ဒီခေတ်ကြီးထဲမှာ ဘာလုပ်ရမလဲ တွေဝေနေတဲ့သူတွေအတွက် သေချာပေါက် ငွေဝင်မယ့် အလုပ်များ
တစ်ကျပ်မှ မရှိဘူးလား ပွဲစားလုပ်ပါ။ ငွေ ၁သိန်း ကနေ ၅ သိန်း ကြားရှိလား ကွမ်းယာဆိုင် ထောင်ပါ။ ၅သိန်း ကနေ ၁၀ သိန်းကြား ရှိလား လက်လီဆိုင်သေးသေးလေး လုပ်ပါ။ အိမ်စားတွင်းစားသောက်ကုန်ထုတ်၊ ကုန်စုံဆိုင်၊ လမ်းဘေးထမင်းဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်။
၁၀ သိန်းကနေ သိန်း၂၀ ကြားလား တနိုင်တပိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ပါ။ သိန်း ၂၀ ကနေ ၅၀ ကြားလား လျှပ်စစ်ပစ္စည်းဆိုင်လေး၊ အိမ်ဆောက်ပစ္စည်းဆိုင်လေး၊ စားသောက်ဆိုင်လေး။ ဖိနပ်ဆိုင်၊ ပလပ်စတစ်ပစ္စည်းဆိုင် စသည် ဖွင့်ပါ။
သိန်း ၅၀ ကနေ ၁၀၀ ကြား အပေါ်လုပ်ငန်းအားလုံးနဲ့ ဆန်ပွဲရုံ ၊ ပဲပွဲရုံ ၊စသည် ကုန်တွေ ကိုယ်တိုင်လှောင်ပြီး ကိုယ်တိုင်ပြန်ရောင်းပါ။ သိန်း ၁၀၀ ကနေ သိန်း ၃၀၀ကြား ကားထောင် ၊ ဆိုင်ကောင်းကောင်းထောင်နိုင်ပြီ နေရာ အသင့်အတင့်မှာ။ ကိုယ့်ရဲ့လေ့လာမှု ကျွမ်းကျင်မှုနဲ့ အလုပ်အပေါ်စိတ်ဝင်စားမှုတော့လိုတာပေါ့။ ကဲ စဉ်းစားပြီး ကိုယ်တွေးနေတာထက် အလုပ်မရှိသေးဘူးဆို အခုပဲ စလုပ်လိုက်ပါ။
လိုအပ်သူတွေအတွက်ပါ မေတ္တာဖြင့် Steven Chan
Zawgyi