သင့်အတွက်အကျိုးမယုတ်စေရဘူး ( ဖတ်ကြည့်နော် )…
အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ
သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ၊ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ ။သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။
ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊ရေမချိုးရင် နံကြတာချည်းပဲ ။ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။
ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊လောဘဆိုတာ အသောသတ်ရခက်တယ် ။ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ် ။
လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ် ။လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရ ဘယ်ရှိမလဲ
အရေးလုပ်တာခံရတိုင်းလည်း ဝမ်းမသာနဲ့ ၊အရေးမလုပ်တော့ရင် အနေရခက်မယ် ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။
ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ၊ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊လူတကာကိုယ့်အကြောင်း အလုံးစုံမသိဘူးကွယ် ။
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ် ။
မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့ ၊မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ် အလွယ်တကူနဲ့ ဝမ်းနည်း/ဝမ်းသာမဖြစ်ပဲအလယ် အလတ် လမ်းစဉ်လိုက်ပြီးတည်ငြိမ်ရင့်ကျက်တဲ့ စိတ်ကဘဝအတွက် အကောင်းဆုံးပဲ
တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာပင်လယ်ထဲက ရေလိုပဲ။လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့ပင်လယ်ရေဟာ ချိုမလာပါဘူး
crd
Zawgyi
သင့္အတြက္အက်ိဳးမယုတ္ေစရဘူး ( ဖတ္ၾကည့္ေနာ္ )…
အေနနီးလို႔လည္း သိပ္မေပ်ာ္နဲ႔ ၊သံေယာဇဥ္ဆိုတာ ျဖတ္ရခက္တယ္ အေနေဝးလို႔လည္း စိတ္မေကာင္းမျဖစ္နဲ႔ ၊လူဆိုတာ ေသကြဲမဟုတ္ ရွင္ကြဲကြဲရမွာပဲ
သိပ္အခ်စ္ခံရလို႔လည္း သိပ္မေပ်ာ္ပါနဲ႔ ၊ရာဂတဏွာႀကိဳးက ႐ုန္းရအခက္ဆုံးပဲ ။သိပ္အမုန္းခံရလို႔လည္း ဝမ္းမနည္းနဲ႔ ၊အခ်စ္ခံရတာမ်ားသူထက္ ဒုကၡနည္းတယ္ ။
႐ုပ္ေခ်ာေနလို႔လည္း မာန္မတတ္နဲ႔ ၊ေရမခ်ိဳးရင္ နံၾကတာခ်ည္းပဲ ။႐ုပ္ဆိုးေနလို႔လည္း အားမငယ္နဲ႔ ၊အခ်င္းရွိရင္ အဆင္းရွိသူထက္ သာတယ္ ။
ရေနလို႔လည္း သိပ္မေပ်ာ္ပါနဲ႔ ၊ေလာဘဆိုတာ အေသာသတ္ရခက္တယ္ ။ေပးေနရလို႔လည္း ဝမ္းမနည္းပါနဲ႔ ၊သံသရာအတြက္ စုေဆာင္းၿပီးသားျဖစ္တယ္ ။
လုပ္တိုင္းျဖစ္ေနလို႔လည္း သိပ္ဝမ္းမသာနဲ႔ ၊ဘဝင္ဆိုတဲ့ အ႐ူးေလးက တြယ္ကပ္တတ္တယ္ ။လုပ္တိုင္းမျဖစ္လို႔လည္း စိတ္မညစ္နဲ႔ ၊လုပ္တိုင္းျဖစ္ေနရင္ အရႈံးဆိုတဲ့ေဝါဟာရ ဘယ္ရွိမလဲ
အေရးလုပ္တာခံရတိုင္းလည္း ဝမ္းမသာနဲ႔ ၊အေရးမလုပ္ေတာ့ရင္ အေနရခက္မယ္ ခ်မ္းသာေနလို႔လည္း မာနမတတ္နဲ႔ ၊အဲ့ဒီမာနက တရားရဖို႔ အႀကီးမားဆုံးအတားဆီးပဲ ။
ဆင္းရဲေနလို႔လည္း သိမ္ငယ္မေနနဲ႔ ၊ခ်မ္းသာသူျဖစ္ျဖစ္ ဆင္းရဲသူျဖစ္ျဖစ္ ၆ေပ၂ေပ တူတူပဲ ခ်ီးမြမ္းခံရလို႔လည္း သိပ္မေပ်ာ္နဲ႔ ၊လူတကာကိုယ့္အေၾကာင္း အလုံးစုံမသိဘူးကြယ္ ။
ကဲ့ရဲ႕ခံရလို႔လည္း ဝမ္းမနည္းနဲ႔ ၊သူမ်ားႏွာေခါင္းေပါက္နဲ႔ အသက္ရႉေနတာမွ မဟုတ္ဘဲ ေအာင္ျမင္ေနလို႔လည္း သိပ္ဝမ္းမသာနဲ႔ ကိုယ့္အမွားေတြကို ေစာင့္ၾကည့္ေနတဲ့သူရွိတယ္ ။
မေအာင္ျမင္လို႔လည္း ဝမ္းမနည္းနဲ႔ ၊မေသမခ်င္းႀကိဳးစားဖို႔ အခ်ိန္ေတြရွိေသးတယ္ အလြယ္တကူနဲ႔ ဝမ္းနည္း/ဝမ္းသာမျဖစ္ပဲအလယ္ အလတ္ လမ္းစဥ္လိုက္ၿပီးတည္ၿငိမ္ရင့္က်က္တဲ့ စိတ္ကဘဝအတြက္ အေကာင္းဆုံးပဲ
တည္ၿငိမ္ရင့္က်က္ေနတဲ့ စိတ္ဟာပင္လယ္ထဲက ေရလိုပဲ။ေလာကဓံအခ်ိဳမႈန္႔တစ္ဇြန္း ခတ္႐ုံနဲ႔ပင္လယ္ေရဟာ ခ်ိဳမလာပါဘူး
crd