လူသိ အရမ္းနည္းတဲ့ ေျမျဖဴခဲရဲ႕ အသုံးဝင္ပုံမ်ား

မြေဖြူခဲနဲ့ ဒါတွေလုပ်လို့ ရတယ်ဆိုတာကို လူသိအရမ်းနည်းပါတယ်။ ရွှေခေတ် ပရိတ်သတ်ကြီးအတွက် မြေဖြူခဲရဲ့ အသုံးဝင်ပုံများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဆီနှင့်အစွန်းများ ချွတ်နိုင်ခြင်း

အစားအသောက်တွေကတစ်ဆင့် ဆီတွေအဝတ်အစားပေါ်စွန်းထင်းတာမျိုးကို ကြုံဖူးလားမသိဘူး။ အဲ့ဒီအတွက် မပူပါနဲ့ မြေဖြုခဲ အနည်းငယ်နဲ့ ဆီတွေစွန်းထင်းနေတဲ့နေရာကို သေချာစွာ ပွတ်ပြီး (၁၀) မိနစ်လောက်အကြာမှာ လျော်ဖွတ်လိုက်မယ်ဆိုရင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဝတ်အစားပေါ်က အစွန်းတွေပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ p

၂။ လက်သည်းများကို တောက်ပြောင်စေခြင်း

မိန်းကလေးတွေအနေနဲ့ ဒီနည်းကိုသိမယ်ဆိုရင် အချိန်ကုန် ငွေကုန်ခံပြီး လက်သည်းအလှပြင်ဆိုင်တွေသွားဖို့လိုတော့မယ်မထင်ပါဘူး။ ပထမဆုံးအနေနဲ့ သွားတိုက်တဲ့သွားပွတ်တံမျိုးနဲ့ မြေဖြူခဲကို ပွတ်တိုက်ပေးရပါမယ်။ ပြီးရင်တော့အဆိုပါ သွားပွတ်တံနဲ့ သင့်ရဲ့လက်သည်းတွေကို တိုက်ချွတ်ပေးမယ်ဆိုရင်တော့ လှပသန့်ရှင်းပြီး ယခင်ထက်တောက်ပြောင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

၃။ ငွေထည်ပစ္စည်းများကို တောက်ပြောင်စေခြင်း

ဇွန်းခရင်းတွေနဲ့မီးဖိုချောင်သုံးပစ္စည်းတွေ၊ ငွေထည်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ဟာတစ်ခါတစ်ရံမှာ အမည်းရောင် အစွန်းတွေဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်အောင် အဆိုပစ္စည်းတွေကိုသိမ်းဆည်းတဲ့နေရာမှာ မြေဖြူခဲအနည်းငယ်ကိုပါ အတူတွဲသိမ်းထားပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သတ္တုအများစုကို အမည်းရောင်အစွန်းအထင်းဖြစ်စေနိုင်တဲ့ လေထုထဲကဒြပ်စင်တွေကို မြေဖြုကစုပ်ယူထားနိုင်လို့ပဲဖြစ်ပါတယ်။

၄။ သံချေးများကို သန့်စင်နိုင်ခြင်း

သံနှင့်ပြုလုပ်တဲ့ ပစ္စည်းအများစုဟာ အချိန်ကြာလာတာနဲ့အမျှ သံချေးတက်ခြင်း ဖြစ်ပေါ်တက်ကြပါတယ်။ ဒါပေမယ့် မြေဖြူခဲမှာပါတဲ့ ကယ်လ်ဆီယံကာဘွန်နိတ်က လေထဲမှာပါဝင်တဲ့ဒြပ်စင်တွေနဲ့ ဓာတ်ပြုပြီး သံချေးတေကို တိုက်စားသွားနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကတ်ကြေးလိုအရာမျိုးကို အံချော်တာမျိုးဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါသေးတယ်။

