၂၀၂၂ မတ်လ ဧပြီလတွေမှာ မုတ်သုန်လေဝင်ရောက်လာနိုင်ပြီး ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်တဲ့ ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေးစုစုစံ
၂၀၂၂ မေလတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို depression အဆင့်ရှိ မုန်တိုင်းငယ်တစ်လုံးဝင်ရောက်နိုင်ကာ ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှာမိုးများစွာရွာသွန်းနိုင်ပြီး မုန်းဆည် မန်းဆည် ကြီးအုံကြီးဝဆည် အိုင်းမဆည်တွေကို စီးဝင်ရေအားကောင်းစွာ ရေဖြည့်မိုးတွေရွာသွန်းနိုင်တဲ့အတွက်
ဆည်တမံများကိုကြံခိုင်အောင်လုပ်ဆောင်ထားကြဖို့လိုအပ်ပါကြောင်းအကြံပြုလိုက်ရပါတယ် သရက်ခရိုင် မကွေးခရိုင် မင်းဘူးခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မြင်းခြံရိုင်တွေလည်း မိုးဦးစောစေမှာဖြစ်ပြီး တောင်သူလယ်သမားတွေအကြိုက်တွေ့စေမည့်မိုးတွေရွာပါလိမ့်မယ်
ပုပ္ပါးတောင်တော် စိမ်းလန်းစိုပြေစေမည့်မိုး ၂၀၂၂ ဧပြီလနဲ့ မေလတွေမှာ ကျောက်ပန်းတောင်းမြို့နယ် ဝဲလောင်မြို့နယ်တွေမှာ မိုးရွာနိုင်ပြီး ပုပ္ပါးတောင်တော်စိမ်းလန်းစိုပြေပါလိမ့်မယ် ခန့်မှန်းချိန် 06/03/2022 at 10:05am
ရာသီတွေ ဘယ်လိုပြောင်းလည်း မပြောင်းလည်းတာ ကိုယ်ရဲ့အချစ်တွေပဲ ရာသီဥတုဘယ်လိုဖောက်ပြန်ပြီးပြောင်းလဲပါစေ ချစ်တဲ့မြန်မာနိုင်ငံတော် ချစ်တဲ့ပြည်သူတွေအတွက် မင်းဂွတ်သီး Climatologist တစ်ယောက်လုံးရှိတယ်နော်
မတ်လ ဧပြီလ မေလ တွေ မိုးဥတုကဲ့သို့ မိုးတွေရွာနိုင်တာကတော့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် တွေဖြစ်ပြီးတနင်္သါရီတိုင်းသည် ရွာသွန်းမြဲထက် ၃ဆ
မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်ပါတယ် ၂၀၂၂ ခုနှစ်ကတော့ ဆားလုပ်ငန်းသမားတွေအခက်တွေ့နိုင်တဲ့နှစ်ဖြစ်လို့ ဒီဇင်ဘာလလောက်ကထင်ပါတယ် ဆားထုတ်လုပ်ချိန်နည်းနိုင်လို့ ဆားဈေးကောင်းနိုင်ကြောင်းပြောထားတာလေး ဘယ်သူမှတ်မိကြလည်းဝေးးး ခန့်မှန်းချိန် 06/03/2022 at 8:51am
မိုးတွေရွာမည် တနင်္သာရီ ၂၀၂၂ မတ်လ ဧပြီလတွေမှာ ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ် မြန်မာပင်လယ်ပြင် တနင်္သာရီကမ်းရိုးတန်းတွေမှာ လေဖိအားနိမ်ကျသွားနိုင်ပြီး
တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး မေလမှာမုတ်သုန်လေဝင်ရောက်လာပြီး မိုးရွာစေနိုင်လို့ ဆောင်းကူးနွေမရောက်ပဲမိုး မိုးပြီးမိုးဆက်နိုင်ပါတယ်
ကပ္ပလီပင်လယ်ပြင်အတွင်း ရေလုပ်ငန်းလုပ်ကိုင်နေကြသူများ မင်းဂွတ်သီးလေးရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အချိန်နှင့်တပြေးညီသိရှိစေရန်အတွက် following favorite see first လုပ်ထားကြပါနော်
ရေလုပ်ငန်းသမားများ messenger မှလည်းဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ် ၂၀၂၂ မြန်မာပင်လယ်ပြင်သည် ရာသီဥတုမကြာခဏဆိုးရွားနိုင်ပါတယ် ခန့်မှန်းချိန် 06/03/2022 at 7:45am
အချိန်ပြည်စောင့်ကြည့်ရမည့် လေဖိအားနည်းလေဝဲ ၂၀၂၂ မတ်လ ၁ဝရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နီကိုဗာကျွန်းစုတောင်ဖက်အနီးမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်လာနိုင်ပြန့်ာတယ်
