မတ် လ ၂ ရက် မွန်းလွဲ ၃ နာရီ ထိ နောက်ဆုံးရ ယူကရိန်း – ရုရှား စစ်ပွဲအခြေအနေ
မွန်းလွဲ ၂:၀၀ ။
၁) ယူကရိန်းတောင်ပိုင်းရှိ Kherson မြို့ကို ရုရှားစစ်တပ်က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှဖက်ကသတင်းထုတ်ပြန် ခဲ့ပါတယ်။
၂) ရုရှား နိုင်ငံမှထွက်ခွာလိုသူ မည်သူမဆို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထက်ပိုသည့် ငွေကြေးကိုင်ဆောင်ခွင့်ကို ခွင့်မပြုဟု ရုရှားအစိုးရက ကြေညာလိုက်သည်။အနောက်နိုင်ငံများ၏ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေမြင့်တက်လာခြင်းကြောင့် ရုရှားရူဘယ်ငွေတန်ဖိုး ကျဆင်းလာ၍ လူများသည် ဘဏ်ရှိ၎င်းတို့၏ ငွေသားများကို ပြန်လည်ထုတ်ယူနေကြပြီး ငွေထုတ်စက်များတွင်လည်း ငွေထုတ်ရန် တန်းစီနေသည့် လူတန်းရှည်ကြီးများလည်း ဖြစ်ပေါ်လျှက်ရှိသည်။သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းများ တရှိန်ထိုးမြင့်တက်လာခြင်းကြောင့် ရုရှားနိုင်ငံသားများမှာ ၎င်းတို့၏ ငွေတန်ဖိုးများယခုထက်မကျခင် ဖုန်းကဲ့သို့သော ပစ္စည်းအသစ်များကို ဝယ်ယူနေကြရသည်။
၃) ခြောက်ရက်တာ စစ်ပွဲကာလအတွင်း ရုရှားစစ်သား ၆၀၀၀ ခန့်သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောခဲ့ပါတယ်။
၄) ယူကရိန်းနိုင်ငံအရှေ့ဖက်ရှိ နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော Kharkiv မြို့သို့ ရုရှား၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၂၁ ဦးသေဆုံးပြီး ၁၁၂ ဦးဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန်ကပြောခဲ့ပါတယ်။
မွန်းလွဲ ၁ နာရီ။
၅) ပိုလန် သို့ဝင်ရောက်လာတဲ့ယူကရိန်းစစ်ဘေးရှောင် ၄၅,၀၀၀ ကျော်ရှိပြီဟု ပိုလန် ပြည်ထဲရေး ဒု-ဝန်ကြီး Pawel Szefernaker က ပြောခဲ့ပါတယ်။
၆) ရုရှားအစိုးရပိုင် Sberbank ဘဏ်က ငွေအလွန်အမင်းပြန်လည်ထုတ်ယူသူများနဲ့ ဝန်ထမ်းများရဲ့ ဘေးကင်းရေးအတွက်ကြောင့် ဥရောပ ဈေးကွက်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မွန်းတည့် ၁၂ နာရီ။
၇) ရုရှားအစိုးရပိုင် သတင်းဌာနများဖြစ်တဲ့ RT နဲ့ Sputnik တို့ရဲ့ App များကို ဥရောပရှိ Google Play Store ၌ တားမြစ် (ban) လိုက်ပြီဖြစ်ကြောင်းဆိုခဲ့ပါတယ်။
၈) ထိုင်းဝမ် သမ္မတ Tsai Ing-wen သည် ဒု-သမ္မတ William Lai နဲ့ ဝန်ကြီးချုပ် Su Tseng-chang တို့နဲ့အတူ ယူကရိန်းနိုင်ငံမှ ဝန်ထမ်းများ၏ တစ်လစာစုစုပေါင်းလစာငွေကို လှူဒါန်းမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
၉) တောင်ကိုရီးယား က ရုရှား ဘဏ်များဖြစ်ကြတဲ့ Sberbank, VEB, PSB, VTB, Otkritie, Sovcom နဲ့ Novikom တို့ကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်လိုက်ပါတယ်။
