မျက်နှာပေါ်က တင်းတိတ်နဲ့ နေလောင်အမဲကွက် အမြန်ဆုံးပျောက်ကင်းနည်း
လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့မျက်နှာလေး ကြည်လင်ဝင်းပ သန့်စင်နေတာကိုပဲလိုလားပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသမီး အမျိုးသားလေးတွေ အဖြစ်ချင်ဆုံး ဆန္ဒက ကိုရီးယားမင်းသား မင်းသမီးလေးတွေလို ပြစ်မျိုးမှဲ့မထင် ဖွေးသန့်နေတဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ချင်ကြတာပါ။
အမှန်ပါပဲ၊ မျက်နှာပေါ်က တင်းတိတ် နေလောင်အမဲကွက်တွေက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ရုတ်လျော့စေပါတယ်။ ဈေးကွက်ထဲမှာ တင်းတိတ်အမဲစက် ပျောက်ဆေးတွေ ရောင်းနေကြပေမယ့် ပေးရတဲ့ ဈေးနှုန်းနဲ့ တစ်ကယ်ရော ပျောက်ကင်းပြီး အလုပ်ဖြစ်ကြပါရဲ့လား..
ဒီဆောင်းပါးမှာတော့ ပိုက်ဆံအကုန်အကျ အသက် သာဆုံးနဲ့ မိမိရဲ့ နေအိမ်မှာရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေ နဲ့ သဘာဝအတိုင်း တင်းတိတ်အမဲစက်တွေ ကင်းပျောက်စေမယ့် နည်းလမ်း (၁၀) မျိုးကြီးများတောင် ဖော်ပြပေးထားပါတယ်။
အခြေခံအားဖြင့် မျက်နှာမှာ အမဲကွက်တွေ ဖြစ်လာရတာကတော့ အသားအရေမှာ မယ်လနင် လို့ခေါ်တဲ့ အမည်းရောင်ဒြပ် ထုတ်လုပ်မှုများတာကြောင့် ဖြစ်ပါတယ်။ ဟိုမုန်းမညီမျှမှု၊ နေလောင်ဒဏ်လွန်ကဲစွာခံရခြင်း၊ ဆေးတွေသောက်နေရခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်ဖိစိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်မှု့အားနည်းခြင်း၊ အဟာရချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
တင်းတိတ်နေလောင်အမည်းကွက်တွေ ပျောက်ကင်းအောင် လေဆာကုထုံးနဲ့ ကုသနိုင်ပေမယ့် အလွန်ငွေကုန်ကြေးကျများတဲ့ ကုသနည်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်းဖြစ်လေးတွေနဲ့ အလွယ်ကူဆုံး ပျောက်ကင်းအောင် ကုသနည်းများကို ဖော်ပြလိုက်ပါတယ်။
၁။ သံပုရာသီး
မျက်နှာပေါ်က အမဲကွက်တွေ ပျောက်ကင်းဖို့ဆိုရင် သံပရာသီးက အစွမ်းထက်လှပါတယ်။ သံပရာရည်မှာ ဗီတာမင်စီနဲ့ အခြားသဘာဝ အဟာရဓါတ်ပေါင်းတွေ ပါဝင်ပြီး အဲဒါတွေက အမဲကွက်တွေကို ဖျောက်ပေးနိုင်ပါတယ်။
သံပရာသီးကို ထက်ခြမ်းခြမ်း၊ အရည်ညှစ်ပါ။ အရည်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး အမဲကွက်နေရာကို တို့သုတ်ပြီး တစ်နာရီကနေ ၂ နာရီလောက်ထိ ထားပေးပါ။ ပြီးနောက် မျက်နှာကို သန့်စင်အောင်ဆေးကြောပါ။ အနည်းဆုံး တစ်ရက်လျှင် နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ သံပုရာရည် သုတ်လိမ်းထားပြီးချိန်တွင် နေရောင်တိုက်ရိုက်ကျသော နေရာသို့ မသွားမိစေရန် သတိထားပါ။ အကယ်၍ မိမိအသားအရေက သာမန်ထက်နူးညံ့ပါက သံပုရာရည်ထဲတွင် ရေ တစ်စက် နှစ်စက် ရောစပ်လိမ်းပါ။ မျက်နှာတွင် ပေါက်ပြဲနာရှိရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။