ပုံမှန်မဟုတ်တဲ့ လေစီးတွေကမောက်ကမဖြစ်တည်နေမှုကြောင့် မြန်မာမိုးသက်ရောက်လာနိုင်မှုအခြေအနေကို အဆင့်မြင့်မိုးလေဝသဂြိလ်တုတွေကနေပြီး အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းပြီး update weather data များဝယ်ယူကာ ခန့်မှန်းပေးနေမှာဖြစ်ပါတယ်
အပူလျော့စေမည့် ဧပြီမိုး မြနန္ဒာ နေညိုညိုရစ်ကာသန်းတော့ ၂၀၂၂ ဧပြီလမှာ နတ်မောက် ကျောက်ပန်းတောင်း ဂွေးချို ညောင်ဦး ဆည်ရွာ ပုပ္ပါး စက်ထိမ်း ဝဲလောင် တောင်သာ မြင်းခြံ နွားထိုးကြီး မြစ်သား
ကူမဲ ဝမ်းတွင်း ပင်းတလဲ တဲစု သဖန်း မိတ္ထီလာ သာစည် ပျော်ဘွယ် ရမည်းသင်း မလှိုင် ပန်းအိုင် ဆည်တို ရုံးစည်ကြီးပခန်းကြီး ပခန်းငယ် မြစ်ခြေ မြောင် ချောင်းဦး မုံရွာ အရာတော် ရွှေဘို လှတော ဝက်လက် ဆားတောင် မင်းကွန်း
စစ်ကိုင်း ရွာသစ်ကြီး မြင်းမူ ငါန်းဇွန် မြို့သာ ကျောက်ဆည် စဉ့်ကိုင် တံတားဦး အင်းဝ အမရပူရ မန္တလေး မတ္တရာ ပုသိမ်ကြီး အုန်းချော ပြင်ဦးလွင် ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်မိုးနည်းရပ်ဝန်းဒေသ နွေရာပူနေကြဖြစ်သော်လည်း ၂၀၂၂ ဧပြီနွေသည် မိုးရွာပြီး အပူလျော့စေမှာဖြစ်ပါတယ်နော်
ကချင်ပြည်ကိုလာပါ တစ်ကယ်ပျော်တယ်နော် ကချင်ပြည်နယ်မိုးရာသီ ၂၀၂၂ ဧပြီလမှာ မိုးဦးစောစေပြီး မေ ဇွန် ဇူလိုင်လမိုးအားကောင်းကာ သြဂုတ်လမှာ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုများနှင့် ဧရာဝတီမြစ်ရေအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ရမည့်နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်
like following favorite see first လုပ်ထားကြပါနော် ရာသီဥတုကိုတည်မှိလုပ်ကိုင်နေကြသူများ ချစ်တဲ့ မြန်မာနိုင်ငံတော်ကြီးအတွင်းနေထိုင်ကြသူများအားလုံးအတွက် မင်းဂွတ်သီးလေးသင်ယူလေ့လာ
ဆူပူးတတ်မြောက်ထားတဲ့မိုးလေဝသခန့်မှန်းခြင်းပညာရပ်ဖြင့် အချိန်နှင့်တပြေးညီ လဝေး ရက်ဝေးရက်နီး ခန့်မှန်းချက်တွေကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်
မုတ်သုန်လေဆွဲတင်မည့် မေမုန်တိုင်း ၂၀၂၂ မေလပထမပတ်မှာ ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်မှာ depression အဆင့်ရှိမုန်တိုင်းငယ်တစ်လုံးဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်ရောက်နိုင်ကာ မိုးကြီးနိုင်ပါတယ်
အဆိုပါမုန်တိုင်းငယ်က မုတ်သုန်လေဆွဲတင်မှာဖြစ်ပြီးမေလအတွင်း ဧရာဝတီတိုင်း ပဲခူးတိုင်းအနောက်ပိုင်း မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ရှိဒေသများတွင် မိုးများစွာရွာသွန်းနိုင်ပါတယ်
၂၀၂၂ တံခူးလမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်းမြစ်ဝှမ်းဒေသ နေပြည်တော် လွိုင်ကော် ကယားပြည်နယ်တွေမှာမိုးရွာနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၃ဆ ခန့်မှန်းချိန် 05/03/2022 at 11:12pm
မိုက်ဆွန်ခ April 2022 မိုး ၂၀၂၂ ဧပြီလမှာ နေပြည်တော် တပ်ကုန်း ရမည်းသင်း မန္တလေးတိုင်းအရှေ့ပိုင်း နှင့် ရှမ်းပြည်နယ်တစ်ခုလုံးမှာမိုးရွာနိုင်ပြီး တောင်ကြီး ခရိုင် တာချီလိတ်ခရိုင်နှင့် မိုးကုတ်မြို့ဒေသတွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 05/03/2022 at 10:34pm
Zawgyi