



(1) Basli


(2) Lavender


(3) Catnip


(4) ကြက်သွန်ဖြူ


(5) Lemon Balm


Penny

Unicode

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်အကြောင်း

ခြင်ဆေးခွေတွေနဲ့ ပိုးသတ်ဆေးဗူးတွေနဲ့ ခြင်သတ်နေမယ်ဆိုရင် ရေရှည်မှာ သင့်ရဲ့ အဆုတ်အပါအဝင် တခြားသော ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။

အဲဒီအစား သဘာဝနည်းလမ်းနဲ့ ခြင်တွေကိုပြေးစေဖို့အတွက် အိမ်ထဲနဲ့ အိမ်ပတ်ပတ်လည်မှာ စိုက်ထားသင့်တဲ့ အပင်လေးတွေ (၅) မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

(1) Basli

ဟင်းချက်တဲ့အခါ အသုံးပြုကြတဲ့ basli ကို အပင်သေးလေးခွဲထုတ်ပြီး အိမ်နေရာအနှံ့မှာထားပေးရင် ခြင်စုဝေးခြင်းကို မဖြစ်ပါဘူး။

(2) Lavender

လာဗင်ဒါပန်းရနံ့ကတော့ အိပ်ပျော်စေတယ်၊ စိတ်ဖိဆီးမှုပြေပျောက်စေတယ်ဆိုပေမယ့်လို့ တစ်ဖက်မှာလည်း ခြင်ပြေးစေတဲ့အစွမ်းရှိနေပါတယ်။ ခြင်တင်မဟုတ်ဘဲ ပိုးမွှားတွေကိုလည်း မောင်းထုတ်ပေးပါတယ်။

(3) Catnip

၂၀၁၀ ခုနှစ်ရဲ့လေ့လာချက်အရ ဒီ catnip အပင်လေးတွေဟာ ပိုးသတ်ဆေးဗူးတွေထက် ခြင်ကိုသေစေနိုင်တာ ၁၀ ဆပိုများပါတယ်။ ခြင်ပြေးပေမယ့် အိမ်မှာကြောင်ရှိရင်တော့ ကြောင်လေးကို ပျော်ရွှင်စေတဲ့ အနံ့တွေထုတ်ပေးတဲ့အပင်လေးပါတဲ့။

(4) ကြက်သွန်ဖြူ

အိမ်မှာကြက်သွန်ဖြူစိုက်ရင် ဟင်းစားလည်းရနိုင်သလို အိမ်တွင်းမှာ ပန်းအိုးလေးနဲ့စိုက်ပေးပါကလည်း ခြင်ပြေးစေပါတယ်တဲ့။

(5) Lemon Balm

ပူစီနံမျိုးနွယ်ဝင်ဖြစ်တဲ့ lemon balm ရဲ့ရှိန်းတိန်းတိန်းစူးရှရှအနံ့ဟာ ခြင်တွေကိုဝေးဝေးပြေးစေပါတယ်။ သူ့ကို အခြောက်ခံပြီး လက်ဖက်ခြောက်အနေနဲ့လည်း သုံးလို့ရတယ်နော်။

Penny