နံနက် ၁၀:၀၀။
၁၀) ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ကလေး ၁၆ ဦးအပါအဝင် အနည်းဆုံး အရပ်သား ၁၃၆ ဦး သေဆုံးခဲ့ပြီး အယောက် ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း နှင့် အရေအတွက်အမှန်မှာ ယခုထက်ပိုများနိုင်ကြောင်း ကုလ လူ့အခွင့်အရေးရုံး (OHCHR – Office of High Commissioner for Human Rights) က ထုတ်ပြန်ခဲ့ပါတယ်။
၁၁) အမေရိကန်က ရုရှားလေယာဉ်များကို ၎င်းတို့၏လေပိုင်နက်သုံးခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ “ရုရှား သမ္မတက သူ့ရဲ့လုပ်ရပ်အတွက် ကာလတာရှည်စွာပြန်ပေးဆပ်ရမယ်” လို့ သမ္မတ ဘိုင်ဒင် က ပြောခဲ့ပါတယ်။
၁၂) ဘိုးအင်း လေကြောင်းကုမ္ပဏီ (Boeing Co) က ရုရှားလေကြောင်း ကုမ္ပဏီများကို လေယာဉ်အစိတ်အပိုင်း နဲ့ နည်းပညာဆိုင်ရာအထောက်အပံ့ပေးခြင်း၊ ပြပြင်ထိန်းသိမ်းမှုများပြုလုပ်ပေးခြင်း တို့ ကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယင်းသို့ရပ်ဆိုင်းရာတွင် မော်စကိုရှိ အဓိက စီမံကိန်းများလည်းပါကြောင်း ကြေညာခဲ့ပါတယ်။
နံနက် ၈ နာရီ။
၁၃) ကမ္ဘာ့အကြီးဆုံးဆုံး ရေကြောင်းဖြင့်ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများဖြစ်သော ဒိန်းမိတ် က Maersk၊ ဆွစ်ဇလန် အခြေစိုက် MSC နဲ့ ပြင်သစ်ရဲ့ CMA CGM တို့က ၎င်းတို့အနေနဲ့ ရုရှားကုန်စည်များကို လက်ခံတင်ပို့ဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ ရုရှားသို့ ကုန်တင်ပို့မှုများကိုလည်း ရပ်ဆိုင်းထားကြောင်း အတူတကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၁၄) အမေရိကန်ရဲ့ ဗီဇာကတ် (Visa Inc) နဲ့ မာစတာကတ် (Mastercard Inc) တို့က ရုရှားငွေကြေးဆိုင်ရာအဖွဲ့အစည်းကြီးများကို ဗီဇာ နဲ့ မာစတာကတ် အသုံးပြုသည့် ကွန်ယက်များမှနေ၍ ပိတ်ဆို့လိုက်ပြီး ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် အရေးယူပိတ်ဆို့မှု တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
၁၅) ပြည်ပရောက် ယူကရိန်းနိုင်ငံသား ရှစ်သောင်း (၈၀,၀၀၀) ဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံရန်အတွက် ယူကရိန်းသို့ပြန်လာကြပြီး အများစုမှာ အမျိုးသားများဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
၁၆) အမေရိကန် ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သော ExxonMobil က ရုရှား ရှိ ရုရှား၊ အိန္ဒိယ၊ ဂျပန် ကုမ္ပဏီများနှင့် အတူပူးတွဲဆောက်ရွက်လျက်ရှိသော ရေနံလုပ်ငန်းမှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Photos credit – Al Jazeera