၂။ အာလူး
အာလူးဟာလည်း မီးဖိုဆောင်ထဲမှာ အလွယ်တကူရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလူးမှာပါဝင်တဲ့ ဓါတ်သဘာဝတွေဟာ အသားအရေ ဝင်းဝါဖို့အတွက် အထောက်အကူဖြစ်စေတာကြောင့် ဒီနည်းလမ်းကို သုံးမယ်ဆိုရင် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ တင်းတိတ်အမဲကွက်တွေ လျော့နည်းသက်သာ စေမှာဖြစ်ပါတယ်။အားလူးကို ခပ်ထူထူ အကွင်းလေးတွေလှီးပြီး အမဲကွက်ရှိနေတဲ့ နေရာမှာ နာရီဝက်(သို့)ခြောက်သွေ့သည်ထိ ကပ်ပေးထားပါ။ ပြီးနောက် မျက်နှာကို သန့်စင်စွာဆေးကြောပါ။
ဒုတိယနည်းကတော့ အားလူးကို အခွံနွှာပြီး ခြစ်ပါ၊ ပျားရည်အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ်က အမဲကွက်ရှိတဲ့နေရာမှာ မိနစ် ၂၀ ကနေ ၃၀ လောက်ထိ ထားပါ။ ပြီးနောက် မျက်နှာကို သန့်စင်စွာဆေးကြောပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်လျှင် သုံးကြိမ်လုပ်ဆောင်ပါ။
၃။ ရှားစောင်းလက်ပတ်
အသားအရေ အလှအပနဲ့ ပက်သက်လာရင်တော့ ရှားစောင်းလက်ပတ်ဟာ သဘာဝရဲ့ လက်ဆောင်ပါပဲ။ သူ့ရဲ့ဓါတ်သဘာဝတွေမှာ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက် စတာတွေကို ပျောက်ကင်းစေပြီး အသားအရေကို ဝင်းဝါစေပါတယ်။
လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပတ် ကို ဓားနဲ့ခွာယူပြီး ရလာတဲ့ အကြည်ရောင်အနှစ်လေးတွေကို မျက်နှာမှာ လိမ်းကျံပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ ထားပါ။ ပြီးနောက် ရေနဲ့ မျက်နှာကို ပြန်လည်သန့်စင်ပါ။
ဆန္ဒရှိပါက ရှားစောင်းလက်ပတ်အနှစ်ကို နနွင်းမှုန့်၊ သံပုရာရည် အနည်းငယ်တို့ ရောစပ်ထည့်နိုင်ပါတယ် ။ ဖော်ပြပါနည်းအတိုင်း တစ်ရက်လျှင်တစ်ကြိမ် နှစ်ပတ် ခန့် ဆက်တိုက်လုပ်ဆောင်ကြည့်ပါ ထူးခြားလာတာကို တွေ့ရပါလိမ့်မယ်။
၄။ မလိုင်ထုတ်ထားသောနို့ရည်
ဒီလိုနို့ရည်ရဲ့ အစွမ်းကတော့ ပျက်ဆီးနေတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးပြီး အမဲကွက်တွေကို လျော့ပါးသက်သာစေပါတယ်။ နို့ရည်မှာပါတဲ့ လက်တစ်အက်ဆစ် က အလှအပရေးရာတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။
