ရေငတ်နေသော ကျီး
တစ်ခါတုန်းက အရမ်းပူပြင်းတဲ့နေ့တစ်နေ့မှာပေ့ါ… ကျီးတစ်ကောင်ဟာ ရေငတ်လွန်းတာကြောင့် ကောင်းကင်မှာပျံသန်းရင်း ရေအရှာထွက်ပါသတဲ့။
လွင်ပြင်တီးခေါင်တစ်လျှောက်မနားတမ်းရှာပေမယ့်လည်း ရေတစ်စက်တောင် မတွေ့ရလေဘူး။
ကြာလာတော့ ကျီးလည်း ရေငတ်လွန်းတာက တစ်ကြောင်း၊ ပင်ပန်းလွန်းတာကတစ်ကြောင်းနဲ့အားနည်းလာပါတယ်။
မျှော်လင့်ချက်တွေ ကုန်လုကုန်ကာနီးအချိန်ကျမှ ကျီးဟာ သစ်ပင်အောက်မှာ ရေခရားလေးတစ်ခုကို လှမ်းတွေ့လိုက်ပါသတဲ့။
ရေအရမ်းဆာနေပြီ ဖြစ်တဲ့ ကျီးဟာ အလွန်အမင်း ဝမ်းသာသွားတာပေ့ါ။ အဲဒါနဲ့ ရေခရားရှိတဲ့ သစ်ပင်အောက်ကို အလျင်အမြန်ပဲ သွားပါသတဲ့။
အဲဒီ့အချိန်မှာပဲရေဆာနေတဲ့ ကျီးအတွက် ကံကောင်းတာကော၊၊ ကံဆိုးတာကော တစ်ပြိုင်တည်း ကြုံရပါတယ်။
ကံကောင်းတာကတော့ ရေခရားထဲမှာ ရေလက်ကျန်တွေရှိနေသလောက်ကံဆိုးတာကတော့ ရေခရားဟာ လည်ပင်းအဝကျဉ်းတဲ့ အတွက် ကျီးဘယ်လိုပဲ ကြိုးစားကြိုးစား ခရားထဲမှာ ရှိတဲ့ရေကို သောက်လို့မရဘူး ဖြစ်နေသတဲ့။
လည်ပင်းအဝကျဉ်းတဲ့ ခရားထဲကို ကျီးဟာ ခေါင်းထိုးပြီး ရေသောက်ရဖို့အတွက် အားထုတ်ပေမယ့်လည်း ကြိုးစားမှုမှန်သမျှ အရာမရောက်ဘူးဖြစ်နေတယ်။
အဲ့လိုနဲ့စိတ်ဓါတ်ကျပြီး ငေးငိုင်နေတဲ့ ကျီးဟာ မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ကျောက်စရစ်ခဲကိုတွေ့ပြီး အကြံအစည်တစ်ခု ရသွားပါတယ်။
ကျောက်စရစ်ခဲလေးကို ပါးစပ်နဲ့ကိုက်ပြီးရေခရားထဲကို ပစ်ချလိုက်တော့ ခရားထဲမှာရှိနေတဲ့ရေတွေဟာ အနည်းငယ် မြင့်တက်လာပါတယ်။
ကျောက်စရစ် တစ်ခဲက နှစ်ခဲ၊ နှစ်ခဲက သုံးခဲနဲ့ ကျောက်စရစ်အခဲပေါင်းများစွာရေခရားထဲ ချလိုက်ပြီးချိန်မှာတော့ ရေတွေက အပြင်ထိထွက်လာပါတယ်။
နောက်ဆုံးမှာတော့ ကျီးဟာ သူအလွန်အမင်း ဆာလောင်မွတ်သိပ်နေတဲ့ ရေကိုသောက်ခွင့် ရလိုက်ပါတယ်။
ဒီပုံပြင်လေးဟာ အလွန်ရိုးရှင်းပါတယ်။ ရိုးရှင်းသလောက်လည်း တွေးတတ်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ဘဝအတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။
ရေငတ်နေတဲ့ကျီးဟာ လွင်ပြင်တီးကောင်တစ်လျှောက် ရေရှာထွက်သလို ကျွန်တော်တို့တွေလဲ ဘဝတစ်လျှောက်မှာ အခွင့်လမ်းတွေ၊ အခွင့်ရေးကောင်းတွေကို ရှာဖွေနေကြရပါတယ်။
ကျီးဟာ ရေကိုအလွယ်တကူ ရှာတွေ့ခဲ့တာမဟုတ်သလို ကျွန်တော်တွေလည်း အခွင့်အလမ်းတွေကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ပါဘူး။
