မေးစေ့အောက်က အဆီတွေကို ဖယ်ရှားဖို့ အစားအသောက်ပုံစံ ပြောင်းနည်း

ေမးေစ့ေအာက္က အဆီေတြကို ဖယ္ရွားဖို႔ အစားအေသာက္ပုံစံ ေျပာင္းနည္း

ဝိတ္က်ဖိဳ႕၊ အဆီက်ဖိဳ႕ဆိုတာ ေျပာသေလာက္လြယ္တာမဟုတ္ပါဘူး။ အခ်ိန္ေပးၿပီး ႀကိဳးစားအားထုတ္ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ပ်ိဳေမတို႔အေနနဲ႕ အစားအေသာက္ကိုေသခ်ာေ႐ြးခ်ယ္စားေသာက္မယ္၊ စားတဲ့ေသာက္တဲ့ပုံစံကိုျပဳျပင္လိုက္မယ္ဆိုရင္ ခႏၶာကိုယ္ကမလိုလားအပ္တဲ့အဆီပိုေတြကို ေအာင္ေအာင္ျမင္ျမင္ဖယ္ရွားနိုင္မွာပါ။

ဒါေၾကာင့္ မ်က္ႏွာနဲ႕လည္ပင္းတဝိုက္အဆီပိုဖယ္ရွားခ်င္သူေတြ၊ ေမးႏွစ္ထပ္ေပ်ာက္ခ်င္သူေတြအတြက္ ျပဳျပင္ေျပာင္းလဲသင့္တဲ့အစားအေသာက္ပုံစံေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိမ္မွာကိုယ္တိုင္ခ်က္ျပဳတ္ပါ

ကိုယ္တိုင္ခ်က္ျပဳတ္ျခင္းက စားခ်င္စိတ္ကိုေလ်ာ့နာ္းေစၿပီး ဘယ္ေလာက္ႀကိဳက္တဲ့အစားအေသာက္ပဲျဖစ္ပါေစ အမ်ားႀကီးမစားျဖစ္ေတာ့ပါဘူး။

ၿပီးေတာ့ အိမ္မွာခ်က္ရင္ကုန္သေလာက္ပဲ ပန္းကန္ထဲထည့္စားျဖစ္ၿပီး ဆိုင္မွာသြားစားတဲ့အခါမွာေတာ့ ပန္းကန္ထဲမွာပါလာသေလာက္အကုန္စားျဖစ္ပါတယ္။

၂။ ထမင္းစားစားပြဲမွာထိုင္စားပါ

အစားအေသာက္စားတဲ့အခါ တီဗီေရွ႕မွာစားတာမ်ိဳး၊ တျခားေနရာေတြမွာစားတာမ်ိဳးက ဗိုက္ဝေနရင္ေတာင္ ဆက္ၿပီးစားခ်င္စိတ္ျဖစ္ေစနိုင္ပါတယ္။

ထမင္းစားစားပြဲမွာထိုင္စားတာက ဗိုက္ျပည့္တာကိုသတိထားမိၿပီး အမ်ားႀကီးမစားမိေစေတာ့ပါဘူး။ ဒါေၾကာင့္မ်ားမ်ားမစားမိေအာင္ ထမင္းစားစားပြဲမွာထိုင္ၿပီး ျဖည္းျဖည္းခ်င္းစားပါ။

၃။ ေကာ္ဖီ၊လက္ဖက္ရည္ေရွာင္ပါ

ကဖင္းဓာတ္က မ်က္ႏွာ၊လည္ပင္းနဲ႕ေမးေစ့ေအာက္ေတြမွာ အဆီစုဖို႔ ပိုၿပီးတြန္းအားေပးပါတယ္။ဒါေၾကာင့္ မ်က္ႏွာ၊လည္ပင္းတဝိုက္အဆီက်ခ်င္ရင္ ေကာ္ဖီလက္ဖက္ရည္ေရွာင္ပါ။

၄။ social habit ကိုေျပာင္းလဲပါ

အစားအေသာက္ဆိုတာ ကိုယ္မႀကိဳက္ရင္ေတာင္မွ ကိုယ့္အေရွ႕မွာစားေနတာေတြ႕ရင္ ဘာရယ္မဟုတ္ ကိုယ္လည္းစားခ်င္လာတာမ်ိဳးပါ။

အျပင္စာေတြ၊ အဆီအဆိမ့္ေတြႀကိဳက္တဲ့သူငယ္ခ်င္းေတြနဲ႕ အျပင္ထြက္ၿပီးမၾကာခဏစားေသာက္တတ္တဲ့အက်င့္ရွိရင္ ျပင္လိုက္ပါ။

ဒီလိုသူငယ္ခ်င္းေတြနဲ႕အျပင္လိုက္မသြားပါနဲ႕ေတာ့။ ဒီအခ်က္ကိုဆင္ျခင္နိုင္ရင္ေတာ့ result က သိသိသာသာကိုေျပာင္းလဲလာမွာပါ။

၅။ ပမာဏေျပာင္းလဲစားေသာက္ပါ

ကိုယ္ႀကိဳက္တဲ့အရာေတြကိုလုံးဝႀကီးမစားေတာ့တာမ်ိဳးမဟုတ္ဘဲ နည္းနည္းပဲစားပါ။ ဒီေန႕မွာအာလူးေၾကာ္နည္းနည္း စားမိရင္ေနာက္ေန႕အ႐ြက္မ်ားမ်ားပိုစားေပးတာမ်ိဳး တလွည့္စီစားတဲ့ပုံစံလုပ္သြားပါ။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြကိုေသခ်ာလိုက္နာေပးရင္ မ်က္ႏွာနဲ႕လည္ပင္းတဝိုက္အဆီမ်ားေနတာေတြ၊ ေမးႏွစ္ထပ္ျဖစ္ေနတာေတြကို ေသခ်ာေပါက္ျပဳျပင္နိုင္မွာေနာ္။

ေမးႏွစ္ထပ္သမားေလးေတြ ဒီေန႕စေျပာင္းလိုက္ေတာ့။

May

unicode..