လက်ဖက်ရည်ခွက် တစ်ဝက်စာနို့ရည်ထဲကို ခရမ်းချည်သီးအရည်၊ သံပုရာရည် အနည်းငယ်တို့နဲ့ ရောစပ်ပြီး မွှေပါ၊ ပြီးနောက် အမဲကွက်နေရာကို လိမ်းကျံပြီး ၁၅ မိနစ်ကနေ ၂၀ မိနစ်လောက်ထိ အခြောက် ခံထားပါ။ ပြီးနောက် ရေနဲ့ မျက်နှာကို ပြန်လည်သန့်စင်ပါ။ အကယ်၍ ထိရှလွယ်သော အသားအရေဖြစ်ပါက နို့ရည်ချည်းသက်သက်သာ လိမ်းကျံပါ။ တစ်ရက် လျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။
၅။ နံ့သျဖူ သနပ္ခါး
အိမ်မှာ ကျောက်ပျဉ်နဲ့ နံ့သာဖြူသနပ်ခါးတုံးရှိပါက အသုံးပြုနိုင်သလို နံ့သာဖြူသနပ်ခါးမှုန့်နဲ့လည်း စီစဉ်နိုင်ပါတယ်။သနပ်ခါးတုံးနဲ့ အသုံးပြုလိုပါက ပုံမှန်အတိုင်း သွေးပြီး မျက်နှာအမဲကွက်များအပေါ် ခပ်ထူထူလေး ပုံလိမ်းထားပါ။
အကယ်၍ အမှုန့်အသုံးပြုမည်ဆိုပါက လက်ဖက်ရည် တစ်ဇွန်းစာ နံ့သာဖြူမှုံ့ကို ယူပြီး ရိုးရိုးရေ (သို့) နှင်းဆီရနံ့ပါရေနဲ့ ရောစပ်ပြီး လိမ်းပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ လိမ်းကျံထားပြီး မျက်နှာကို ရေဖြင့်ပြန်ဆေးကြောပါ။ ထိုနည်းအတိုင်း တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ လုပ်ဆောင်ပါက အမဲကွက်များ သိသာစွာ ပျောက်ကင်းသွားပါလိမ့်မည်။
၆။ နနွင်း
ဟိုရှေးယခင်ကတည်းက အသားအရေနဲ့ပက်သက်လာရင် နနွင်းစစ်စစ်ကို သုံးစွဲလာကြတာ ယနေ့ထိတိုင်အောင်ဖြစ်ပါတယ်။ နနွင်းမှာလည်း အရေပြားဆဲလ်တွေကို ထောက်ပံ့ပေးနိုင်တဲ့၊ အသားအရေ ဝင်းဝါစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။
နနွင်းမှုန့် လက် ဖက်ရည်တစ်ဇွန်းစာကို သံပုရာရည်၊ နွားနို့တို့နဲ့ ရောနယ်ပြီး အနှစ်ရအောင် လုပ်ပါ။ ပြီးနောက် အမဲကွက်နေရာကို လိမ်းကျံပြီး ခြောက်တဲ့အထိ ထားပါ။ ပြီးနောက် ရေနဲ့ပြန်လည် သန့်စင်ပါ။
ဒီနည်းကို တစ်ရက်လျှင်တစ်ကြိမ်၊ တစ်လလောက် သုံကြည့်တာနဲ့ အမဲကွက်တွေ သိသိသာသာ လျော့ပါးသွားတာကို တွေ့ရမှာပါ။
၇။ ကုလားပဲမှုန့်
အိမ်မှာ အလွယ်တစ်ကူရရှိနိုင်တဲ့ ကုလားပဲမှုန့်ကလည်း အသားအရည်ဝင်းဝါဖို့ အမဲကွက်တွေပျောက်နိုင် တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ကုလားပဲမှုန့်ထဲကို သံပုရာရည်၊ ဒိန်ချည် အနည်း ငယ်၊ နနွင်းလက်တစ်ဖျစ်စာနဲ့ ရေတို့ကို ရောစပ်ပြီးအနှစ်ပျစ်ပျစ်လေးရအောင် သမမွှေပါ။
အမဲကွက်နေရာကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်လျှင် သုံးကြိမ်ပြုလုပ်ပေးပါ၊ သီတင်းပတ်အနည်းငယ်အတွင်း အမဲကွက်တွေ လျော့ပါးသွားတာ တွေ့မြင်ရပါလိမ့်မယ်။
၈။ ကွေကာအုပ်မှုန့်
သန့်စင်နိုင်တဲ့အစွမ်းက သဘာဝနည်းလမ်းအတိုင်း ကွေကာအုပ်မှုန့်မှာလည်း ရှိပါတယ်။လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ကွေကာအုပ်မှုန့်ကို ရေ၊ သံပုရာရေ လက်ဖက်ရည် တစ်ဇွန်းစာစီနဲ့ ရောမွှေပါ။