၅။ အင်းဆက်ပိုးမွှားများကို ကာကွယ်နိုင်ခြင်း

မိမိရဲ့အိမ်မှာ အစားအစာတွေကို ပုရွက်ဆိတ်တက်လို့ဆိုပြီး စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင် ဒီနည်းလေးသုံးကြည့်ပါ။ ဒါကတော့ ပုရွက်ဆိတ်တွေကို စည်းတားပြီး ထောင်လိုသဘောမျိုးနဲ့ထားနိုင်မည့် နည်းပဲဖြစ်ပါတယ်။ မြေဖြူခဲနဲ့ စည်းကို ခပ်ထူထူတားပေးထားမယ်ဆိုရင် သူတို့တွေ အဲ့စည်းကိုကျော်မှာမဟုတ်တော့ပါဘူး။ ဟာသ မဟုတ်ဘူးနော် မယုံဘူးဆိုရင် ကိုယ်တိုင်စည်းတားပြီး ထိုင်ကြည့်နေပါ။ ထူးခြားမှုကိုသင် မျက်မြင်ကြုံတွေ့ရပါလိမ့်မယ်။

၆။ အဖြူရောင်အထည်များကို အရောင်ထိန်းပေးခြင်း

တစ်ချို့အဝတ်အစားတွေဟာ စတင်ဝယ်ယူစဉ်က ဖြူဖွေးပြီးနှစ်လိုဖွယ်ကောင်းလှပေမယ့် အချိန်ကြာလာတဲ့အခါမှတော့ ကော်လံတွေဟာ ဝါကျင့်ကျင့်အရောင်ဖြစ်လာတက်ပါတယ်။ အဲ့ဒီအခါမှာ မြေဖြူခဲနဲ့ ကော်လံအနားတွေကို ပွတ်တိုက်ပြီး (၁၀) မိနစ်ခန့်အကြာမှ အဝတ်ကို လျှော်ပေးခြင်းဖြင့် ပြန်လည်ဖြူဖွေးလာစေမှာပါ။

Ctedit

 

Zawgyi

ေျမျဖဴခဲနဲ႔ ဒါေတြလုပ္လို႔ ရတယ္ဆိုတာကို လူသိအရမ္းနည္းပါတယ္။ ေ႐ႊေခတ္ ပရိတ္သတ္ႀကီးအတြက္ ေျမျဖဴခဲရဲ႕ အသုံးဝင္ပုံမ်ားကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

၁။ ဆီႏွင့္အစြန္းမ်ား ခြၽတ္ႏိုင္ျခင္း

အစားအေသာက္ေတြကတစ္ဆင့္ ဆီေတြအဝတ္အစားေပၚစြန္းထင္းတာမ်ိဳးကို ႀကဳံဖူးလားမသိဘူး။ အဲ့ဒီအတြက္ မပူပါနဲ႔ ေျမျဖဳခဲ အနည္းငယ္နဲ႔ ဆီေတြစြန္းထင္းေနတဲ့ေနရာကို ေသခ်ာစြာ ပြတ္ၿပီး (၁၀) မိနစ္ေလာက္အၾကာမွာ ေလ်ာ္ဖြတ္လိုက္မယ္ဆိုရင္ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ အဝတ္အစားေပၚက အစြန္းေတြေပ်ာက္သြားတာကို ေတြ႕ရပါလိမ့္မယ္။ p

၂။ လက္သည္းမ်ားကို ေတာက္ေျပာင္ေစျခင္း

မိန္းကေလးေတြအေနနဲ႔ ဒီနည္းကိုသိမယ္ဆိုရင္ အခ်ိန္ကုန္ ေငြကုန္ခံၿပီး လက္သည္းအလွျပင္ဆိုင္ေတြသြားဖို႔လိုေတာ့မယ္မထင္ပါဘူး။ ပထမဆုံးအေနနဲ႔ သြားတိုက္တဲ့သြားပြတ္တံမ်ိဳးနဲ႔ ေျမျဖဴခဲကို ပြတ္တိုက္ေပးရပါမယ္။ ၿပီးရင္ေတာ့အဆိုပါ သြားပြတ္တံနဲ႔ သင့္ရဲ႕လက္သည္းေတြကို တိုက္ခြၽတ္ေပးမယ္ဆိုရင္ေတာ့ လွပသန႔္ရွင္းၿပီး ယခင္ထက္ေတာက္ေျပာင္လာတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။