တစ်ခုသတိထားမိရမှာက အခွင့်အလမ်းဆိုတာ သူ့အလိုလိုထိုင်စောင့်နေရတာထက်စာရင် ကိုယ်တိုင်အပင်ပန်းခံပြီး လိုက်လံရှာဖွေမှ တွေ့တတ်တယ်ဆိုတဲ့အချက်ပါပဲ။
ကျီးဟာ အလွန်အမင်း ပင်ပန်းခံပြီး ရေခရားကို တွေ့တဲ့အခါ ခရားထဲမှာရေရှိနေလျက်နှင့် အလွယ်တကူ သောက်သုံးခွင့်မရပါဘူး။
ကျွန်တော်တို့ ဘဝမှာလည်း ပင်ပင်ပန်းပန်းနှင့်အခက်အခဲတွေကြားက အခွင့်အလမ်းတွေ ရှာဖွေဆုပ်ကိုင်မိပြီဆိုရင်လည်း ငှက်ပျောသီးအခွံ့နွှာစားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။
ခရားထဲမှာ ရေရှိနေသလို၊ အခွင့်အလမ်းတွေကြားမှာလည်းအောင်မြင်မှုတွေ ရှိနေပါတယ်။
ရေကို အလွယ်မသောက်နိုင်သလို အောင်မြင်မှုကိုလည်း အလွယ်မရနိုင်ပါဘူး။
ကျွန်တော်တို့ အောင်မြင်မှုကို လိုချင်ရင် ပင်ပန်းခံနိုင်ရပါမယ်၊ အားထုတ်နိုင်ရပါ့မယ်၊ ဒါ့အပြင် စိတ်ဓါတ်ကျပြီး လက်လျော့သွားမယ်ဆိုရင်လည်း အောင်မြင်မှုကနေ သွေဖယ်သွားနိုင်ပါတယ်။
ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း၊ ကိုယ်မျှော်လင့်နေတဲ့ အောင်မြင်မှုဆိုတာကို မျှော်မှန်းမိတဲ့အခါတိုင်း ဒီရေငတ်နေသောကျီး ပုံပြင်လေးကို ပြန်လည်အမှတ်ရပြီးမဆုတ်မနစ်ဘဲ ကြိုးစားကြစေလိုကြောင်း ဆန္ဒပြုရင်း.
ဗဟုသုတ
Zawgyi
ေရငတ္ေနေသာ က်ီး
တစ္ခါတုန္းက အရမ္းပူျပင္းတဲ့ေန႔တစ္ေန႔မွာေပ့ါ… က်ီးတစ္ေကာင္ဟာ ေရငတ္လြန္းတာေၾကာင့္ ေကာင္းကင္မွာပ်ံသန္းရင္း ေရအရွာထြက္ပါသတဲ့။
လြင္ျပင္တီးေခါင္တစ္ေလွ်ာက္မနားတမ္းရွာေပမယ့္လည္း ေရတစ္စက္ေတာင္ မေတြ႕ရေလဘူး။
ၾကာလာေတာ့ က်ီးလည္း ေရငတ္လြန္းတာက တစ္ေၾကာင္း၊ ပင္ပန္းလြန္းတာကတစ္ေၾကာင္းနဲ႔အားနည္းလာပါတယ္။
ေမွ်ာ္လင့္ခ်က္ေတြ ကုန္လုကုန္ကာနီးအခ်ိန္က်မွ က်ီးဟာ သစ္ပင္ေအာက္မွာ ေရခရားေလးတစ္ခုကို လွမ္းေတြ႕လိုက္ပါသတဲ့။
ေရအရမ္းဆာေနၿပီ ျဖစ္တဲ့ က်ီးဟာ အလြန္အမင္း ဝမ္းသာသြားတာေပ့ါ။ အဲဒါနဲ႔ ေရခရားရွိတဲ့ သစ္ပင္ေအာက္ကို အလ်င္အျမန္ပဲ သြားပါသတဲ့။
အဲဒီ့အခ်ိန္မွာပဲေရဆာေနတဲ့ က်ီးအတြက္ ကံေကာင္းတာေကာ၊၊ ကံဆိုးတာေကာ တစ္ၿပိဳင္တည္း ႀကဳံရပါတယ္။
ကံေကာင္းတာကေတာ့ ေရခရားထဲမွာ ေရလက္က်န္ေတြရွိေနသေလာက္ကံဆိုးတာကေတာ့ ေရခရားဟာ လည္ပင္းအဝက်ဥ္းတဲ့ အတြက္ က်ီးဘယ္လိုပဲ ႀကိဳးစားႀကိဳးစား ခရားထဲမွာ ရွိတဲ့ေရကို ေသာက္လို႔မရဘူး ျဖစ္ေနသတဲ့။
လည္ပင္းအဝက်ဥ္းတဲ့ ခရားထဲကို က်ီးဟာ ေခါင္းထိုးၿပီး ေရေသာက္ရဖို႔အတြက္ အားထုတ္ေပမယ့္လည္း ႀကိဳးစားမႈမွန္သမွ် အရာမေရာက္ဘူးျဖစ္ေနတယ္။