ရလာတဲ့ အနှစ်ကို အမဲကွက်ပေါ် လိမ်းကျံပါ။၁၀ မိနစ်ခန့် အခြောက်ခံထားပြီးမှ ရေနဲ့ ပြန်လည်သန့်စင်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ် ပြုလုပ်ပေးပါ။
၉။ သေင်္ဘာသီး
သင်္ဘောသီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုရုံမျှမက ချွတ်ရခက်တဲ့ အမဲကွက်တွေနဲ့ ဆဲလ် အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။သင်္ဘောသီးအစိမ်းတစ်လုံးကို အချပ်ထူထူလေးလှီးပြီး အမဲကွက် ရှိတဲ့နေရာကို ၁၀ မိနစ်ခန့် ကပ်ပေးထားပါ။ ပြီးနောက် မျက်နှာကို ရေနဲ့ပြန်လည် သန့်စင်ပါ။နောက်ထပ် တစ်နည်းကတော့ သင်္ဘောသီးကို ခြစ်ပြီး ရလာတဲ့ အဖတ်လေးတွေကို ကြေအောင် ကြိတ်ချေပါ ပြီးနောက် ဆနွင်း၊ သံပုရာရည် အနည်းငယ်ကို ထည့်ပြီး သမအောင်မွှေပါ။ အမဲကွက်ရှိတဲ့နေရာကို လိမ်းကျံပြီး ခြောက်သွေ့အောင်ထားပါ။
ဒီနည်းအတိုင်း အတိုင်း တစ်ရက်လျှင်နှစ်ကြိမ်ပြုလုပ်ပါ။ သင်္ဘောသီးအခွံဟာ တံတောင်ဆစ်နေရာ၊ ဒူးနေရာမဲတာတွေကိုပါ အထောက်အကူပြုပါတယ်။
၁၀။ ကြက်သြန္နီ
ထင်တောင်မထင်မှတ်ထားဘူးမဟုတ်လား..? ကြက်သွန်နီရဲ့ အစွမ်းကလည်း အမဲကွက်တွေကို ထွက်ပြေးသွားစေပါလိမ့်မယ်။ကြက်သွန်နီကို အရည် ရအောင် ကြိတ်ပါ/ထောင်းပါ။ ကြက်သွန်နီရည်ကို ဂွမ်းစနဲ့တို့ပြီး အမဲကွက်နေရာမှာ တိုက်ရိုက်လိမ်းနိုင်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးရင် မျက်နှာကို ပြန် လည် သန့်စင်ပါ။ကြက်သွန်နီအရည်ထဲကို ပျားရည် အနည်းငယ် ရောစပ်ပြီး အမဲကွက်နေရာမှာ ၁၀ မိနစ်ခန့်လိမ်းထားနိုင်ပါတယ်။ ပြီးရင်တော့ ရေနဲ့ သန့်စင်အောင် ပြန်လည်ဆေးကြောပါ။
ဖော်ပြပါနည်းလမ်းတွေကတော့ ငွေကုန်ကြေးကျမများပဲ မီးဖိုဆောင်ထဲက ပစ္စည်းတွေနဲ့ မျက်နှာပေါ်က နေလောင်အမဲကွက်တွေကို သက်သာလျော့ပါးစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဖြူ စင်ဝင်းပတဲ့ မျက် နှာလှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..။
Credit
Zawgyi
မ်က္ႏွာေပၚက တင္းတိတ္နဲ႔ ေနေလာင္အမဲကြက္ အျမန္ဆုံးေပ်ာက္ကင္းနည္း
လူတိုင္းလူတိုင္းဟာ ကိုယ့္ရဲ႕မ်က္ႏွာေလး ၾကည္လင္ဝင္းပ သန႔္စင္ေနတာကိုပဲလိုလားပါတယ္။ အထူးသျဖင့္ လူငယ္အမ်ိဳးသမီး အမ်ိဳးသားေလးေတြ အျဖစ္ခ်င္ဆုံး ဆႏၵက ကိုရီးယားမင္းသား မင္းသမီးေလးေတြလို ျပစ္မ်ိဳးမွဲ႔မထင္ ေဖြးသန႔္ေနတဲ့ မ်က္ႏွာပိုင္ရွင္ေလးေတြ ျဖစ္ခ်င္ၾကတာပါ။
အမွန္ပါပဲ၊ မ်က္ႏွာေပၚက တင္းတိတ္ ေနေလာင္အမဲကြက္ေတြက လူတစ္ေယာက္ရဲ႕ အသြင္အျပင္ကို ႐ုတ္ေလ်ာ့ေစပါတယ္။ ေဈးကြက္ထဲမွာ တင္းတိတ္အမဲစက္ ေပ်ာက္ေဆးေတြ ေရာင္းေနၾကေပမယ့္ ေပးရတဲ့ ေဈးႏႈန္းနဲ႔ တစ္ကယ္ေရာ ေပ်ာက္ကင္းၿပီး အလုပ္ျဖစ္ၾကပါရဲ႕လား..
