တပေါင်းလအတွက် အကောင်းဆုံးယတြာ
တပေါင်းလဆန်း(၁)ရက်နေ့ (2.3.2022) မှ တပေါင်းလကွယ်(31.3.2022)အထိ တစ်လတာလုံး
“ပန်းကန်လုံး(သို့မဟုတ်)ဇလုံ အသေးတစ်လုံးထဲတွင် ရေသန့်တစ်ဝက်နီးပါးထည့်၍ ထိုရေများထဲတွင် နှင်းဆီပန်းပွင့်အနီ (၉)ပွင့်ကို စိမ်၍ ထည့်လိုက်ရမည်။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား လှူဒါန်းပေးထားရပါမည်။
ယခုလတစ်လတာတွင် သကြားရည်တစ်ခွက် ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။
နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
တပေါင်းလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပေါင်းလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို တစ်နေ့တာတစ်နေ့ နေ့စဉ် အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် တပေါင်းလ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။
နှင်းဆီပန်းများကို နှင်းဆီပန်း အပွင့် သီးသန့်ကိုသာ အသုံးပြု၍ ယတြာကို လုပ်ဆောင်ရပါမည်။
ဤယတြာကို တပေါင်းလ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် ရိုးရှင်း၍ အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တပေါင်းလ တစ်လတာလုံး အတွင်း၌ မိမိသည်
အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912
Zawgyi
တနင်္လာနေ့=တောင်အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
ဆုတောင်းစာ