၃။ ေငြထည္ပစၥည္းမ်ားကို ေတာက္ေျပာင္ေစျခင္း

ဇြန္းခရင္းေတြနဲ႔မီးဖိုေခ်ာင္သုံးပစၥည္းေတြ၊ ေငြထည္နဲ႔ လက္ဝတ္ရတနာပစၥည္းေတြ ဟာတစ္ခါတစ္ရံမွာ အမည္းေရာင္ အစြန္းေတြျဖစ္တက္ပါတယ္။ ဒီလိုမျဖစ္ေအာင္ အဆိုပစၥည္းေတြကိုသိမ္းဆည္းတဲ့ေနရာမွာ ေျမျဖဴခဲအနည္းငယ္ကိုပါ အတူတြဲသိမ္းထားေပးျခင္းနဲ႔ ကာကြယ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သတၱဳအမ်ားစုကို အမည္းေရာင္အစြန္းအထင္းျဖစ္ေစႏိုင္တဲ့ ေလထုထဲကျဒပ္စင္ေတြကို ေျမျဖဳကစုပ္ယူထားႏိုင္လို႔ပဲျဖစ္ပါတယ္။

၄။ သံေခ်းမ်ားကို သန႔္စင္ႏိုင္ျခင္း

သံႏွင့္ျပဳလုပ္တဲ့ ပစၥည္းအမ်ားစုဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် သံေခ်းတက္ျခင္း ျဖစ္ေပၚတက္ၾကပါတယ္။ ဒါေပမယ့္ ေျမျဖဴခဲမွာပါတဲ့ ကယ္လ္ဆီယံကာဘြန္နိတ္က ေလထဲမွာပါဝင္တဲ့ျဒပ္စင္ေတြနဲ႔ ဓာတ္ျပဳၿပီး သံေခ်းေတကို တိုက္စားသြားႏိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ကတ္ေၾကးလိုအရာမ်ိဳးကို အံေခ်ာ္တာမ်ိဳးျဖစ္ျခင္းမွလည္း ကာကြယ္ႏိုင္ပါေသးတယ္။

၅။ အင္းဆက္ပိုးမႊားမ်ားကို ကာကြယ္ႏိုင္ျခင္း

မိမိရဲ႕အိမ္မွာ အစားအစာေတြကို ပု႐ြက္ဆိတ္တက္လို႔ဆိုၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေနတယ္ဆိုရင္ ဒီနည္းေလးသုံးၾကည့္ပါ။ ဒါကေတာ့ ပု႐ြက္ဆိတ္ေတြကို စည္းတားၿပီး ေထာင္လိုသေဘာမ်ိဳးနဲ႔ထားႏိုင္မည့္ နည္းပဲျဖစ္ပါတယ္။ ေျမျဖဴခဲနဲ႔ စည္းကို ခပ္ထူထူတားေပးထားမယ္ဆိုရင္ သူတို႔ေတြ အဲ့စည္းကိုေက်ာ္မွာမဟုတ္ေတာ့ပါဘူး။ ဟာသ မဟုတ္ဘူးေနာ္ မယုံဘူးဆိုရင္ ကိုယ္တိုင္စည္းတားၿပီး ထိုင္ၾကည့္ေနပါ။ ထူးျခားမႈကိုသင္ မ်က္ျမင္ႀကဳံေတြ႕ရပါလိမ့္မယ္။

၆။ အျဖဴေရာင္အထည္မ်ားကို အေရာင္ထိန္းေပးျခင္း

တစ္ခ်ိဳ႕အဝတ္အစားေတြဟာ စတင္ဝယ္ယူစဥ္က ျဖဴေဖြးၿပီးႏွစ္လိုဖြယ္ေကာင္းလွေပမယ့္ အခ်ိန္ၾကာလာတဲ့အခါမွေတာ့ ေကာ္လံေတြဟာ ဝါက်င့္က်င့္အေရာင္ျဖစ္လာတက္ပါတယ္။ အဲ့ဒီအခါမွာ ေျမျဖဴခဲနဲ႔ ေကာ္လံအနားေတြကို ပြတ္တိုက္ၿပီး (၁၀) မိနစ္ခန႔္အၾကာမွ အဝတ္ကို ေလွ်ာ္ေပးျခင္းျဖင့္ ျပန္လည္ျဖဴေဖြးလာေစမွာပါ။

Ctedit