ဒီေဆာင္းပါးမွာေတာ့ ပိုက္ဆံအကုန္အက် အသက္ သာဆုံးနဲ႔ မိမိရဲ႕ ေနအိမ္မွာရွိတဲ့ ေန႔စဥ္သုံးပစၥည္းေတြ နဲ႔ သဘာဝအတိုင္း တင္းတိတ္အမဲစက္ေတြ ကင္းေပ်ာက္ေစမယ့္ နည္းလမ္း (၁၀) မ်ိဳးႀကီးမ်ားေတာင္ ေဖာ္ျပေပးထားပါတယ္။
အေျခခံအားျဖင့္ မ်က္ႏွာမွာ အမဲကြက္ေတြ ျဖစ္လာရတာကေတာ့ အသားအေရမွာ မယ္လနင္ လို႔ေခၚတဲ့ အမည္းေရာင္ျဒပ္ ထုတ္လုပ္မႈမ်ားတာေၾကာင့္ ျဖစ္ပါတယ္။ ဟိုမုန္းမညီမွ်မႈ၊ ေနေလာင္ဒဏ္လြန္ကဲစြာခံရျခင္း၊ ေဆးေတြေသာက္ေနရျခင္း၊ ကိုယ္ဝန္ေဆာင္ျခင္း၊ စိတ္ဖိစိျခင္း၊ တစ္ကိုယ္ရည္သန႔္ရွင္မႈ႕အားနည္းျခင္း၊ အဟာရခ်ိဳ႕တဲ့ျခင္းတို႔ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
တင္းတိတ္ေနေလာင္အမည္းကြက္ေတြ ေပ်ာက္ကင္းေအာင္ ေလဆာကုထုံးနဲ႔ ကုသႏိုင္ေပမယ့္ အလြန္ေငြကုန္ေၾကးက်မ်ားတဲ့ ကုသနည္းျဖစ္ပါတယ္။ ဒါေၾကာင့္ အိမ္တြင္းျဖစ္ေလးေတြနဲ႔ အလြယ္ကူဆုံး ေပ်ာက္ကင္းေအာင္ ကုသနည္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။
၁။ သံပုရာသီး
မ်က္ႏွာေပၚက အမဲကြက္ေတြ ေပ်ာက္ကင္းဖို႔ဆိုရင္ သံပရာသီးက အစြမ္းထက္လွပါတယ္။ သံပရာရည္မွာ ဗီတာမင္စီနဲ႔ အျခားသဘာဝ အဟာရဓါတ္ေပါင္းေတြ ပါဝင္ၿပီး အဲဒါေတြက အမဲကြက္ေတြကို ေဖ်ာက္ေပးႏိုင္ပါတယ္။
သံပရာသီးကို ထက္ျခမ္းျခမ္း၊ အရည္ညႇစ္ပါ။ အရည္ကို ဂြမ္းစေလးနဲ႔ တို႔ယူၿပီး အမဲကြက္ေနရာကို တို႔သုတ္ၿပီး တစ္နာရီကေန ၂ နာရီေလာက္ထိ ထားေပးပါ။ ၿပီးေနာက္ မ်က္ႏွာကို သန႔္စင္ေအာင္ေဆးေၾကာပါ။ အနည္းဆုံး တစ္ရက္လွ်င္ ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးပါ။ သံပုရာရည္ သုတ္လိမ္းထားၿပီးခ်ိန္တြင္ ေနေရာင္တိုက္႐ိုက္က်ေသာ ေနရာသို႔ မသြားမိေစရန္ သတိထားပါ။ အကယ္၍ မိမိအသားအေရက သာမန္ထက္ႏူးညံ့ပါက သံပုရာရည္ထဲတြင္ ေရ တစ္စက္ ႏွစ္စက္ ေရာစပ္လိမ္းပါ။ မ်က္ႏွာတြင္ ေပါက္ၿပဲနာရွိရင္ေတာ့ ဒီနည္းလမ္းကို မသုံးသင့္ပါဘူး။
၂။ အာလူး
