ေသြးကင္ဆာျဖစ္ေနတဲ့ ညီမျဖစ္သူရဲ႕ေဆးဖိုးကို ေပးေခ်ႏိုင္သူနဲ႔ လက္ထပ္မယ္ဆိုၿပီး ေၾကာညာခဲ့တဲ့မိန္းကေလး…

ေသြးကင္ဆာျဖစ္ေနတဲ့ ညီမျဖစ္သူရဲ႕ေဆးဖိုးကို ေပးေခ်ႏိုင္သူနဲ႔ လက္ထပ္မယ္ဆိုၿပီး ေၾကာညာခဲ့တဲ့မိန္းကေလး…

တ႐ုတ္ႏိုင္ငံက မိန္းမငယ္ေလးတစ္ဦးဟာ ေသြးကင္ဆာေရာဂါခံစားေနရတ ဲ့ညီမျဖစ္သူရဲ႕ ေဆးကုသမႈစရိတ္ကို ေပးေခ်ႏိုင္သည့္ မည္သူ႔ကိုမဆို လက္ထပ္မည္ျဖစ္ေၾကာင္း media ေတြကို ေျပာဆိုခဲ့ပါတယ္။ အသက္ 14 ႏွစ္အရြယ္ Cui Xiao အမည္႐ွိတဲ့ ေသြးကင္ဆာေရာဂါခံစားေနရတဲ့ ညီမငယ္ေလးကို အစ္မျဖစ္သူ Cui Qiao က ေက်ာင္းေတြဆီကေန ေဆးကုသမႈစရိတ္ ရန္ပံုေငြ $78,000 အထိရ႐ွိႏိုင္တယ္လို႔ ခန္႔မွန္းထားၿပီး ႀကိဳးစားေနခဲ့ေပမဲ့လည္း ရန္ပံုေငြ လံုေလာက္စြာ မရ႐ွိခဲ့ပါဘူး …။

သူမရဲ႕ဖခင္ျဖစ္သူကလည္း တစ္လကို $156 ဝန္းက်င္သာ႐ွာေဖြႏိုင္သူျဖစ္ၿပီး ၊ မိခင္ျဖစ္သူမွာလည္း ကိုယ္လက္အဂၤါ မသန္မစြမ္းျဖစ္ေနသူ ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ …။

Qiao တစ္ေယာက္တည္းကသာ ပိုက္ဆံကို မိသားစုဝင္ေတြအတြက္ လံုလံုေလာက္ေလာက္ျဖစ္ေအာင္ ႐ွာေဖြေပးႏိုင္သူျဖစ္ေပမဲ့လည္း ၊ ညီမျဖစ္သူ ပထမဆံုးအႀကိမ္ဓာတုကုထံုး ခံယူခဲ့ရတဲ့အခ်ိန္မွာေတာ့ သူမရဲ႕အလုပ္ကိုထြက္ခဲ့ရၿပီး ညီမငယ္ကိုသာ ျပဳစုေစာင့္ေ႐ွာက္ေနခဲ့ ရတာပဲ ျဖစ္ပါတယ္ …။

ထို႔ေၾကာင့္ Qiao ဟာ မိသားစုရဲ႕ေဆးဖိုးကုသစရိတ္ေတြ အကူအညီရေအာင္ဆိုၿပီး media ကိုအားကိုးကာ ေဆးဖိုးေငြေခ်ေပးမည့္ မည္သူ႔ကိုမဆို လက္ထပ္မည္ျဖစ္ေၾကာင္း ေနာက္ေျပာင္ၿပီး ေျပာဆိုခဲ့တာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ …။

သူမရဲ႕ေနာက္ေျပာင္ေျပာဆိုမႈေတြဟာ ေတာ္ေတာ္ေလးအရာေရာက္သြားမယ္လို႔ သူမ မထင္မိခဲ့ပါဘူး ။ သို႔ေပမဲ့လည္း လူအမ်ားအျပားက ညီမျဖစ္သူရဲ႕ေဆးကုသစရိတ္ကို ေပးလွဴလာၾကတဲ့အတြက္ ခန္႔မွန္းထားတဲ့ပမာဏထက္ပိုၿပီး ရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ အစပိုင္းမွာေတာ့ ကြၽန္မတို႔မိသားစုရဲ႕ အိမ္တြင္းေရးစိတ္မခ်မ္းမသာကိစၥကို အျပင္လူေတြကိုမေပးသိေစခ်င္ေပမယ္႔ ၊ ညီမရဲ႕ေဆးကုသစရိတ္ေၾကာင့္ မသက္ႏိုင္ေတာ့ပဲ အခုလိုဖြင့္ေျပာခဲ့ရတာျဖစ္ေၾကာင္း Qiao ကေျပာဆိုခဲ့ပါတယ္ … ။ ။