@Burma Associated Press
Zawgyi
မတ္ လ ၂ ရက္ မြန္းလြဲ ၃ နာရီ ထိ ေနာက္ဆုံးရ ယူကရိန္း – ႐ုရွား စစ္ပြဲအေျခအေန
မြန္းလြဲ ၂:၀၀ ။
၁) ယူကရိန္းေတာင္ပိုင္းရွိ Kherson ၿမိဳ႕ကို ႐ုရွားစစ္တပ္က ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း ႐ုရွဖက္ကသတင္းထုတ္ျပန္ ခဲ့ပါတယ္။
၂) ႐ုရွား ႏိုင္ငံမွထြက္ခြာလိုသူ မည္သူမဆို အေမရိကန္ေဒၚလာ ၁၀,၀၀၀ ထက္ပိုသည့္ ေငြေၾကးကိုင္ေဆာင္ခြင့္ကို ခြင့္မျပဳဟု ႐ုရွားအစိုးရက ေၾကညာလိုက္သည္။အေနာက္ႏိုင္ငံမ်ား၏ ႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြျမင့္တက္လာျခင္းေၾကာင့္ ႐ုရွား႐ူဘယ္ေငြတန္ဖိုး က်ဆင္းလာ၍ လူမ်ားသည္ ဘဏ္ရွိ၎တို႔၏ ေငြသားမ်ားကို ျပန္လည္ထုတ္ယူေနၾကၿပီး ေငြထုတ္စက္မ်ားတြင္လည္း ေငြထုတ္ရန္ တန္းစီေနသည့္ လူတန္းရွည္ႀကီးမ်ားလည္း ျဖစ္ေပၚလွ်က္ရွိသည္။သြင္းကုန္ပစၥည္းမ်ား၏ ေဈးႏႈန္းမ်ား တရွိန္ထိုးျမင့္တက္လာျခင္းေၾကာင့္ ႐ုရွားႏိုင္ငံသားမ်ားမွာ ၎တို႔၏ ေငြတန္ဖိုးမ်ားယခုထက္မက်ခင္ ဖုန္းကဲ့သို႔ေသာ ပစၥည္းအသစ္မ်ားကို ဝယ္ယူေနၾကရသည္။
၃) ေျခာက္ရက္တာ စစ္ပြဲကာလအတြင္း ႐ုရွားစစ္သား ၆၀၀၀ ခန႔္ေသဆုံးခဲ့ေၾကာင္း ယူကရိန္းသမၼတ ဇယ္လန္စကီးက ေျပာခဲ့ပါတယ္။
၄) ယူကရိန္းႏိုင္ငံအေရွ႕ဖက္ရွိ ႏိုင္ငံ၏ဒုတိယအႀကီးဆုံးၿမိဳ႕ေတာ္ျဖစ္ေသာ Kharkiv ၿမိဳ႕သို႔ ႐ုရွား၏ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး ျပည္သူ ၂၁ ဦးေသဆုံးၿပီး ၁၁၂ ဦးဒဏ္ရာရခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ကေျပာခဲ့ပါတယ္။
မြန္းလြဲ ၁ နာရီ။
၅) ပိုလန္ သို႔ဝင္ေရာက္လာတဲ့ယူကရိန္းစစ္ေဘးေရွာင္ ၄၅,၀၀၀ ေက်ာ္ရွိၿပီဟု ပိုလန္ ျပည္ထဲေရး ဒု-ဝန္ႀကီး Pawel Szefernaker က ေျပာခဲ့ပါတယ္။
၆) ႐ုရွားအစိုးရပိုင္ Sberbank ဘဏ္က ေငြအလြန္အမင္းျပန္လည္ထုတ္ယူသူမ်ားနဲ႔ ဝန္ထမ္းမ်ားရဲ႕ ေဘးကင္းေရးအတြက္ေၾကာင့္ ဥေရာပ ေဈးကြက္မွ ႏႈတ္ထြက္ေတာ့မည္ျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
မြန္းတည့္ ၁၂ နာရီ။
၇) ႐ုရွားအစိုးရပိုင္ သတင္းဌာနမ်ားျဖစ္တဲ့ RT နဲ႔ Sputnik တို႔ရဲ႕ App မ်ားကို ဥေရာပရွိ Google Play Store ၌ တားျမစ္ (ban) လိုက္ၿပီျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။
၈) ထိုင္းဝမ္ သမၼတ Tsai Ing-wen သည္ ဒု-သမၼတ William Lai နဲ႔ ဝန္ႀကီးခ်ဳပ္ Su Tseng-chang တို႔နဲ႔အတူ ယူကရိန္းႏိုင္ငံမွ ဝန္ထမ္းမ်ား၏ တစ္လစာစုစုေပါင္းလစာေငြကို လႉဒါန္းမည္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