အာလူးဟာလည္း မီးဖိုေဆာင္ထဲမွာ အလြယ္တကူရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အားလူးမွာပါဝင္တဲ့ ဓါတ္သဘာဝေတြဟာ အသားအေရ ဝင္းဝါဖို႔အတြက္ အေထာက္အကူျဖစ္ေစတာေၾကာင့္ ဒီနည္းလမ္းကို သုံးမယ္ဆိုရင္ သီတင္းပတ္အနည္းငယ္အတြင္းမွာပဲ တင္းတိတ္အမဲကြက္ေတြ ေလ်ာ့နည္းသက္သာ ေစမွာျဖစ္ပါတယ္။အားလူးကို ခပ္ထူထူ အကြင္းေလးေတြလွီးၿပီး အမဲကြက္ရွိေနတဲ့ ေနရာမွာ နာရီဝက္(သို႔)ေျခာက္ေသြ႕သည္ထိ ကပ္ေပးထားပါ။ ၿပီးေနာက္ မ်က္ႏွာကို သန႔္စင္စြာေဆးေၾကာပါ။
ဒုတိယနည္းကေတာ့ အားလူးကို အခြံႏႊာၿပီး ျခစ္ပါ၊ ပ်ားရည္အနည္းငယ္နဲ႔ ေရာၿပီး မ်က္ႏွာေပၚက အမဲကြက္ရွိတဲ့ေနရာမွာ မိနစ္ ၂၀ ကေန ၃၀ ေလာက္ထိ ထားပါ။ ၿပီးေနာက္ မ်က္ႏွာကို သန႔္စင္စြာေဆးေၾကာပါ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္လွ်င္ သုံးႀကိမ္လုပ္ေဆာင္ပါ။
၃။ ရွားေစာင္းလက္ပတ္
အသားအေရ အလွအပနဲ႔ ပက္သက္လာရင္ေတာ့ ရွားေစာင္းလက္ပတ္ဟာ သဘာဝရဲ႕ လက္ေဆာင္ပါပဲ။ သူ႔ရဲ႕ဓါတ္သဘာဝေတြမွာ ဝက္ၿခံ၊ တင္းတိတ္၊ အမဲစက္ စတာေတြကို ေပ်ာက္ကင္းေစၿပီး အသားအေရကို ဝင္းဝါေစပါတယ္။
လတ္လတ္ဆတ္ဆတ္ ရွားေစာင္းလက္ပတ္ ကို ဓားနဲ႔ခြာယူၿပီး ရလာတဲ့ အၾကည္ေရာင္အႏွစ္ေလးေတြကို မ်က္ႏွာမွာ လိမ္းက်ံၿပီး ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္ထိ ထားပါ။ ၿပီးေနာက္ ေရနဲ႔ မ်က္ႏွာကို ျပန္လည္သန႔္စင္ပါ။
ဆႏၵရွိပါက ရွားေစာင္းလက္ပတ္အႏွစ္ကို နႏြင္းမႈန႔္၊ သံပုရာရည္ အနည္းငယ္တို႔ ေရာစပ္ထည့္ႏိုင္ပါတယ္ ။ ေဖာ္ျပပါနည္းအတိုင္း တစ္ရက္လွ်င္တစ္ႀကိမ္ ႏွစ္ပတ္ ခန႔္ ဆက္တိုက္လုပ္ေဆာင္ၾကည့္ပါ ထူးျခားလာတာကို ေတြ႕ရပါလိမ့္မယ္။
၄။ မလိုင္ထုတ္ထားေသာႏို႔ရည္
ဒီလိုႏို႔ရည္ရဲ႕ အစြမ္းကေတာ့ ပ်က္ဆီးေနတဲ့ အေရျပားဆဲလ္ေတြကို ျပဳျပင္ေပးၿပီး အမဲကြက္ေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။ ႏို႔ရည္မွာပါတဲ့ လက္တစ္အက္ဆစ္ က အလွအပေရးရာေတြအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။
လက္ဖက္ရည္ခြက္ တစ္ဝက္စာႏို႔ရည္ထဲကို ခရမ္းခ်ည္သီးအရည္၊ သံပုရာရည္ အနည္းငယ္တို႔နဲ႔ ေရာစပ္ၿပီး ေမႊပါ၊ ၿပီးေနာက္ အမဲကြက္ေနရာကို လိမ္းက်ံၿပီး ၁၅ မိနစ္ကေန ၂၀ မိနစ္ေလာက္ထိ အေျခာက္ ခံထားပါ။ ၿပီးေနာက္ ေရနဲ႔ မ်က္ႏွာကို ျပန္လည္သန႔္စင္ပါ။ အကယ္၍ ထိရွလြယ္ေသာ အသားအေရျဖစ္ပါက ႏို႔ရည္ခ်ည္းသက္သက္သာ လိမ္းက်ံပါ။ တစ္ရက္ လွ်င္ အနည္းဆုံးတစ္ႀကိမ္ ျပဳလုပ္ေပးသင့္ပါတယ္။
