







source U Han

Unicode

မင်းသား ဟိန်းမင်းသူ ဆို့အောက် ကောင်မလေးက ချစ်စရာလေးနော် မြန်မာပြည်ရဲ့ 1to10 စာရင်းဝင် လုပ်ငန်းရှင်ကြီးရဲ့သမီးလေး

မင်းသားချော ဟိန်းမင်းသူကတော့ MRTV 4 မှထုတ်လွှင့်ဆဲဖြစ်တဲ့ တို့မမနဲ့ တို့ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာ ပရိတ်သတ်တွေသိပြီးကြမယ်ထင်ပါတယ်။

သီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုလေ့ရှိပြီး ပရိတ်သတ်တွေအားပေးမှုရရှိထားသူလေးပါ။

အချို့သော နှုတ်ခမ်းနီမလေးတွေကတော့ မင်းသားချော ဟိန်းမင်းသူကို ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့တူတယ်လို့ တင်စားကြပါတယ်။

မိန်းကလေးပရိတ်သတ်တို့အသဲစွဲ ဟိန်းမင်းသူက အခု မြန်မာနိုင်ငံရဲ့ 1 To 10 စာရင်းဝင်သူဌေးသမီးလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ဟန်ငြိမ်းဦးကတင်ထားပါတယ်။

“မင်းသား ဟိန်းမင်းသူ ဆို့အောက် ကောင်မလေးက ချစ်စရာလေးနော် မြန်မာပြည်ရဲ့ 1to10 စာရင်းဝင် လုပ်ငန်းရှင်ကြီးရဲ့သမီးလေး ဘာမှကိုပြောစရာမလိုတဲ့ လိုက်ဖက်တဲ့စုံတွေမို့ “ဆိုပြီး ဆိုရှယ်မီဒီယာမှာတင်ထားပါတယ်။

ပရိတ်သတ်ကြီးရော 1to10 စာရင်းဝင် လုပ်ငန်းရှင်ကြီးရဲ့သမီးလေးက ဘယ်သူဖြစ်မယ်ထင်လဲ စပ်စုကြည့်ကြပြီး သိရင်လည်း ကောမန့်မှာ ဝင်ရောက်ပြောပြသွားကြပါအုံးနော် … ။

source U Han