KMY
Unicode
စာမေးပွဲမအောင်သည့်အတွက် ကျောင်းသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး…
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ (၁၀)တန်း စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဝန်းသိုရဲစခန်းမှ သိရှိရပါတယ် …။
ဝန်းသိုမြို့နယ် တောင်ဘို့လှ အုပ်စု ထန်းပင်ကုန်းရွာနေ အသက် ၁၈ နှစ်အရွယ် မောင်လှဇော်ထွန်း သည် သြဂုတ်လ ၉ ရက် နံနက် ၈ နာရီအချိန်ခန့်အချိန်က တွင် မိမိ ကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့ခြင်းကြောင်းသိရပါတယ် …။
အဆိုပါ သေဆုံးသူကျောင်းသားသည် စာမေးပွဲအောင်စာရင်းမထွက်ခင်ညပိုင်းတွင် ယင်း၏ သူငယ်ချင်း များနှင့် စာမေးပွဲအောင်စာရင်းထွက်တော့မည့်အကြောင်း Facebook တွင် ပြောနေခဲ့ကြောင်း …၊
၎င်း၏ သူငယ်ချင်းများမှာ စာမေးပွဲအောင်မြင်ခဲ့ကြသည့်အတွက် စိတ်ဓာတ်ကျ အားငယ်စိတ်ဝင်၍ မိမိကိုယ် ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်နိုင်ကြောင်း၊မိဘများကလည်း ဖိအားပေးခြင်း မပြုလုပ်ကြောင်း
သေဆုံးသူ ကျောင်းသား၏ အဒေါ်ဖြစ်သူ က ပြောပါတယ် …။
ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းရွာတွင် ယခင်က ယခုလိုကြိုးဆွဲချ သေဆုံးမှုမျိုး မရှိခဲ့ဘဲ ပထမဆုံးအ ကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ်ကြောင်းလည်း သိရပါတယ် …။ ။
KMY
Credit – (ပြည်မြန်မာ)Pyi Myanmar