Jasmine (Mckzone Daily)

Unicode

သွေးကင်ဆာဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ဆေးဖိုးကို ပေးချေနိုင်သူနဲ့ လက်ထပ်မယ်ဆိုပြီး ကြောညာခဲ့တဲ့မိန်းကလေး…

တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ဦးဟာ သွေးကင်ဆာရောဂါခံစားနေရတဲ့ညီမဖြစ်သူရဲ့ ဆေးကုသမှုစရိတ်ကို ပေးချေနိုင်သည့် မည်သူ့ကိုမဆို လက်ထပ်မည်ဖြစ်ကြောင်း media တွေကို ပြောဆိုခဲ့ပါတယ်။ အသက် 14 နှစ်အရွယ် Cui Xiao အမည်ရှိတဲ့ သွေးကင်ဆာရောဂါခံစားနေရတဲ့ ညီမငယ်လေးကို အစ်မဖြစ်သူ Cui Qiao က ကျောင်းတွေဆီကနေ ဆေးကုသမှုစရိတ် ရန်ပုံငွေ $78,000 အထိရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကြိုးစားနေခဲ့ပေမဲ့လည်း ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့ပါဘူး …။

သူမရဲ့ဖခင်ဖြစ်သူကလည်း တစ်လကို $156 ဝန်းကျင်သာရှာဖွေနိုင်သူဖြစ်ပြီး ၊ မိခင်ဖြစ်သူမှာလည်း ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်နေသူ ဖြစ်ကြောင်းလည်း သိရှိရပါတယ် …။

Qiao တစ်ယောက်တည်းကသာ ပိုက်ဆံကို မိသားစုဝင်တွေအတွက် လုံလုံလောက်လောက်ဖြစ်အောင် ရှာဖွေပေးနိုင်သူဖြစ်ပေမဲ့လည်း ၊ ညီမဖြစ်သူ ပထမဆုံးအကြိမ်ဓာတုကုထုံး ခံယူခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့အလုပ်ကိုထွက်ခဲ့ရပြီး ညီမငယ်ကိုသာ ပြုစုစောင့်ရှောက်နေခဲ့ ရတာပဲ ဖြစ်ပါတယ် …။

ထို့ကြောင့် Qiao ဟာ မိသားစုရဲ့ဆေးဖိုးကုသစရိတ်တွေ အကူအညီရအောင်ဆိုပြီး media ကိုအားကိုးကာ ဆေးဖိုးငွေချေပေးမည့် မည်သူ့ကိုမဆို လက်ထပ်မည်ဖြစ်ကြောင်း နောက်ပြောင်ပြီး ပြောဆိုခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် …။

သူမရဲ့နောက်ပြောင်ပြောဆိုမှုတွေဟာ တော်တော်လေးအရာရောက်သွားမယ်လို့ သူမ မထင်မိခဲ့ပါဘူး ။ သို့ပေမဲ့လည်း လူအများအပြားက ညီမဖြစ်သူရဲ့ဆေးကုသစရိတ်ကို ပေးလှူလာကြတဲ့အတွက် ခန့်မှန်းထားတဲ့ပမာဏထက်ပိုပြီး ရရှိခဲ့ကြောင်း သိရှိရပါတယ် ။ အစပိုင်းမှာတော့ ကျွန်မတို့မိသားစုရဲ့ အိမ်တွင်းရေးစိတ်မချမ်းမသာကိစ္စကို အပြင်လူတွေကိုမပေးသိစေချင်ပေမယ့် ၊ ညီမရဲ့ဆေးကုသစရိတ်ကြောင့် မသက်နိုင်တော့ပဲ အခုလိုဖွင့်ပြောခဲ့ရတာဖြစ်ကြောင်း Qiao ကပြောဆိုခဲ့ပါတယ် … ။ ။

Jasmine (Mckzone Daily)