၅။ နံ႔သ်ဖူ သနပၡါး
အိမ္မွာ ေက်ာက္ပ်ဥ္နဲ႔ နံ႔သာျဖဴသနပ္ခါးတုံးရွိပါက အသုံးျပဳႏိုင္သလို နံ႔သာျဖဴသနပ္ခါးမႈန႔္နဲ႔လည္း စီစဥ္ႏိုင္ပါတယ္။သနပ္ခါးတုံးနဲ႔ အသုံးျပဳလိုပါက ပုံမွန္အတိုင္း ေသြးၿပီး မ်က္ႏွာအမဲကြက္မ်ားအေပၚ ခပ္ထူထူေလး ပုံလိမ္းထားပါ။
အကယ္၍ အမႈန႔္အသုံးျပဳမည္ဆိုပါက လက္ဖက္ရည္ တစ္ဇြန္းစာ နံ႔သာျဖဴမႈံ႕ကို ယူၿပီး ႐ိုး႐ိုးေရ (သို႔) ႏွင္းဆီရနံ႔ပါေရနဲ႔ ေရာစပ္ၿပီး လိမ္းပါ။ ၁၀ မိနစ္ကေန ၁၅ မိနစ္ထိ လိမ္းက်ံထားၿပီး မ်က္ႏွာကို ေရျဖင့္ျပန္ေဆးေၾကာပါ။ ထိုနည္းအတိုင္း တစ္ပတ္လွ်င္ ႏွစ္ႀကိမ္မွ သုံးႀကိမ္ထိ လုပ္ေဆာင္ပါက အမဲကြက္မ်ား သိသာစြာ ေပ်ာက္ကင္းသြားပါလိမ့္မည္။
၆။ နႏြင္း
ဟိုေရွးယခင္ကတည္းက အသားအေရနဲ႔ပက္သက္လာရင္ နႏြင္းစစ္စစ္ကို သုံးစြဲလာၾကတာ ယေန႔ထိတိုင္ေအာင္ျဖစ္ပါတယ္။ နႏြင္းမွာလည္း အေရျပားဆဲလ္ေတြကို ေထာက္ပံ့ေပးႏိုင္တဲ့၊ အသားအေရ ဝင္းဝါေစႏိုင္တဲ့ အစြမ္းသတၱိေတြရွိပါတယ္။
နႏြင္းမႈန႔္ လက္ ဖက္ရည္တစ္ဇြန္းစာကို သံပုရာရည္၊ ႏြားႏို႔တို႔နဲ႔ ေရာနယ္ၿပီး အႏွစ္ရေအာင္ လုပ္ပါ။ ၿပီးေနာက္ အမဲကြက္ေနရာကို လိမ္းက်ံၿပီး ေျခာက္တဲ့အထိ ထားပါ။ ၿပီးေနာက္ ေရနဲ႔ျပန္လည္ သန႔္စင္ပါ။
ဒီနည္းကို တစ္ရက္လွ်င္တစ္ႀကိမ္၊ တစ္လေလာက္ သုံၾကည့္တာနဲ႔ အမဲကြက္ေတြ သိသိသာသာ ေလ်ာ့ပါးသြားတာကို ေတြ႕ရမွာပါ။
၇။ ကုလားပဲမႈန႔္
အိမ္မွာ အလြယ္တစ္ကူရရွိႏိုင္တဲ့ ကုလားပဲမႈန႔္ကလည္း အသားအရည္ဝင္းဝါဖို႔ အမဲကြက္ေတြေပ်ာက္ႏိုင္ တဲ့ ဂုဏ္သတၱိေတြရွိပါတယ္။လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းစာ ကုလားပဲမႈန႔္ထဲကို သံပုရာရည္၊ ဒိန္ခ်ည္ အနည္း ငယ္၊ နႏြင္းလက္တစ္ဖ်စ္စာနဲ႔ ေရတို႔ကို ေရာစပ္ၿပီးအႏွစ္ပ်စ္ပ်စ္ေလးရေအာင္ သမေမႊပါ။
အမဲကြက္ေနရာကို လိမ္းက်ံၿပီး ၁၀ မိနစ္ခန႔္ထားပါ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္လွ်င္ သုံးႀကိမ္ျပဳလုပ္ေပးပါ၊ သီတင္းပတ္အနည္းငယ္အတြင္း အမဲကြက္ေတြ ေလ်ာ့ပါးသြားတာ ေတြ႕ျမင္ရပါလိမ့္မယ္။
၈။ ေကြကာအုပ္မႈန႔္