၉) ေတာင္ကိုရီးယား က ႐ုရွား ဘဏ္မ်ားျဖစ္ၾကတဲ့ Sberbank, VEB, PSB, VTB, Otkritie, Sovcom နဲ႔ Novikom တို႔ကို ပိတ္ဆို႔အေရးယူမႈေတြျပဳလုပ္လိုက္ပါတယ္။
နံနက္ ၁၀:၀၀။
၁၀) ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္ၿပီးေနာက္ပိုင္း ကေလး ၁၆ ဦးအပါအဝင္ အနည္းဆုံး အရပ္သား ၁၃၆ ဦး ေသဆုံးခဲ့ၿပီး အေယာက္ ၄၀၀ ခန႔္ ထိခိုက္ဒဏ္ရာရမႈရွိခဲ့ေၾကာင္း ႏွင့္ အေရအတြက္အမွန္မွာ ယခုထက္ပိုမ်ားႏိုင္ေၾကာင္း ကုလ လူ႔အခြင့္အေရး႐ုံး (OHCHR – Office of High Commissioner for Human Rights) က ထုတ္ျပန္ခဲ့ပါတယ္။
၁၁) အေမရိကန္က ႐ုရွားေလယာဥ္မ်ားကို ၎တို႔၏ေလပိုင္နက္သုံးခြင့္ကို ပိတ္ပင္လိုက္ပါတယ္။ “႐ုရွား သမၼတက သူ႔ရဲ႕လုပ္ရပ္အတြက္ ကာလတာရွည္စြာျပန္ေပးဆပ္ရမယ္” လို႔ သမၼတ ဘိုင္ဒင္ က ေျပာခဲ့ပါတယ္။
၁၂) ဘိုးအင္း ေလေၾကာင္းကုမၸဏီ (Boeing Co) က ႐ုရွားေလေၾကာင္း ကုမၸဏီမ်ားကို ေလယာဥ္အစိတ္အပိုင္း နဲ႔ နည္းပညာဆိုင္ရာအေထာက္အပံ့ေပးျခင္း၊ ျပျပင္ထိန္းသိမ္းမႈမ်ားျပဳလုပ္ေပးျခင္း တို႔ ကို ရပ္ဆိုင္းလိုက္ေၾကာင္း၊ ယင္းသို႔ရပ္ဆိုင္းရာတြင္ ေမာ္စကိုရွိ အဓိက စီမံကိန္းမ်ားလည္းပါေၾကာင္း ေၾကညာခဲ့ပါတယ္။
နံနက္ ၈ နာရီ။
၁၃) ကမာၻ႔အႀကီးဆုံးဆုံး ေရေၾကာင္းျဖင့္ကုန္စည္ပို႔ေဆာင္ေရးကုမၸဏီမ်ားျဖစ္ေသာ ဒိန္းမိတ္ က Maersk၊ ဆြစ္ဇလန္ အေျခစိုက္ MSC နဲ႔ ျပင္သစ္ရဲ႕ CMA CGM တို႔က ၎တို႔အေနနဲ႔ ႐ုရွားကုန္စည္မ်ားကို လက္ခံတင္ပို႔ေဆာင္႐ြက္ေပးေတာ့မည္မဟုတ္ဘဲ ႐ုရွားသို႔ ကုန္တင္ပို႔မႈမ်ားကိုလည္း ရပ္ဆိုင္းထားေၾကာင္း အတူတကြ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
၁၄) အေမရိကန္ရဲ႕ ဗီဇာကတ္ (Visa Inc) နဲ႔ မာစတာကတ္ (Mastercard Inc) တို႔က ႐ုရွားေငြေၾကးဆိုင္ရာအဖြဲ႕အစည္းႀကီးမ်ားကို ဗီဇာ နဲ႔ မာစတာကတ္ အသုံးျပဳသည့္ ကြန္ယက္မ်ားမွေန၍ ပိတ္ဆို႔လိုက္ၿပီး ဒါဟာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္မႈအေပၚ အေရးယူပိတ္ဆို႔မႈ တစ္စိတ္တစ္ေဒသ ျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။
၁၅) ျပည္ပေရာက္ ယူကရိန္းႏိုင္ငံသား ရွစ္ေသာင္း (၈၀,၀၀၀) ဟာ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ခုခံရန္အတြက္ ယူကရိန္းသို႔ျပန္လာၾကၿပီး အမ်ားစုမွာ အမ်ိဳးသားမ်ားျဖစ္ေၾကာင္း ယူကရိန္းျပည္ထဲေရးဝန္ႀကီးဌာန က ထုတ္ျပန္ခဲ့ပါတယ္။
၁၆) အေမရိကန္ ေရနံကုမၸဏီႀကီးတစ္ခုျဖစ္ေသာ ExxonMobil က ႐ုရွား ရွိ ႐ုရွား၊ အိႏၵိယ၊ ဂ်ပန္ ကုမၸဏီမ်ားႏွင့္ အတူပူးတြဲေဆာက္႐ြက္လ်က္ရွိေသာ ေရနံလုပ္ငန္းမွ ႏႈတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
Photos credit – Al Jazeera
@Burma Associated Press