အဲ့လိုနဲ႔စိတ္ဓါတ္က်ၿပီး ေငးငိုင္ေနတဲ့ က်ီးဟာ မ်က္စိေရွ႕မွာ ျမင္လိုက္ရတဲ့ ေက်ာက္စရစ္ခဲကိုေတြ႕ၿပီး အႀကံအစည္တစ္ခု ရသြားပါတယ္။
ေက်ာက္စရစ္ခဲေလးကို ပါးစပ္နဲ႔ကိုက္ၿပီးေရခရားထဲကို ပစ္ခ်လိုက္ေတာ့ ခရားထဲမွာရွိေနတဲ့ေရေတြဟာ အနည္းငယ္ ျမင့္တက္လာပါတယ္။
ေက်ာက္စရစ္ တစ္ခဲက ႏွစ္ခဲ၊ ႏွစ္ခဲက သုံးခဲနဲ႔ ေက်ာက္စရစ္အခဲေပါင္းမ်ားစြာေရခရားထဲ ခ်လိုက္ၿပီးခ်ိန္မွာေတာ့ ေရေတြက အျပင္ထိထြက္လာပါတယ္။
ေနာက္ဆုံးမွာေတာ့ က်ီးဟာ သူအလြန္အမင္း ဆာေလာင္မြတ္သိပ္ေနတဲ့ ေရကိုေသာက္ခြင့္ ရလိုက္ပါတယ္။
ဒီပုံျပင္ေလးဟာ အလြန္႐ိုးရွင္းပါတယ္။ ႐ိုးရွင္းသေလာက္လည္း ေတြးတတ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ လက္ေတြ႕ဘဝအတြက္ အသုံးဝင္ေကာင္း ဝင္ႏိုင္ပါတယ္။
ေရငတ္ေနတဲ့က်ီးဟာ လြင္ျပင္တီးေကာင္တစ္ေလွ်ာက္ ေရရွာထြက္သလို ကြၽန္ေတာ္တို႔ေတြလဲ ဘဝတစ္ေလွ်ာက္မွာ အခြင့္လမ္းေတြ၊ အခြင့္ေရးေကာင္းေတြကို ရွာေဖြေနၾကရပါတယ္။
က်ီးဟာ ေရကိုအလြယ္တကူ ရွာေတြ႕ခဲ့တာမဟုတ္သလို ကြၽန္ေတာ္ေတြလည္း အခြင့္အလမ္းေတြကို အလြယ္တကူ ရွာေတြ႕မွာ မဟုတ္ပါဘူး။
တစ္ခုသတိထားမိရမွာက အခြင့္အလမ္းဆိုတာ သူ႔အလိုလိုထိုင္ေစာင့္ေနရတာထက္စာရင္ ကိုယ္တိုင္အပင္ပန္းခံၿပီး လိုက္လံရွာေဖြမွ ေတြ႕တတ္တယ္ဆိုတဲ့အခ်က္ပါပဲ။
က်ီးဟာ အလြန္အမင္း ပင္ပန္းခံၿပီး ေရခရားကို ေတြ႕တဲ့အခါ ခရားထဲမွာေရရွိေနလ်က္ႏွင့္ အလြယ္တကူ ေသာက္သုံးခြင့္မရပါဘူး။
ကြၽန္ေတာ္တို႔ ဘဝမွာလည္း ပင္ပင္ပန္းပန္းႏွင့္အခက္အခဲေတြၾကားက အခြင့္အလမ္းေတြ ရွာေဖြဆုပ္ကိုင္မိၿပီဆိုရင္လည္း ငွက္ေပ်ာသီးအခြံ႕ႏႊာစားသလို လြယ္ကူေနမွာေတာ့ မဟုတ္ပါဘူး။
ခရားထဲမွာ ေရရွိေနသလို၊ အခြင့္အလမ္းေတြၾကားမွာလည္းေအာင္ျမင္မႈေတြ ရွိေနပါတယ္။
ေရကို အလြယ္မေသာက္ႏိုင္သလို ေအာင္ျမင္မႈကိုလည္း အလြယ္မရႏိုင္ပါဘူး။
ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈကို လိုခ်င္ရင္ ပင္ပန္းခံႏိုင္ရပါမယ္၊ အားထုတ္ႏိုင္ရပါ့မယ္၊ ဒါ့အျပင္ စိတ္ဓါတ္က်ၿပီး လက္ေလ်ာ့သြားမယ္ဆိုရင္လည္း ေအာင္ျမင္မႈကေန ေသြဖယ္သြားႏိုင္ပါတယ္။
ဘဝမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတိုင္း၊ ကိုယ္ေမွ်ာ္လင့္ေနတဲ့ ေအာင္ျမင္မႈဆိုတာကို ေမွ်ာ္မွန္းမိတဲ့အခါတိုင္း ဒီေရငတ္ေနေသာက်ီး ပုံျပင္ေလးကို ျပန္လည္အမွတ္ရၿပီးမဆုတ္မနစ္ဘဲ ႀကိဳးစားၾကေစလိုေၾကာင္း ဆႏၵျပဳရင္း.
ဗဟုသုတ