သန႔္စင္ႏိုင္တဲ့အစြမ္းက သဘာဝနည္းလမ္းအတိုင္း ေကြကာအုပ္မႈန႔္မွာလည္း ရွိပါတယ္။လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းစာ ေကြကာအုပ္မႈန႔္ကို ေရ၊ သံပုရာေရ လက္ဖက္ရည္ တစ္ဇြန္းစာစီနဲ႔ ေရာေမႊပါ။
ရလာတဲ့ အႏွစ္ကို အမဲကြက္ေပၚ လိမ္းက်ံပါ။၁၀ မိနစ္ခန႔္ အေျခာက္ခံထားၿပီးမွ ေရနဲ႔ ျပန္လည္သန႔္စင္ပါ။ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ ျပဳလုပ္ေပးပါ။
၉။ ေသဘၤာသီး
သေဘၤာသီးဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳ႐ုံမွ်မက ခြၽတ္ရခက္တဲ့ အမဲကြက္ေတြနဲ႔ ဆဲလ္ အေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။သေဘၤာသီးအစိမ္းတစ္လုံးကို အခ်ပ္ထူထူေလးလွီးၿပီး အမဲကြက္ ရွိတဲ့ေနရာကို ၁၀ မိနစ္ခန႔္ ကပ္ေပးထားပါ။ ၿပီးေနာက္ မ်က္ႏွာကို ေရနဲ႔ျပန္လည္ သန႔္စင္ပါ။ေနာက္ထပ္ တစ္နည္းကေတာ့ သေဘၤာသီးကို ျခစ္ၿပီး ရလာတဲ့ အဖတ္ေလးေတြကို ေၾကေအာင္ ႀကိတ္ေခ်ပါ ၿပီးေနာက္ ဆႏြင္း၊ သံပုရာရည္ အနည္းငယ္ကို ထည့္ၿပီး သမေအာင္ေမႊပါ။ အမဲကြက္ရွိတဲ့ေနရာကို လိမ္းက်ံၿပီး ေျခာက္ေသြ႕ေအာင္ထားပါ။
ဒီနည္းအတိုင္း အတိုင္း တစ္ရက္လွ်င္ႏွစ္ႀကိမ္ျပဳလုပ္ပါ။ သေဘၤာသီးအခြံဟာ တံေတာင္ဆစ္ေနရာ၊ ဒူးေနရာမဲတာေတြကိုပါ အေထာက္အကူျပဳပါတယ္။
၁၀။ ၾကက္ၾသႏၷီ
ထင္ေတာင္မထင္မွတ္ထားဘူးမဟုတ္လား..? ၾကက္သြန္နီရဲ႕ အစြမ္းကလည္း အမဲကြက္ေတြကို ထြက္ေျပးသြားေစပါလိမ့္မယ္။ၾကက္သြန္နီကို အရည္ ရေအာင္ ႀကိတ္ပါ/ေထာင္းပါ။ ၾကက္သြန္နီရည္ကို ဂြမ္းစနဲ႔တို႔ၿပီး အမဲကြက္ေနရာမွာ တိုက္႐ိုက္လိမ္းႏိုင္ပါတယ္။ မိနစ္ ၂၀ ေလာက္ထားၿပီးရင္ မ်က္ႏွာကို ျပန္ လည္ သန႔္စင္ပါ။ၾကက္သြန္နီအရည္ထဲကို ပ်ားရည္ အနည္းငယ္ ေရာစပ္ၿပီး အမဲကြက္ေနရာမွာ ၁၀ မိနစ္ခန႔္လိမ္းထားႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ေရနဲ႔ သန႔္စင္ေအာင္ ျပန္လည္ေဆးေၾကာပါ။
ေဖာ္ျပပါနည္းလမ္းေတြကေတာ့ ေငြကုန္ေၾကးက်မမ်ားပဲ မီးဖိုေဆာင္ထဲက ပစၥည္းေတြနဲ႔ မ်က္ႏွာေပၚက ေနေလာင္အမဲကြက္ေတြကို သက္သာေလ်ာ့ပါးေစတဲ့ နည္းလမ္းေတြပဲျဖစ္ပါတယ္။ ျဖဴ စင္ဝင္းပတဲ့ မ်က္ ႏွာလွလွေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ..။
Credit