီး ေရေႏြးေလးနဲ႔ေခါင္းေလွ်ာ္ေပးၿပီး သဘာဝအတိုင္းအေျခာက္ခံေပးလိုက္ပါ။ ဆံပင္သားေလးေတြ သိသိသာသာ ႏူးညံ့ၿပီး ေျဖာင့္စင္းသြားတာကို ေတြ႕ရပါလိမ့္မယ္ …။

(၄) အုန္းႏို႔နဲ႔ လိေမၼာ္ရည္”

အုန္းႏို႔အနည္းငယ္ကို ခြက္ထဲထည့္ကာ လိေမၼာ္သီးတစ္လုံးကို အရည္ညႇစ္ထည့္လိုက္ပါ။ ရလာတဲ့ အရည္နဲ႔ဆံပင္အဖ်ားထိ႐ႊဲေနေအာင္ေလာင္းခ်ေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရေႏြးေလးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး လိေမၼာ္ရည္မွာ ပါဝင္တဲ့ဗီတာမင္ စီအစြမ္းေၾကာင့္ ဆံသားေလးေတြ ေခ်ာမြတ္ျပီး ေတာက္ေျပာင္လာပါလိမ့္မယ္ေနာ္ …။ ။

Credit : aunty may

Unicode

စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းသွားစေမယ့် သဘာဝ ပေါင်းတင်နည်း(၄)ခု

ဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတွေ ဖြစ်စေတာကြောင့် ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်။ ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက် မလိုဘဲ သဘာဝအတိုင်း ဆံပင်လေးတွေ ဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကြက်ဥအကာနဲ့ ဒိန်ချဉ်”

ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ။ နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေးလိုက်ကာ သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ ဆံကေသာကို ရရှိနိုင်ပါလိမ့်မယ် …။

(၂) ငှက်ပျောသီးနဲ့ ပျားရည်”

ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းတို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။ သဘာဝအတိုင်းအခြောက်ခံပြီး ဘီးလေးနဲ့ ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ်လည်း ပြည့်ဝလာမှာပဲ ဖြစ်ပါတယ် …။

(၃) အုန်းဆီနဲ့ ပျားရည်”

အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ဆံပင်သားလေးတွေ သိသိသာသာ နူးညံ့ပြီး ဖြောင့်စင်းသွားတာကို တွေ့ရပါလိမ့်မယ် …။

(၄) အုန်းနို့နဲ့ လိမ္မော်ရည်”

အုန်းနို့အနည်းငယ်ကို ခွက်ထဲထည့်ကာ လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ရလာတဲ့ အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေ ချောမွတ်ပြီး တောက်ပြောင်လာပါလိမ့်မယ်နော် …။ ။

Credit : aunty may