အသားထူထူ၊အစေ့နဲနဲ ပြွတ်ခဲနေအောင်သီးတဲ့ စီးပွားဖြစ် သင်္ဘောသီး စိုက်နည်း
ဓာတုပစ္စည်း၊ ဓာတ်မြေသြဇာ မပါဘဲနဲ့ သင်္ဘောသီးတွေ ပက်ပက်စက်စက် သီးတဲ့နည်းကို မျှဝေပေးချင်ပါတယ်။
ဒါမျိုးကို လူတိုင်းက မျှဝေပေးမှာ မဟုတ်ပါဘူး။ Admin က သာ ရုပ်ချောပြီး သဘောကောင်းလို့ မျှဝေပေးတာမို့သိမ်းထားကြပါ။
ဓာတုပစ္စည်း၊ ဓာတ်မြေသြဇာမပါဘဲနဲ့ အသားထူထူ၊အစေ့နဲနဲ ပြွတ်ခဲနေအောင်သီးစေချင်ရင် ါတွေလုပ်ရမယ်။
အစေ့ကို တစ်ရက်နေလှန်းပြီးမှ ပျိုးပင်ဖောက်ပါ။အဲ့ဒီပျိုးပင်လေး(၇-ရက်)ပြည့်တဲ့အခါ ခွဲစိုက်မယ့်နေရာကို
(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ…ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။
(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။
(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့ နှပ်ပြီးသားအချိုခြောက် အဖတ်တွေကိုယူ နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။
ပြီးလျှင်တွင်းထဲသို့ တစ်ထွာခန့်ထပ်ဖြည့်ပါ။ ၎င်းအပေါ်မှထပ်မံ၍ မြေဆွေးအပြည့် ထည့်လိုက်ပြီး ပျိုးပင်ကို စိုက်ပျိုးပါ။
(၄) ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။ နံနက်စောစောနှင့် နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန် လောင်းရပါမယ်။
မှတ်ချက် – အဝါရောင်အသားရှိတဲ့ သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့ အောက်ခြေမှာ ဖြူးထားတဲ့ ထုံးမှုန့်ကို မီးသွေးအမှုန့်နဲ့ ဆတူရောစပ်ပြီး စိုက်ပါ။ပက်ပက်စက်စက် သီးပါသတဲ့။
thai agriculture magazin
Zawgyi
အသားထူထူ၊အေစ့နဲနဲ ႁပြတ္ခဲေနေအာင္သီးတဲ့ စီးပြားျဖစ္ သေဘၤာသီး စိုက္နည္း
ဓာတုပစၥည္း၊ ဓာတ္ေျမၾသဇာ မပါဘဲနဲ႔ သေဘၤာသီးေတြ ပက္ပက္စက္စက္ သီးတဲ့နည္းကို မွ်ေဝေပးခ်င္ပါတယ္။
ဒါမ်ိဳးကို လူတိုင္းက မွ်ေဝေပးမွာ မဟုတ္ပါဘူး။ Admin က သာ ႐ုပ္ေခ်ာၿပီး သေဘာေကာင္းလို႔ မွ်ေဝေပးတာမို႔သိမ္းထားၾကပါ။
ဓာတုပစၥည္း၊ ဓာတ္ေျမၾသဇာမပါဘဲနဲ႔ အသားထူထူ၊အေစ့နဲနဲ ႁပြတ္ခဲေနေအာင္သီးေစခ်င္ရင္ ါေတြလုပ္ရမယ္။
အေစ့ကို တစ္ရက္ေနလွန္းၿပီးမွ ပ်ိဳးပင္ေဖာက္ပါ။အဲ့ဒီပ်ိဳးပင္ေလး(၇-ရက္)ျပည့္တဲ့အခါ ခြဲစိုက္မယ့္ေနရာကို
(၁) တြင္းဝ တစ္ေပ၊ အနက္တစ္ေပခြဲတူးၿပီး တြင္းထဲကို သစ္႐ြက္ေျခာက္ျဖစ္ေစ…ေကာက္႐ိုးေျခာက္ျဖစ္ေစ ထည့္ၿပီးမီးရႈိ႕ပါ။ ႏွစ္ႀကိမ္ျပဳလုပ္ရန္ လိုအပ္ပါသည္။ျပာက်ၿပီးတာနဲ႔ တြင္းထဲကို ေရအျပည့္ေလာင္းၿပီး တစ္ညထားပါ။
(၂) အပင္စိုက္မယ့္ တြင္းေအာက္ေျခမွာ ထုံးမႈန႔္ငါးဆယ္သားခန႔္ျဖဴးၿပီး ထုံးေပၚမွာ ေျမေဆြး လက္ငါးသစ္ခန႔္ထည့္ပါ။
(၃) လၻက္ရည္ဆိုင္ေတြမွာ စြန႔္ပစ္စုပုံထားၾကတဲ့ ႏွပ္ၿပီးသားအခ်ိဳေျခာက္ အဖတ္ေတြကိုယူ ႏြားေခ်းေျခာက္ႏွင့္ဆတူ ေရာသမေမႊၿပီးတစ္ေနလွန္းပါ။
ၿပီးလွ်င္တြင္းထဲသို႔ တစ္ထြာခန႔္ထပ္ျဖည့္ပါ။ ၎အေပၚမွထပ္မံ၍ ေျမေဆြးအျပည့္ ထည့္လိုက္ၿပီး ပ်ိဳးပင္ကို စိုက္ပ်ိဳးပါ။
(၄) ပ်ိဳးပင္(၂-ေပ)ခန႔္ႀကီးလာတဲ့အခါ အပင္ရင္းပတ္လည္ကို မီးဖိုကရတဲ့ျပာမႈန႔္၊ မီးေသြးမႈန႔္ေတြကို အုံထားေပးပါ။ နံနက္ေစာေစာႏွင့္ ေနဝင္ၿပီးခ်ိန္၌ တစ္ေန႔ႏွစ္ႀကိမ္ ေရမွန္မွန္ ေလာင္းရပါမယ္။
မွတ္ခ်က္ – အဝါေရာင္အသားရွိတဲ့ သေဘၤာသီးကို အနီေရာင္ျဖစ္ေစခ်င္ရင္ေတာ့ ေအာက္ေျခမွာ ျဖဴးထားတဲ့ ထုံးမႈန႔္ကို မီးေသြးအမႈန႔္နဲ႔ ဆတူေရာစပ္ၿပီး စိုက္ပါ။ပက္ပက္စက္စက္ သီးပါသတဲ့။
thai agriculture magazin