မေးစေ့အောက်က အဆီတွေကို ဖယ်ရှားဖို့ အစားအသောက်ပုံစံ ပြောင်းနည်း

ဝိတ်ကျဖို့၊ အဆီကျဖို့ဆိုတာ ပြောသလောက်လွယ်တာမဟုတ်ပါဘူး။ အချိန်ပေးပြီး ကြိုးစားအားထုတ်ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပျိုမေတို့အနေနဲ့ အစားအသောက်ကိုသေချာရွေးချယ်စားသောက်မယ်၊ စားတဲ့သောက်တဲ့ပုံစံကိုပြုပြင်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကမလိုလားအပ်တဲ့အဆီပိုတွေကို အောင်အောင်မြင်မြင်ဖယ်ရှားနိုင်မှာပါ။

ဒါကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်အဆီပိုဖယ်ရှားချင်သူတွေ၊ မေးနှစ်ထပ်ပျောက်ချင်သူတွေအတွက် ပြုပြင်ပြောင်းလဲသင့်တဲ့အစားအသောက်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်မှာကိုယ်တိုင်ချက်ပြုတ်ပါ

ကိုယ်တိုင်ချက်ပြုတ်ခြင်းက စားချင်စိတ်ကိုလျော့နာ်းစေပြီး ဘယ်လောက်ကြိုက်တဲ့အစားအသောက်ပဲဖြစ်ပါစေ အများကြီးမစားဖြစ်တော့ပါဘူး။

ပြီးတော့ အိမ်မှာချက်ရင်ကုန်သလောက်ပဲ ပန်းကန်ထဲထည့်စားဖြစ်ပြီး ဆိုင်မှာသွားစားတဲ့အခါမှာတော့ ပန်းကန်ထဲမှာပါလာသလောက်အကုန်စားဖြစ်ပါတယ်။

၂။ ထမင်းစားစားပွဲမှာထိုင်စားပါ

အစားအသောက်စားတဲ့အခါ တီဗီရှေ့မှာစားတာမျိုး၊ တခြားနေရာတွေမှာစားတာမျိုးက ဗိုက်ဝနေရင်တောင် ဆက်ပြီးစားချင်စိတ်ဖြစ်စေနိုင်ပါတယ်။

ထမင်းစားစားပွဲမှာထိုင်စားတာက ဗိုက်ပြည့်တာကိုသတိထားမိပြီး အများကြီးမစားမိစေတော့ပါဘူး။ ဒါကြောင့်များများမစားမိအောင် ထမင်းစားစားပွဲမှာထိုင်ပြီး ဖြည်းဖြည်းချင်းစားပါ။

၃။ ကော်ဖီ၊လက်ဖက်ရည်ရှောင်ပါ

ကဖင်းဓာတ်က မျက်နှာ၊လည်ပင်းနဲ့မေးစေ့အောက်တွေမှာ အဆီစုဖို့ ပိုပြီးတွန်းအားပေးပါတယ်။ဒါကြောင့် မျက်နှာ၊လည်ပင်းတဝိုက်အဆီကျချင်ရင် ကော်ဖီလက်ဖက်ရည်ရှောင်ပါ။

၄။ social habit ကိုပြောင်းလဲပါ

အစားအသောက်ဆိုတာ ကိုယ်မကြိုက်ရင်တောင်မှ ကိုယ့်အရှေ့မှာစားနေတာတွေ့ရင် ဘာရယ်မဟုတ် ကိုယ်လည်းစားချင်လာတာမျိုးပါ။

အပြင်စာတွေ၊ အဆီအဆိမ့်တွေကြိုက်တဲ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီးမကြာခဏစားသောက်တတ်တဲ့အကျင့်ရှိရင် ပြင်လိုက်ပါ။

ဒီလိုသူငယ်ချင်းတွေနဲ့အပြင်လိုက်မသွားပါနဲ့တော့။ ဒီအချက်ကိုဆင်ခြင်နိုင်ရင်တော့ result က သိသိသာသာကိုပြောင်းလဲလာမှာပါ။

၅။ ပမာဏပြောင်းလဲစားသောက်ပါ

ကိုယ်ကြိုက်တဲ့အရာတွေကိုလုံးဝကြီးမစားတော့တာမျိုးမဟုတ်ဘဲ နည်းနည်းပဲစားပါ။ ဒီနေ့မှာအာလူးကြော်နည်းနည်း စားမိရင်နောက်နေ့အရွက်များများပိုစားပေးတာမျိုး တလှည့်စီစားတဲ့ပုံစံလုပ်သွားပါ။

အခုဖော်ပြခဲ့တဲ့အချက်လေးတွေကိုသေချာလိုက်နာပေးရင် မျက်နှာနဲ့လည်ပင်းတဝိုက်အဆီများနေတာတွေ၊ မေးနှစ်ထပ်ဖြစ်နေတာတွေကို သေချာပေါက်ပြုပြင်နိုင်မှာနော်။

မေးနှစ်ထပ်သမားလေးတွေ ဒီနေ့စပြောင်းလိုက်တော့။

May